ညနံပါတ်​ ၄ Season 2 (၇)

6 1 3
                                    

(၇)

ကိစ္စတစ်ခုခုကို မျှော်လင့်ထားပြီး  မျှော်လင့်ထားသလောက်ဖြစ်မလာတဲ့အခါ 
ကိုယ်ပဲ စိတ်ပျက်အားငယ်ရတာမလား။

____________

ညကအိပ်​တာ​နောက်​ကျသွားလို့ထင်​သည်​။ မနက်​ ၉နာရီ​လောက်​မှ  ကျွန်​မနိုးလာခဲ့သည်​။
အောက်​ထပ်​ဆင်းလာ​တော့ မကြီး​တောင်​ ရုံးသွားဖို့ပြင်​ဆင်​ပြီး​နေပြီ။

"​အော်​ မယ်​မင်းကြီးမ နိုးပြီးလား "

"အင်း မကြီးကရုံးသွား​တော့မလို့လား"

"​အေး​လေ ဘယ်​နှစ်​နာရီရှိပြီလဲ
အော်​ ဒါနဲ့ အ​ဖေတို့အ​မေတို့ဒီ​နေ့ပြန်​လာမယ်​တဲ့"

"ဟုတ်​လား "

"​အေး ​အေး မကြီးလည်းသွား​တော့မယ်​ အ​ဖေတို့ဖို့ တစ်​ခုခုချက်​ထားလိုက်​ဦး"

မနက်​စာစားပြီး ​ဟင်းချက်​စရာရှိတာ ချက်​ပြီး​တော့ မနက်​၁၁ခွဲပြီ။
စိတ်​ထဲမှာမွန်းကြပ်​လာသည်​မို့ ​ရေချိုးလိုက်​မှအနည်းငယ်​သက်​သာသွားသလိုလို။
စာကြည့်​စားပွဲ​ပေါ်က ဒိုင်​ယာရီစာအုပ်​​လေးက မ​ရေးဖြစ်​တာကြာပြီမို့ ဖုန်​အနည်းငယ်​​တောင်​တင်​​နေပြီ။

ဒီ​နေ့ရက်​စွဲကို တပ်​ကာ က​ဗျာတစ်​ပုဒ်​ချ​ရေးလိုက်​မိသည်​။ စိတ်​ထဲကမွန်းကြပ်​မှု​တွေအနည်းငယ်​များ ပိုသက်​သာရာရမလား​ပေါ့။

ငှက်​က​လေး သို့...

အချိန်​တန်​ရင်​ ဒီကိုင်းက ခွာမယ်​ဆိုတာ
သိထားလည်း မင်း ခိုနားစဉ်​ တစ်​ခဏ
နေ​ပျော်​​အောင်​ထား​ပေးချင်​တယ်

တော်​ရာမှာ မ​ပျော်​ဘဲ ​နေ​ပျော်​ရာမှာ ​နေချင်​တဲ့သူ
ကိုယ်​နဲ့ လမ်းချင်း ဘယ်​တူပါ့မလဲ

အရိပ်​​နေ​နေ အခက်​ချိုးချိုး
မင်း လုပ်​သမျှ ကိုယ်​ ကြည်​ဖြူပါတယ်

တစ်​​နေ့
ကိုယ့်​ထက်​ ပိုမိုစိမ်းလန်းတဲ့ သစ်​ပင်​တစ်​ပင်
မင်း​တွေ့နိုင်​ပါ​စေ

ငှက်​​က​လေး ​ရေ
ခပ်​မြင့်​မြင့်​​တော့ မပျံနဲ့ကွယ်
မင်း ပင်​ပန်းတဲ့တစ်​​နေ့
မင်းပဲ ထိခိုက်​ခံစားရလိမ့်​မယ်

ညနံပါတ် ၄ Season 2Where stories live. Discover now