(Zawgyi font အောက်မှာ Unicode font နဲ့ ထပ်ထည့်ပေးထားပါတယ်။ အောက်ကို ဆွဲချပေးပါ။)
အချစ်စစ်၏ တည်နေရာ
Season (3)
အပိုင်း(1)
မိုးစက်သည် နံနက်၅ နာရီတွင် အိပ်ယာမှထပြီးသည်နှင့် သန့်စင်ခန်းဝင်ကာ ကိုယ်လက်သုတ်သင် သန့်ရှင်းပြီးသည်နှင့် ချည်သားင်္အကျီဖြူ၊ဘောင်းဘီပွပွကိုလဲလှယ်ကာ အပေါ်ထပ်မှန်များဖြင့်ကာရံ ထားသည့် ကျယ်ပြန့်သောခန်းမကျယ်ကြီးသို့ ထွက်လာခဲ့သည်။ အပေါ်ထပ်သို့ရောက်သော သူက ထုံးစံအတိုင်း အရင်ရောက်နှင့်နေပြီ။
မိုးစက်ပြုံးလိုက်မိသည်။ မိမိဘယ်လောက်ကြိုးစားကြိုးစား သူ့ထက်စောအောင်မထနိုင်ခဲ့ပေ။
"Good Morning မိုးစက်"
"Good Morning အကိုကြီး။"မိုးစက်သူ့ကို နူတ်ဆက်လိုက်သည်။ ခြေသံမကြားအောင် မိမိတိတ်တဆိတ် သူ့အနောက်ကို ကပ်လာခဲ့သော်လည်း သူက သိနှင့်နေသဖြင့် မေးလိုက်သည်။
"အကိုကြီး ကျွန်တော်ရောက်တာ ဘယ်လိုသိနေတာလဲ။ အောက်မှာလဲ ကော်ဇောခင်းထားလို့ ခြေသံမှ မကြားရတာ။ အကြားအမြင်များရနေတာလား။"စနေထွဋ်ခေါင် လှည့်ကြည့်ရင်း ပြုံးလိုက်သည်။ လူကြီးက အမေးအမြန်းထူသော ကလေးကို စိတ်ရှည်စွာရှင်းပြသည့်ပုံဖြင့် နံရံဘက်ကို လက်ညှိုးညွှန်ပြလိုက်သောအခါ မိုးစက် သဘောပေါက် သွားသည်။ နံရံများက မှန်များဖြစ်သောကြောင့် မိမိအရိပ်ထင်နေသည်ကိုး။
"သြော် အကိုကြီးက အမြင်ရနေတာကိုး။ ကျွန်တော် သတိမထားမိလိုက်ဘူး။"
သူက ဂီတသံကို ဖွင့်လိုက်သောအခါ ခန်းမကြီးတစ်ခုလုံး ငြိမ့်ညောင်းသောတူရိယာသံလေး ပျံ့လွင့် လာသည်။ သူက ယောဂကျင့်သည့် ဖျာလေးပေါ်တွင်တင်ပျဉ်ခွေထိုင်လိုက်ကာ ယောဂကျင့်စဉ်ကို စ လိုက်သောအခါ မိုးစက်လည်း သူနှင့်ယှဉ်လျက် မိမိနေရာတွင် ၀င်ထိုင်ကာ သူနှင့်အတူ ကျင့်စဉ်ကို စလုပ်လိုက်သည်။
ထိုကျင့်စဉ်ကို မိမိလေ့ကျင့်လာခဲ့သည်မှာ ၆ လကျော် ၇ လအတွင်းရောက်လာပြီဖြစ်သောကြောင့် အခက်အခဲမရှိတော့ပေ။ အကြောများလည်းပျော့ပြောင်းကာ အလွယ်တကူလုပ်ဆောင်လာနိုင်ခဲ့လေ ပြီ။ ငြိမ့်ညောင်းသော တီးလုံးများထဲ မိမိစိတ်အာရုံကို နစ်ဝင်လိုက်စဉ် စိတ်အစဉ်သည် လက်ရှိအခြေ အနေမှကင်းလွတ်ကာ ငြိမ်းချမ်းသောနေရာတစ်ခုကိုရောက်သွားသည်။ သောကတို့ကင်းဝေးရာ၊ ပူပန်မှုတို့ ခြေပင်မချနိုင်သည့် နေရာသို့ မနောဖြင့်ရွက်လွင့်သွားလေပြီ။ ကိုယ်ခန္ဓာအနေအထားကို သူ့ဖာသာ အလိုက်သင့်ပြောင်းလဲကာ လေကိုမှန်မှန်ရှူရင်း စိတ်အာရုံကို ဂီတသံတွင်သာ အာရုံစိုက် ထားလိုက်သည်။
YOU ARE READING
အချစ်စစ်၏ တည်နေရာ Season (3)
Romanceအချစ်စစ်၏တည်နေရာ- Season (3) Author _ May King Genre _ Romance , Boy Love, Family, Couple Both Zawgyi + Unicode font (Zawgyi font အောက်မှာ Unicode font နဲ့ ထပ်ထည့်ပေးထားပါတယ်။ အောက်ကို ဆွဲချပေးပါ။) ဒေါက်တာနှင်းထန်အတွက် သားလေးမွေးပေးလိုက်တဲ့ ပြင်သစ်...