(Z+U) Season (3)_ အပိုင်း(6)

1.8K 107 0
                                    


အချစ်စစ်၏ တည်နေရာ
Season (3)
အပိုင်း(6)


"မင်းနဲ့ အိပ်လို့ သားတစ်ယောက်ထွက်လာရင် အဲ့ဒါ မင်းသားပဲ သား။ အဖြစ်မှန်ကို မင်းဘယ်တော့ မှ ပြောင်းလဲပြစ်လို့မရဘူး သား။ မိုးစက်ကြောင့် မင်းရဲ့ သွေးရင်းသားရင်းကို ပစ်ပယ်တဲ့အထိ မင်း ဘာကြောင့် ရိုင်းသွားရတာလဲ နှင်းထန်။ တမလွန်က မင်းအမေ သိရင် မင်းအတွက် အရှက်ရလိမ့် မယ်။"

နှင်းထန် မျက်ခုံးပင့်လိုက်သည်။


"မေမေရှိသေးရင်လား။ အင်း ... မေမေရှိသေးရင် ကျွန်တော်လည်း ဒီလို တိရိစ္ဆာန်စိတ် ဘယ်ရှိနိုင်မှာ လဲ ဗျာ။ ဒါပေမယ့် မေမေမှမရှိတော့တာ။ဒယ်ဒီတောင် နေချင်သလိုနေခဲ့သေးတာပဲ။အခုမှ ကျွန်တော့် ကိုလာမပြောပါနဲ့။ ကလေးလား။ သူ့အမေ တစ်ယောက်လုံးရှိသေးတာပဲ။ သူလိုချင်လို့ရအောင်ယူ ထားတဲ့ ကလေးကို သူ့ဖာသာချစ်လိမ့်မယ်။ နိုင်ငံခြားမှာ Single Mother တွေပျိုးထောင်ပေးတဲ့ ကလေးတွေက ပိုလို့တောင် ထူးချွန်သေးတာပဲ။ ကျွန်တော့်လို ငွေကြောင့် သားစပ်လိုက်ရတဲ့ လူတစ် ယောက်ကို သူ မလိုအပ်ပါဘူး ဒယ်ဒီ။"

ဦးမင်းထန်သည် နှင်းထန်၏ စကားကြောင့်ဒေါသ အကြီးအကျယ်ထွက်ကာ နှင်းထန်ကိုရိုက်ရန် လက်ကို မြှောက်လိုက်သည်။ နှင်းထန်က မတုန်မလှုပ်ဖြင့် ဖခင်ရိုက်ရန် ပါးကို လှည့်ပေးလိုက်သည်။

"ကျွန်တော်က ဒယ်ဒီမွေးထားတဲ့ သားဖြစ်တဲ့အတွက် ကြိုက်သလို ရိုက်လို့ရပါတယ် ဒယ်ဒီ။ ဒါပေမယ့် ဒယ်ဒီရိုက်လို့အားရရင် ကျွန်တော် အရက်ဆက်သောက်ပါရစေ။"

ဦးမင်းထန်သည် တောက်ခေါက်ကာ အိမ်ထဲမှ လှည့်ထွက်သွားခဲ့သည်။ နှင်းထန်သည် အရက်ကို တရှိန်ထိုးမော့ကာ အပေါ်ထပ် အိပ်ခန်းသို့တက်သွားခဲ့သည်။ အခန်းထဲတွင် မိုးစက်၏ အငွေ့ အသက် တို့ရှိနေဆဲဖြစ်သော ခုတင်ပေါ်တွင်လှဲချကာ မျက်လုံးမှိတ်လိုက်သည်နှင့် မိုးစက်၏ မျက်နှာ ကို သေလု မျောပါးလွမ်းဆွတ်စွာမြင်လိုက်မိသည်။

နှင်းထန်သည် ဖက်လုံးကို မိုးစက်အမှတ်ဖြင့်ပွေ့ဖက်ကာ အသံမထွက်ပဲ မျက်လုံးထောင့်မှ မျက်ရည် ပူများစီးကျလာခဲ့သည်။ နူတ်ခမ်းကတော့ တခွန်းမှမဟပဲ တင်းတင်းစေ့ရင်းလွမ်းဆွတ်သည့် ဒဏ်ကို ကြိတ်မှိတ်ခံနေသည်။

အချစ်စစ်၏ တည်နေရာ Season (3)Where stories live. Discover now