(Z+U) Season (3)_ အပိုင်း(2)

2.1K 117 2
                                    


အချစ်စစ်၏ တည်နေရာ

Season (3)

အပိုင်း(2)

နှင်းထန်သည် မန်နေဂျာများလာမည်ဆိုသောကြောင့် ဒယ်ဒီအတင်းလွှတ်သောကြောင့် မလွဲသာပဲ ဆေးရုံသို့လာခဲ့သည်။


"စောမြ၀တီကို မင်းမချစ်ပေမယ့်လည်း လူမှုရေးအရ မင်းသွားသင့်တယ် သား။ "


"သူနဲ့ကျွန်တော်က ဘာလူမှုရေးမှ ပတ်သတ်စရာမရှိဘူး ဒယ်ဒီ။ သြော် ရှယ်ယာရှင်တယောက် ကလေးမွေးနေလို့ သတင်းမေးတဲ့အနေနဲ့ ကျွန်တော် ပန်းခြင်းပို့ပြီးပြီလေဗျာ။ ပြီးတော့ ကျွန်တော် မအားဘူး။ လုပ်ငန်းအသစ်တိုးချဲ့မှာကို သွားကြည့်ဖို့ချိန်းထားတယ်။"

ဦးမင်းထန်က ပြောင်းလဲသွားသော သားကို စိတ်မချမ်းသာဟန်ဖြင့်ကြည့်ကာ


"မင်း မလွန်လွန်းဘူးလား သား။ အနည်းဆုံး ၀တီက မင်းနှမ နှစ်ဝမ်းကွဲတော်တယ်လေ။ ပြီးတော့ လုပ်ငန်းထဲ ငွေအရင်းအနှီးထည့်ထားတယ်။ ဒယ်ဒီတို့လုပ်ငန်းပြန်လည်နိုင်တာ ၀တီ့ကျေးဇူးကြောင့် ပဲ သား။ မိုးစက်ကြောင့် မင်းသူ့ကို တဖက်သတ် ဆက်ဆံနေတာ တော်သင့်ပြီ။"

နှင်းထန် ဖခင်ဖြစ်သူကို ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်ကာ လေသံအေးအေးဖြင့်ပြောလိုက်သည်။


"၀တီ့ကျေးဇူးဆိုတဲ့စကားကို ထပ်မပြောပါနဲ့ ဒယ်ဒီ။ သူ့ငွေက အလကားထည့်ထားတာလား။ သူ့ကို အမြတ်ဝေစုလည်း ခွဲပေးနေတာပဲ။ ပြီးတော့ ငွေထည့်ဖို့ ကျွန်တော့် ကိုယ်ကို ရောင်းထားခဲ့တယ်။ ကျွန်တော့် သိက္ခာကို ရောင်းခဲ့တယ်။ ကျွန်တော့် ချစ်သူကို လက်လွှတ်ခံထားခဲ့ရတယ်။ ဘာတခုမှ ၀တီ့ဆီကနေ အလကားမရထားပါဘူး။ "

ဦးမင်းထန် မျက်နှာအိုကျသွားသည်။


"အခုမွေးတာ မင်းသွေးသားလေ သား၊ ထန် လုပ်ငန်းကို ဆက်ခံမယ့် ဒယ်ဒီ့မြေးဦးလေးပါ။"

နှင်းထန် တချက်ပြုံးလိုက်သည်။


"ဒါဆို ဒယ်ဒီပဲ ချစ်လိုက်ပါ။ ကျွန်တော် မန်နေဂျာနဲ့ ချိန်းထားတယ်။ ဆေးရုံသွားဖို့ အချိန်မရှိဘူး။"

အချစ်စစ်၏ တည်နေရာ Season (3)Wo Geschichten leben. Entdecke jetzt