ချစ်​လို့ ၁၀

3.5K 362 4
                                    

သူ့ကို ရှာ​နေရင်းနဲ့ ​သတိရမိတာ သူနဲ့တိုက်​မိခဲ့တဲ့ ခြံစည်းရိုး.. ...

မြင်​လိုက်​ရတဲ့မြင်​ကွင်းက ရင်​ထဲကို ​စောင့်​တက်​သွားသည်​.......

က​လေးကို ၂​ယောက်​က ချုပ်​ထားပြီး ​နောက်​တစ်​​ယောက်​က အင်္ကျီအတင်းချွတ်​​နေတဲ့မြင်​ကွင်း...... နှာ​ခေါင်းမှာလည်း​သွေး​တွေနဲ့ အရိုက်​ခံထားရလို့လားမသိ..... နှဖူးမှာလဲ ​သွေး​တွေနဲ့.....

ဆက်​မကြည့်​ရက်​​တော့ ​တုတ်​တစ်​​ချောင်းဆွဲပြီး ၃​ယောက်​လုံးကို တီးပစ်​လိုက်​သည်​။ ဒီ၃​ယောက်​​လောက်​က​တော့ ကိုယ့်​အတွက်​​အေး​ဆေးပါ။
Ji haukအင်္ကျီကိုချွတ်​​နေတဲ့​ကောင်​ကို ငယ်​ပါကိုပါ သိမ်းကျုံး ကန်​ပစ်​လိုက်​သည်​။ ပြီး​တော့ လဲသွားတဲ့သူ့ကိုပဲ ထပ်​ပြီး ​ခြေ​ထောက်​နဲ့ နင်းထားလိုက်​သည်​။ မ​သေရင်​​တောင်​ ပန်း​သေပန်းငြိုးဖြစ်​သွားနိုင်​သည်​။

Yoongi- ​နောက်​တစ်​ခါဆို ငါမ​လျှော့​တော့ဘူး မ​သေချင်​ရင်​​ ​အေး​ဆေး​နေ......

သူ့လူသူ ဆွဲပြီး ​ပြေးကြ​လေ​တော့ ဖ​နောင့်​ နဲ့ တင်​ တစ်​သားတည်းကြလို့

'Jimin........အိုး.....Jiminie အဆင်​​ပြေရဲ့လား'

အသံက ကျ​နော့ဆီက မဟုတ်​ခဲ့.....

ဘုရား​ရေ ဘာ​တွေလဲ ji ahuk ၂​ယောက်​လား.........

Yoongi- Park Ji Hauk

နာမည်​ကို တစ်​လုံးချင်း​ခေါ်လိုက်​မိသည်​။
တစ်​​ယောက်​က​တော့ ကျန်​တစ်​​ယောက်​ရဲ့ လက်​​ပေါ်မှာ​မေ့​မြောလျက်​ ​နောက်​တစ်​​ယောက်​က ကျ​နော့ကို လှည့်​ကြည့်​လာသည်​။

Yoongi- ဘာ​တွေလဲ

တကယ်​ကို နားမလည်​​တော့ ​မေ့​မြော​နေတဲ့ ​ကောင်​​လေးကို ​ပွေ့​ခေါ်သွားရမလား ထူ​နေတဲ့ ​ကောင်​​လေးကိုဘဲ လက်​ဆွဲ​ခေါ်သွားရမလား......

Ji hauk- ​တောင်းပန်​ပါတယ်​ sumbae, အခု jiminieကို အရင်​ ​ဆေးရုံ တင်​မှဖြစ်​မယ်

Yoongi- Jiminie?

Jimin တဲ့လား....ငါရူး​တော့မလားမသိဘူး..
ကိုယ့်​ပါးကို ပြန်​ချကြည့်​​တော့ နာသားပဲ အိမ်​မက်​မဟုတ်​ဘူး......

Because I Love You[completed] Nơi câu chuyện tồn tại. Hãy khám phá bây giờ