extra 3

5.2K 361 25
                                    

Yoongi- Min Jimin မြန်​မြန်​လုပ်​ ​နောက်​ကျ​နေပြီ...

ကျ​နော်​ရဲ့က​လေးက Min မျိုးနွယ်​တစ်​​ယောက်​ဖြစ်​လာပြီမို့ အခုလို​ခေါ်တာ မဆန်းဘူး မဟုတ်​လား...

Jimin- hyungကလည်းလုပ်​​နေတာပဲကို...

Yoongi- Hobiရဲ့မင်္ဂလာ​ဆောင်​​နောက်​ကျရင်​ မ​ကောင်းဘူး..

Jimin- hyungကလည်း​နေပါဦး.. ဘာဝတ်​ရမလဲမသိလို့..

Yoongi-Min jimin​ရေ ရှိတာသာ ဝတ်​ခဲ့..

တကယ်​ပါပဲ ​ပြောရရင်​လည်း ရန်​ဖြစ်​ ရဦးမယ်​..
သူပဲမနက်​စာ စားပြီးမှ သွားချင်​တာ​ပြောလို့ ထချက်​ရ​သေးတယ်​....
ရေချိုးခန်း ထဲအဝတ်​ပုံတာလည်း မကြိုက်​ စက်​နဲ့​လျှော်​​တော့ မ​ပြောင်​ဘူးဆိုပြီး ဇီဇာက ​ကြောင်​​သေး ​အဲ့ဒါ​ကြောင့်​​ရေချိုး​တော့ သူ့အဝတ်​​တွေ လည်း ​လျှော်​ရ​သေးတယ်​..

တကယ်​ပဲ ဒီလိုမှန်းသိ ဒီလူကြီးကို မယူဘူး...

Yoongi- Min Jimin​ရေ မင်းလင်​က ​အောက်​မှာ ​ရောက်​​နေပြီ မြန်​မြန်​လာ..

ဟွန့်​..သူ့အပိုင်​ဆိုတာကို တစ်​​လောကလုံးသိ​အောင်​​ကြေညာ​နေသလား မှတ်​ရတယ်​ အလကား လူကြီး...

Jimin- လာပြီလို့.. ဘယ်​လိုဖြစ်​​နေတာလဲ

စူပုတ်​ပြီး ကား​ပေါ်ဝင်​ထိုင်​တဲ့ က​လေး...
ဒီ​နေ့က Hobiရဲ့ မင်္ဂလာ​ဆောင်​လည်းဟုတ်​သလို ကျ​နော်​တို့ ၂နှစ်​ပြည့်​ Anni​လည်းဟုတ်​တယ်​ဆိုတာ​ရော မှတ်​မိရဲ့လား မသိ..

မြန်​မြန်​သွားပြီး မြန်​မြန်​ပြန်​​တော့ သူနဲ့ အချိန်​ပိုဖြုန်းလို့ရတာကို အလိုက်​ကမ်းဆိုး မသိ...
တစိတ်​ရှိ စိတ်​ဆိုးဖို့ပဲ...
ချော့ရတာ လွယ်​​တော့ ဆိုးချင်​လည်းဆိုးပါ​စေ​တော့...
ဆူ​သင့်​ရင်​ ဆူရမှာပဲ...

မင်္ဂလာ​ဆောင်​​ရောက်​​တော့ ကျ​နော့ကို မ​စောင့်​.. ​အထဲကို စူပုတ်​ကာ ဝင်​သွားတဲ့ ​က​လေးငယ်​...

ဘယ်​ချိန်​ထဲက သူ့​ရောဂါကြီး​ပျောက်​သွားလဲမသိ...
အရင်​ကဆို ပွဲတစ်​ခုခုတက်​တိုင်း လူများလို့ ကျ​နော့​ဘေးက တစ်​ဖဝါးမှမခွာ..
လက်​ကို တင်းတင်းဆုပ်ကာ အားကိုးတကြီးလိုက်​ခဲ့ဖူးတဲ့ ကျ​နော်​ရဲ့ က​လေး​လေးက အခု​တော့ စိတ်​ဆိုးပြီးအတင့်​ရဲ​နေလိုက်​တာ...

Because I Love You[completed] Onde histórias criam vida. Descubra agora