ဝေဟင်ဆီမှ မှိုင်းပျပျလှမ်းမြင်နေရသော
အဆောက်အဦတို့ သူ့ မြင်ကွင်းမှ
ပျောက်သွားသည်နှင့် လေယာဉ်ထိုင်ခုံ
နောက်မှီပေါ် ခေါင်းမှီကာ jong in
မျက်လုံးတွေကို မှိတ်ထားလိုက်မိပါသည်။
မျက်စိအစုံသာ မှိတ်ထားသော်လည်း
အာရုံထဲမှာ ပုံရိပ်ဟောင်း တချို့
ရှင်သန်လှုပ်ရှားလာခဲ့သည်။တစ်ချိန်တုန်းက
sehun၊jong in၊chanyeol။
သူငယ်ချင်းသုံးယောက် ရှိခဲ့ကြလေသည်။
flash back_____
''ဟာ hun မင်း ကိုယ်တွေပူနေပါ့လား
ငါထင်တယ် မနက်ကတည်းက
မင်းပုံစံက ထိုင်းမှိုင်းလေးလံနေသလို မျက်နှာကလည်းအမ်းပြီး
မျက်လုံးတွေလည်း မို့အစ်နေတာ''sehun နဖူးကို စမ်းကြည့်ပြီး စိုးရိမ်တကြီးလေး
ပြောလိုက်သော chanyeolကို jongin
မသိမသာလေး မျက်စောင်းတချက်
လှမ်းထိုးလိုက်မိပါသည်။ဟွန့် ...သူပဲ သိနိုင်လွန်း၊ဂရုစိုက်နိုင်လွန်း
သူ အဒီလိုတွေလုပ်ပြနေတာနဲ့ပဲ
ဒီက kim jong inမှာ sehunကို
ိုဂရုမစိုက်သလိုလို အလကားဖြစ်ရဦးမည်။''မနက်ကတည်းက မင်းနဲ့တူတူ ရှိနေတာတောင် မရိပ်မိဘူးလား
jonginရယ် sehun မျက်နှာကို
မင်း သေချာမကြည့်ဘူးလား''''ကြည့်တာပဲ''
''ကြည့်ရင် သိရမှာပေါ့''
''ကြည့်တိုင်း သိမလားဟ
သူက တခါတလေ ဒီလိုပဲ
အအိပ်များရင် မျက်နှာဖောင်း
အစ်နေတတ်တာ''''အအိပ်များလို့ ဖောင်းတာနက်
အအေးမိလို့ ဖောင်းတာ တူမှမတူတာ
ဒါလေးတောင် မခွဲခြားတတ်ဘူးလား
မင်းကလေ sehun ဘာဖြစ်ဖြစ်
ဂရုကိုမစိုက်ဘူး''jong inမျက်နှာ နီမြန်းသွားပြီး
စားပွဲခုံပေါ် တဘုန်းဘုန်းထုကာ
မျက်မှောင်ကျူံ့လျက်။''ဘာ...ဘာ... ဘာ တော်ပြီလား
မင်းပြောချင်တာ ဒါအကုန်ပဲလား''''မကုန်သေးဘူး ပြောစရာတွေမှ
အများကြီး မင်း sehunကို
နှိပ်စက်တာတွေ တော်တော်များနေပြီ
မပြောချင်လို့ကြည့်နေတာ
ဘယ်တော့မှ ကိုယ့်အားကိုယ် ကိုးချင်စိတ်မရှိဘူး sehunကိုပဲ
ခိုင်းစားနေတာ ငါကြည့်မရတော့ဘူး''