အဲဒီနှစ်က အထက်တန်းကျောင်းပြီးလို့
sehunရှန်ဟိုင်းသွားခါနီးမှာjonginက
ဆွယ်တာပါးလေးတစ်ထည်ဝယ်ကာ
လက်ဆောင်ပေးခဲ့ပါသည်။ခရီးသွားမည့်နေ့မှာ
chanyeolနှင့် jonginက လေယာဉ်ကွင်းသို့
လိုက်ပို့ကြသည်။chanyeolက____
''hun ငါပေးထားတဲ့ ဆွယ်တာလေး
ပါရဲ့လား၊မေ့ကျန်မှာစိုးလို့''''မကျန်ပါဘူး chanရဲ့၊ပါ,ပါတယ်''
jonginက____
''ငါ ဝယ်ပေးထားတဲ့ ဆွယ်တာရော''
''အင်း. . .အဲ. . .အဲ့ဒါက အိတ်ထဲမှာတော့
မပါဘူး''သူ့စကားကြောင့် jonginမျက်နှာက
ချက်ချင်းစူပုပ်ပွလာသည်။
သူ မတရားတာ၊မျက်နှာလိုက်တာ
ကိုယ်တိုင် ထိုးပေးထားတာမဟုတ်လို့
တန်ဖိုးမထားတာ။ငါ့ရဲ့ စေတနာကို
အပေါစားစေတနာလို့ထင်သွားတာ။jonginသည် ရှေ့ဆက်
ဘာစကားမှ ပြောချင်စိတ်မရှိတော့ဘဲ
အောက်နှုတ်ခမ်းလေးကို ဖိကိုက်ကာ
မျက်ရည်ဝဲလာသည်။sehunကတော့
ပြုံးစိစိဖြင့် ခပ်စိုက်စိုက်လေးကြည့်ပြီး
မျက်နှာလွှဲသွားကာ chanyeolနှင့်
စကားကောင်းနေသည်။ခဏနေတော့ chanyeolက
ကားထဲမှာကျန်ခဲ့သညိ့ လမ်းညွှန်စာအုပ်ကို
သွားယူတာမို့ sehunနှင့်သူသာ
နှစ်ယောက်တည်း ကျနိရစ်ခဲ့သည်။''ဟိတ် မျက်နှာက ဘာဖြစ်လို့
ဒီလောက်စူပုပ်နေရတာလဲ''''ဟွန့် မျက်နှာကိုလိုက်တယ်''
''ဟောဗျာ ဘာများမျက်နှာလိုက်မိလို့လဲ''
"chanyeolပေးတဲ့ အကျီတော့ယူသွားတယ်
ငါပေးတဲ့အကျီတော့ မယူဘူးမလား''''ဘယ်သူပြောလဲ''
''မင်းပဲပြောတာလေ''
''မပြောပါဘူး''
''ကြည့် ဗြောင်လိမ်တာ မင်းပဲခုနက
ပြောတယ်လေ အိတ်ထဲမပါဘူးဆို''''အင်းလေ အိတ်ထဲမှာမှ မပါတာ''
''အဲ့ဒါ မျက်နှာလိုက်တာမဟုတ်လို့ ဘာလဲ
ငါလက်ဆောင်ကို တန်ဖိုးမထားတာ
မဟုတ်လို့ ဘာလဲ''သူက ငိုမဲ့မဲ့လေး ရန်တွေ့တော့
sehunက ရင်ဘတ်ကိုပုတ်ပြရင်း။