''chan. . .မင်း ဆိုင်ကိုပြန်မှာလား''
''အေး''
''ဒါဆို ငါလည်းလိုက်မယ်''
''ဘာလုပ်ဖို့လဲ''
''ဟ. . .ထမင်းစားမှာပေါ့၊နေ့လည်စာ
စားချိန်ပဲ ရောက်နေပြီ၊ကိုယ့်သူငယ်ချင်းကို
ကြုံတုန်း ထမင်းလေးတနပ်လောက်
ကျွေးဖို့တော့ ကောင်းတယ်''''jonginက ခွင့်ပြုရဲ့လား''
''သူငယ်ချင်းဆိုင် ထမင်းလိုက်စားတာပဲ
ဘယ်သူ့ဆီက ခွင့်ပြုချက် ယူရဦးမှာလဲ''သူက ပေါ့ပေါ့ပါးပါး ပြန်ပြောတာမို့
chanyeolက နှုတ်ခမ်းထောင့်စွန်းလေး
တွန့်ရုံ ပြုးံလိုက်မိရင်း။''မင်း အဲ့ဒီလို ခပ်ပေါ့ပေါ့ပြောလည်း
ဒီကိစ္စက ပေါ့သေးသေးမဟုတ်ဘူး
jonginက သူ့ကွယ်ရာမှာ
မင်းနက်ငါ အတူရှိတာကို မကြိုက်ဘူးလေ
သူဘယ်လောက်သဝန်တိုတတ်တယ်ဆိုတာ
ငါတို့နှစ်ယောက်လုံးအသိပဲ ဒီတော့
မင်းရဲ့ချစ်သူစကားကိုပဲ နားထောင်လိုက်ပါ
ကဲ. . .ငါ သွားပြီနော်''sehunကို နှုတ်ဆက်ပြီး အင်ချွန်း
လေဆိပ်ကနေ အရင်ထွက်လာလိုက်သည်။
အမှန်ပြောရရင် သူလည်း ဆိုင်ကို
ခေါ်သွားချင်တာပေါ့။ဆိုင်မှာ
နှစ်ယောက်အတူ ထမင်းစားရင်း
စကားစမြည် ပြောဆိုချင်သည်။
သို့သော် သူ့မာနက ခွင့်မပြုခဲ့။
sehunကို သံယောဇဉ်ကြီးရသည်
မှန်သော်လည်း jonginရဲ့
မသကာင်္သော အကြည့်တွေကို
သည်းမခံနိုင်။jonginရဲ့ သဝန်တိုမှုတွေဟာ
တဆိတ်တော့ ကြောက်စရာ
ကောင်းလှတယိ မဟုတ်လား။သုံးယောက်အတူ ဆုံကြရင်တောင်
သူနဲ့sehun စကားကောင်းပြီဆို
jongin ကဖျက်ကယက်လုပ်ပြီ။
နှုတ်ခမ်းစူ မျက်နှာညိုးပြီး ဖြတိပြော
လုပြောတတ်သေးသည်။ဒါကြောင့်
သူအတတ်နိုင်ဆုံးတော့ မဆုံအောငိ
ခပ်ကင်းကင်းနေသည်။ဆုံဖြစ်ရင်လည်း
အရင်လို တရင်းတနှီး မဆက်ဆံဘဲ
စည်းတစ်ခုခြားကာ ခပ်စိမ်းစိမ်းသာ
နေဖြစ်သည်။sehunကတော့ အရိပ်သုံးပါး သိပ်နားလည်လှတယ်မဟုတ်။
သူ့ကို အရင်လို တရင်းတနှီး
ခေါ်ပြောစေချင်သည်။တွေ့လိုက်တိုင်း
လှိုက်လှဲစွာ ဆက်ဆံလွန်းတာမို့
သူ စိတ်ညစ်ရသည်။