"တုတု ငါ့ညီမလေး နေကောင်းလား"
ဖုန်းကိုင်လိုက်ချင်း ချွဲပစ်နေတဲ့ အသံနဲ့ ပြောလိုက်တဲ့ တစ်ဦးတည်းသော အကိုကြောင့် ခုနက fic ထဲမှာ drama ချိုးထားသဖြင့် ငိုချင်နေတာတောင် ပျောက်သွားသည်
"ဘာလဲ မြန်မြန်ပြော အားတာမဟုတ်ဘူး"
ဟုတ်သည်လေ ကိုယ်တွေလို k popper ဆိုတာအားတာမဟုတ် ဟို OTP က သတ်လိုက် cb လုပ်ရင် ခွက်ဆွဲလိုက်နဲ့ အားတာမဟုတ်.
"အေးပါဟယ် နင်မအားမှန်းငါ သိပါတယ် ငါနင့်ကိုအကူအညီတောင်းမလို့ပါ"
သိတယ် သိတယ် တစ်ဦးတည်းသော ညီမလေးကို
တုတုလို့ ရုံးပတီသီး အရည်ဖျော် ပြီးပြောလိုက်ကတည်းက တစ်ခုခု လုပ်ခိုင်းတော့မလို့ဆိုတာသိတယ်လေ"ကိုကို နဲ့ သဘောတူထားတဲ့ သူရှိတယ်လို့ ဖေဖေတို့ပြောဖူးတယ်လေ"
"Aww သူ့သူငယ်ချင်းသမီး ဆိုတာလား"
တကယ်ပါ မြန်မာကားတွေမှာဘဲ ရှိတာလို့ထင်တဲ့ မမွေးခင်ကတည်းက မိဘချင်းသဘောတူထားတယ်ဆိုတာ သူ့အကိုနဲ့မှ ဆိုက်ဆိုက် မြိုက်မြိုက်ကြီးလာတိုးနေတာ
"အဲ့တော့"
နည်းနည်းစကားထောက်ပေးလိုက်တော့ ဟီး ကနဲရယ်ပြကာ
"အဲ့တာလေ..မနက်ဖြန် ဖေဖေ က အဲ့ကောင်မလေးနဲ့တွေ့ခိုင်းထားတယ် ကိုကိုက သူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားလို့ အဲ့တာ အဲ့တာညီမလေးကဘဲ ကိုကို့အစား"
"ဘာ.."
"ညီမလေး ကလဲ လုပ်ပါလို့ ကိုကိုညီမလေးက အရမ်း ဟန်းဆမ်းဖြစ်တာလေ "
ယောက်ကျားလေးချောချောနေတဲ့ ကိုယ့်ကိုကိုယ်ပင် ဒေါသ ထွက်လိုက်ရမလားမသိ မွေးသမိခင်ကလည်း ဘာလို့အဲ့လောက်တောင်ယောက်ကျားလေး ချောချောအောင်မွေးပေးထားလည်းမသိ
"အဲ့တာကအဲ့တာဘဲ ဘာမှမဆိုင် မလုပ်ပေးနိုင်ဘူး ဒါဘဲ"
ဖုန်းချဖို့ပြင်လိုက်တဲ့ လက်တွေက သူ့အကျုဆက်ပြောမည့် စကားကြားပြီးနောက်မှာတော့
"တုတု လေး ဒီလ မှာ Taeyeon noona cb လုပ်မှာဆို ပြီးတော့ blackpink cb ကလည်း version နှစ်မျိုးထွက်မှာဆို ညီမလေး အကုန်အကျများနေမှာစိုးလို့ ကိုကိုက ဝယ်ပေးမလို့ကို ညီမလေးက မလုပ်ပေးနိုင်ဘူးဆိုတော့လည်း"