Prologue

5.5K 317 10
                                        

လက်​ထဲမှာကိုင်​ထားတဲ့စာရွက်​ကိုကြည့်​ရင်းလူကမူး​နောက်​လာသည်​။

ဒီစကားလုံး​တွေထဲကမှသူသိတာက Kim Seokjin ဆိုတဲ့စကားစု​လေးတစ်​ခု။

ဘာ​တွေ​ပြောထားပါလိမ့်​?

မျက်​​မှောင်​ကြုတ်​၍​ကြိုးစားပြီးထပ်​ဖတ်​ကြည့်​သည်​။

အချည်းအနှီးသာ။

သူ့ရဲ့အလုပ်​ဌာနကပရိုမိုးရှင်းချ​ပေး၍ US ဌာနခွဲသို့သွားရန်​​ဖောင်​ချ​ပေးရာ အခုအ​ကြောင်းပြန်​စာရ​လေပြီ။ ခက်​တာကသူ့နာမည်​ကလွဲ၍ကျန်​တဲ့စကားလုံး​တွေက သူ့ကို​အော်​ငို​အောင်​လုပ်​​နေသည်​။

ဘယ်​သူ့ကိုမှလဲမ​မေးရဲ။ ​အကယ်၍ ​လက်ခံ​စာသာဖြစ်လျှင်​​ အင်္ဂလိပ်​စာမကျွမ်းကျင်​ဘဲသွားမည့့်သူ့ကိုကန့်​ကွက်​ကြ​ပေလိမ့်​မည်​။

ဖောင်​တင်​တုန်းကလဲကလိမ်​ကျခဲ့တာလူသိလို့မဖြစ်​။

ရာသီဥတုကလဲဒီ​နေ့ကျမှအနူတ်​လက္ခဏာပြသည့်​အထိ​အေးခဲ​နေသည်​။ ရုံးဆင်းချိန်​ဖြစ်​​သော်​ငြားလဲ လမ်းမ​ပေါ်တွင်​ သက်​ရှိဟူ၍ပင်​မရှိ။ တစ်​ခါတစ်​ရံ ဖြတ်​သွား​သောကားသံကလွဲ၍ တိတ်​ဆိတ်​​နေသည်​။

ယုတ်​စွအဆုံး ရုံးဆင်းချိန်​ဖြစ်​သည်​။

အချမ်းသက်​သာ​အောင်​ ​လက်​ကိုကုတ်​အကျီအိတ်​ကပ်​ထဲထည့်​၍ ​သွေးပူ​အောင်​ဖွဖွ​လေးခုန်​​နေရသည်​။ ​ခေါင်းကိုလဲ​ပျောက်​လုမတတ်​လည်​​ထောင်​ဆွယ်​တာထဲမြုပ်​​နေ​အောင်​ထားထားမိသည်​။

တက္ကစီပဲငှါးပြန်​ရမလား။

နှာ​ခေါင်းကိုရူံ့ရင်း အိတ်​ကပ်​ထဲကဖုန်းကို ထုတ်​ရန်​ကြိုးစားလိုက်​သည်​။ ထိုအချိ​န်​တိုက်​လာ​သော​ လေကြမ်း​ကြောင့်​ဖုန်းနဲ့အတူတွဲပါလာ​သော ​​​ခေါက်​ရက်​သားဖြစ်​​နေတဲ့​​အ​ကြောင်းပြန်​စာ​လေးက​ လေ​အေးနဲ့အတူလွှင့်​ပါသွား​လေသည်​။

"ဒုက္ခပဲ..." ရုတ်​ချည်းဆိုသလိုအဲ့စာရွက်​​နောက်​ကို​ပြေးလိုက်​မိသည်​။ ကိုယ့်​ဘဝရဲ့ အ​ပြောင်းအလဲ​လေးကိုဒီ​လေ​ကြောင့်​နဲ့​တော့အ​ပျောက်​ပျက်​မခံနိုင်​။

လက်​ခံသည်​မခံသည်​ကအသာထား။

လေငြိမ်​သွား​​တော့မှ စာရွက်​​လေးလဲ​ တစ်​​ယောက်​တည်းအ​အေးဒဏ်​ကြံ့ကြံ့ခံ​နေတဲ့ ဓာတ်​တိုင်​​အောက်​ကိုကျသွားသည်​။

"​တော်​ပါ​သေးရဲ့ ...။" တစ်​ကိုယ်​တည်း​ရေရွတ်​ရင်း စာရွက်​ကိုကုန်း​ကောက်​လိုက်​သည်​။ ​ဇောကပ်​​နေလို့ထင်​ အဲ့ဓာတ်​တိုင်​နှင့်​ဘာမဆိုင်​ညာမဆိုင်​ခေါင်း​ဆောင့်​မိသည်​။

"တကယ်​ပါပဲ...။" ​ဘေးဘီကိုမသိလိုက်​ဘဲ​ဝေ့ကြည့်​လိုက်​သည်​။ တစ်​​ယောက်​​ယောက်​မြင်​သွားလျှင်​မျက်​နှာပူရ​ပေမည်​။

ကျိန်းစက်​စက်​ဖြစ်​​နေတဲ့သူ့​ခေါင်းကို​ဖြေး​ဖြေးပွတ်​ရင်း သူ့အာရုံကိုဆွယ်​လိုက်​တဲ့ဓာတ်​တိုင်​​ပေါ်က​ကြော်​ငြာစာ​လေး။

[ပြည်​ပသွားလိုသူများအတွက်
တစ်​လအတွင်းအ​ခြေခံ
အင်္ဂလိပ်​စာအပြတ်​သင်​​ပေးသည်​။
မတတ်​ပါက​ငွေပြန်​အမ်းမည်​။
(အိမ်​တိုင်​ရာ​ရောက်​သင်​​ပေးသည်​)
စိတ်​ပါဝင်​စားပါက ဖုန်းနံပါတ်
081 xxxxxxxx
ကိုဆက်​သွယ်​နိုင်​ပါသည်​။]

"Hello? ဆရာKim Namjoonလားမသိဘူး" တုံ့ဆိုင်းမ​နေဘဲ​ကောက်​ကာငင်​ကာထိုဖုန်းနံပါတ်​ကို​ခေါ်လိုက်​သည်​။

-K For Kiss-

Don't forget to vote and give feedbacks!

K For Kiss || NAMJIN FFDonde viven las historias. Descúbrelo ahora