1

3.1K 239 20
                                    

Zawgyi

"ဝေဟင်​!"

အောက်​ထပ်​က ​မေ့အသံ​ကြောင့်​ မျက်​လုံးမဖွင့်​ဘဲ နာရီကိုလှမ်းယူလိုက်​သည်

အဲ့ အဲ့ သူ့လက်​ကအ​ရှေ့ကိုတိုး​လေ ​နာရီကပါမလာဘဲ​နောက်​ဆုတ်​ဆုတ်​သွားတယ်​​ထယူရမှာပျင်းလို့ သူ ကိုယ်​ကိုအ​ရှေ့တိုးလိုက်​ပြီး မမှီမကမ်းလှမ်းယူလိုက်​တယ်

ဝုန်းးး

"အ"

စောင်​နဲ့လုံး​ထွေးပြီး လူကခုတင်​​ပေါ်ကပြုတ်​ကျတာနာလိုက်​တာဆိုတာ အိပ်​ချင်​မူးတူးက​နေ မျက်​စိကျယ်​လာသည်​အထိ

"ဝေဟင်​​ရေ ​မင့်းအ​ဖေက ကုမ္ပဏီဆီ မနေ့ကစာတမ်း​တွေယူလာခဲ့ပေးအုံးတဲ့ "

အဲ့ဒါ​တွေခက်​တာ ဒီသား​လေးအငယ်​ဆုံး​လေးကို အလုပ်​ပိတ်​ရက်​​လေး အနားကိုမ​ပေးတာ

"ကျွန်​​တော့်​နားရက်​​လေ ​မေ​မေ
ကိုကြီးကို ခိုင်းလိုက်​ဗျာ"

ခုတင်​​ပေါ်ပြန်​တက်​ ​​စောင်​ထဲပြန်​​ခွေရင်း ပြန်​အိပ်​​နေလိုက်​တယ်
အ​နောက်​နိုင်​ငံ​ရာသီဥတုနဲ့ အသားမကျ​သေး​သောသူ့အတွက်​မနက်​​စော​စောချမ်းချမ်းစီးစီး ထရမှာ အ​သေပျင်းပါသည်

အခန်းအပြင်​ဘက်​က ​ဒေါ်သူဇာ​လတ်​လည်း သူ့သားငယ်​အ​ကြောင်းသိ​ပေမယ့်​ မတတ်​နိုင်​ ယောက်ျားကလည်း ဒီ​နေ့မှအ​ရေးကြီးအစည်းအ​ဝေးရှိသည်​​လေ

"ကိုကြီးက မနက်​အ​စော​ဆေးရုံသွားရပြီ​လေ Dutyရှိလို့တဲ့"

"ဟာဗျာ"

ခေါင်းကိုတဗျင်းဗျင်းကုတ်​ရင်း ​ရေချိုးခန်းထဲဝင်​မျက်​နှာသစ်​သွားတိုက်​လိုက်​​တော့တယ်
ဆက်​အိပ်​လည်း ​နောက်​ဆံတင်းမှာမှမဟုတ်​ဘဲ

အောက်​ထပ်​ဆင်းလာ​တော့ ထမင်းစားပွဲတွင်​ပြင်​ဆင်​ထား​ပေးပြီးသား​ပေါင်​မုန့်​မီးကင်​နဲ့ ​ကော်ဖီခွက်
သက်​ပြင်းချရင်း ကြိတ်​မှိတ်​စားရ​တော့မှာပဲ
ကိုယ့်​နိုင်​ငံမှာဆို ဒီအချိန်​မုန့်​ဟင်းခါးဖြစ်​ဖြစ်​ ထမင်းဆီဆမ်းဖြစ်​ဖြစ်​စား​နေကြ

IDOL??Where stories live. Discover now