11

873 87 16
                                    


Zawgyi

သည်​​နေ့ ​ဖေ​ဖေ့ရဲ့တစ်​ချက်​လွှတ်​အမိန့်​နဲ့အတူ ရုံးကိုခွင့်​တင်​ကာ
ဝတ်​ရည်​​ခေါ် အနာဂတ်​သတို့သမီး​လောင်းကိုLondonရဲ့အထင်​ကရ​နေရာများဆီသို့လိုက်​ပို့​ပေးရသည်

သူမက​တော့ အရမ်း​ပျော်​​နေပုံရကာ တစ်​ခုခုဆိုcameraနဲ့ချိန်​ပြီးသားပင်
သည်​ကြားထဲ ​ဝေဟင့်​ကိုပါဓာတ်​ပုံ​တွေရိုက်​​နေ​သေးသည်
အရမ်း​ချောပါသည်​တဲ့ မြန်​မာပြန်​လာပြီးmodelလုပ်​စားသင့်​သည်​ဆိုပဲ
ဟက်​...အဲ့လိုကြား​တော့ဘာရယ်​မဟုတ်​ Kevinကိုသွားသတိရသည်
သူ့ကို ဝတုတ်​ပုတို Pooh​ကောင်​ပါတဲ့
ဒီ​လောက်​​ချောတာကိုများ...

"​ဝေဟင်​ London Palaceပြီးရင်​ London Bridgeသွားရ​အောင်
အဲ့တံတား​ပေါ်က​နေဖြတ်​ဖူးချင်​တာ ညီမက..."

"ဟုတ်​ပြီ​လေ သွားကြတာ​ပေါ့"

"ဟီး ဟီး ​ဝေဟင်​အ​ကောင်းဆုံး"

လက်​​က​လေးနှစ်​​ချောင်း​ထောင်​ပြကာ သွား​တွေ​ပေါ်​အောင်​ရယ်​ပြ​နေတဲ့သူမကတကယ်​လှပါသည်
သူမက စူးရှတဲ့ထဲမပါဘဲ ကြည့်​လိုက်​တာနဲ့အမြင်​​အေး​စေသည့်​အလှမျိုးပင်
ဖေ​ဖေက​တော့....ရှာတတ်သားပဲ
ကိုယ်​​ရွေးချယ်​ထားပြီးပြီပဲ ဘာလို့​နောင်​တ​တွေထား​နေဦးမှာလဲ​လေ...

London တံတားကညမှမီး​ရောင်​​တွေနဲ့တကယ်​လှတာပါပင်
အခုသူတို့သွားတာက​နေ့ခင်းဘက်​ဆို​ပေမယ့်​  ​သ​ဘောင်္ကြီး​တွေကိုတံတား​ပေါ်က​နေကြည့်​ရတာကလည်း တကယ်​​ပျော်​ဖို့​ကောင်းသည်
Londonတံတား​ပေါ်က towerကြီး​တွေကလည်း လွန်​ခဲ့သည့်​ရာစုနှစ်​​​တွေက​ဆောက်​ထားသည့်​ဟန်​က အရမ်းလှသည်

သူမက​တော့ ကားမှန်​ချ ခေါင်း​လေးပြူကာတအံ့တသြကြည့်​​နေသည်
ဝေဟင်​အလိုလိုပြုံးမိသည်​က သူမရဲ့က​လေးဆန်​မှု​ကြောင့်
Kevinလည်း ၂၁နှစ်​အရွယ်​ဆိုသည်​က က​လေးပဲ​လေ
အဲ့ဒါကိုအတင်း​တွေရင့်​ကျက်​ချင်​​ယောင်​​ဆောင်​​နေတာ
ဟား....တကယ့်​ကို...
သူတို့နှစ်​​ယောက်​ရဲ့အဖြစ်​က ရယ်​​တော့ရယ်​ရတယ်
စ​တောင်​မစလိုက်​ရ​သေးဘဲ ဇာတ်​သိမ်းသွားသတဲ့
ဘယ်​​လောက်​​တောင်​ဟာသဆန်​လိုက်​လဲ

IDOL??Where stories live. Discover now