မုန်းလိုက်တာ လို့ တစ်ခွန်းပြောတိုင်း နီရဲရဲ ခပ်စိုစို နှုတ်ခမ်းတစ်စုံက မဲ့ပြုံးထက် မပိုနေခဲ့ဖူးဘူး
ခင်များကို လိုအပ်တယ်လို့ တီးတိုးရွတ်တိုင်း နားရွက်ဖျားတွေ ရဲတဲ့အထိ စိုက်ကြည့်ပေးပြီး ကျောခိုင်းသွားတော့တာဘဲ
သိပ်ဆိုးတယ်လို့ ဖွင့်ဟမအော်ဟစ်မိခင် ဘယ်အရာမှ မကျန်တော့လောက်အောင် ချနင်းပေးခဲ့နှင့်ပြီ
နာနာကျင်ကျင် ငိုရတိုင်း ပုံရိပ်တွေက လက်လှမ်းမမှီတော့အောင် ဝေးနှင့်နေပြီမို့ အဝေးကြီးဝေးပြီးခဲ့ကြပါပြီ ....