Part 3

827 65 2
                                    

" ငါ့နာမည်​ MIKEပါ။ ​တွေ့ရတာ ဝမ်းသာပါတယ်​။"

" SINGTOပါ။ အတူတူပဲ ဝမ်းသာပါတယ်​။ "

" ဒီကျူရှင်​မှာ ငါ​ပေါင်းလို့ရတာ မင်းတစ်​​ယောက်​ပဲ
ရှိ​လောက်​တယ်​။ "

ဘာလည်းဟ ဒီ​ကောင်​။ ကျွန်​​တော့်​​နောက်​မှာ လာထိုင်
ုပြီး​တော့ ကျန်​တဲ့လူ​တွေကို ဂရုပင်​မစိုက်​။ အဲ့ေ ကျာင်း
ကလို့ မ​ပြောရဘူး ဘာမထီရုပ်​နဲ့။

ကျွန်​​တော်​လည်း ခပ်​တည်​တည်​ပင်​ " ဘာဖြစ်​လို့လဲ။ "

" ​ရွှေ​ရွှေ ချင်းထပ်​မှ မြတ်​ဆိုသလို ငါ့ပုံစံနဲ့ တန်းတူ
ပေါင်းနိုင်​တာ မင်းပဲရှိတယ်​​လေ။ မင်းကိုကြည့်​ရတာ
ငါ့လို ဥစ္စာ​ပေါ ရုပ်ေ ချာဖြစ်​မယ့်​ပုံမို့။ တခြားသူ​တွေ
မင်းကြည့်​လိုက်​​လေ။ တန်းကို မဝင်​တာပါကွာ။ "

" ​သြော်​။ " ဆိုပြီး ချဉ်​သလိုရှိသွားသည်​။ ဒီ​ကောင်
ဝမ်းတွင်းရူး ဘဝင်​​လေဟပ်​​နေတာပဲကို။

" မင်း ငါနဲ့ ​နောက်​တန်းမှာ လာထိုင်​ပါလား။ ​ရှေ့မှာ
လေး​ယောက်​​တောင်​ ကျပ်​သီးကျပ်​သတ်​နဲ့။ ဒီမှာ
၂​ယောက်​ပဲ ရှိတာမို့ လာခဲ့ကွာ။ "

" ငါက ဘာလို့ မင်း​ခေါ်တိုင်း လာရမှာလဲ။ ဒီမှာ
ငါမနှစ်​တည်းက ထိုင်​လာတာ ဒါ ငါ့ထိုင်​ခုံ။ " ​ပြောရင်း
နှင့်​ ​လေသံနည်းနည်းမာသွားသည်​။

" ဟဲ့။ ဘာဖြစ်​​နေကြတာလဲ။ "

" ဒီမှာ​ဗျာ တီချယ်​ရာ။ SINGTO​ပေါ့။ ကျွန်​​တော်​က
အ​ဖော်​လိုချင်​လို့ သူ့ကို အ​နောက်​တန်းမှာ လာထိုင်​ခိုင်း
တာကို။ "

" အ​ဖော်​လိုချင်​ မင်းဘာသာ ​ဆေးဆိုင်​​တွေမှာ သွား
ဝယ်​ပါ့လား။ "

" အဟက်​။ မင်းက ဝယ်​​နေကြလား။ "

" ဘာကွ။ "

" သား SINGTO။ သူငယ်​ချင်းကို မရိုင်းရဘူး​လေ။
သားကပဲ အသစ်​​လေးကို အေ လျှာ့​ပေးလိုက်​ပါကွာ။ "

ကျွန်​​တော်​လည်း " ဟုတ်​။ " တစ်​ခွန်းတည်း ပြန်​​ပြော
ကာ မေ ကျမနပ်​နှင့်​ ​နောက်​ခုံသို့ ဆင်းလိုက်​ရ​လေ
သည်​။

" ​ဟေ့​ရောင်​။ ဟိုဘက်​လိုင်း ဒုတိယတန်းက
တစ်​​ယောက်​မိုက်​တယ်​မလား။ ရှိုးလိုက်​။ "

ကျွတ်​။ ဒီ ငMIKEတစ်​​ကောင်​က​တော့ ​ဘေးမှာထိုင်
နေပြီး စာသင်​ချိန်​တွင်​ ဖွန်​​ကြောင်​အ​ဖော်​ညှိ​နေ​လေ
သည်​။ ကျွန်​​တော်​လည်း ဆရာလစ်​တုန်း လှမ်းကြည့်​လိုက်​ရာ။ ဗု​ဒ္ဓေါ။ သူ​ပြောတာ ​ကောင်​​လေးလား။

" ဟိတ်​ ဟိတ်​။ မင်း ငါ့အဆင်​​လေးကို အဲ့​လောက်​ပြူး
မကြည့်​နဲ့​လေကွာ။ ပွန်းပဲ့သွားဦးမယ်​။ ဒီမှာ မင်း
စိတ်​ဝင်​စားရင်​ ငါ့အဆင်​​လေး​ဘေးကတစ်​​ယောက်​ကို
ချိတ်​လိုက်​။ သူလည်းမိုက်​တယ်​ ချစ်​စရာ​လေးပါ။
ကျူရှင်​အပြန်​ လုပ်​ငန်းစကြမယ်​ကွာ။ "

ငလူး။ ​သေ ချင်​လို့ ငါ့ကိုများ ​ဂေး​ဖော်​​ဂေးဖက်​ လာ
ညှိ​နေရတယ်​လို့။ ဆွဲထိုးလိုက်​ရလို့ကွာ။ ကျွန်​​တော်
လည်း ဘာမှပြန်​မ​ပြောပဲ နှုတ်​ဆိတ်​​နေလိုက်​သည်​။

" ဘာလဲကွ။ မင်းက ဒီ​လောက်​​လေး​တောင်​ အဖြစ်​မရှိ
ဘူးလား။ ​စော်​​​တွေနဲ့ တွဲရတာ ပျင်းလာပြီ။ အသစ်
အဆန်းဖြစ်​သွား​အောင်​ ဒီတစ်​ခါ အဆင်​​လေး​တွေကို
ပြိုင်​လိုက်​ရ​အောင်​ မင်းနဲ့ ငါ။ "

တောက်​။ ဒါမျိုး​တော့ SINGTOကို လာ​စိန်​​ခေါ်၍
မရ။

" ​ကောင်းပြီ​လေ။ အဖြစ်​ရှိမရှိ ပြရတာ​ပေါ့။ ဒါမယ့်
တစ်​ခု​တော့ရှိတယ်​။ ပြိုင်​လိုက်​တယ်​ဆိုတာ
တစ်​​ယောက်​တည်းကို ၂​ယောက်​ ဝိုင်းမလိုက်​ဘူး​နော်​။
မင်းက မင်း​ပြောတဲ့ တစ်​​ယောက်​ Alexကိုလိုက်​။
ငါက သူ့​ဘေးက Michaelကို လိုက်​မယ်​။ "

" အို​ကေ။ ၂​ယောက်​ထဲက တစ်​​ယောက်​ ဘယ်​သူ့ဆီက
အရင်​အ​ဖြေရ​ကြေး ဟုတ်​ပြီ​နော်​။ "

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

A.N

ဒီတစ်​ပိုင်းမှာ​တော့ သဲေ ကျာ်​​လေး KRISTမပါ​သေး
ပါဘူး။ ​နောက်​တစ်​ပိုင်းမှ က​လေးကို အသည်းကွဲခိုင်း
မယ်​။ :'(

HIGHSCHOOL LOVEWhere stories live. Discover now