Part 6

1.6K 92 15
                                    

" ​ဟေ့​ရောင်​​တွေ ​ဟေ့​ရောင်​​တွေ ကြားပြီးကြပြီလား။ "

" ဘာလဲ Brightရာ။ မင်းဟာ​လေ
အလန့်​ထန်း လျက်​နဲ့ လုပ်​လိုက်​ရင်​။ "

" ငင်​။ အလန့်​တကြားမဟုတ်​ဘူးလား Tewရ။ "

" အဲ့​ကောင်​က ထန်း လျက်​ကို သကြားထက်​ပိုကြိုက်
လို့​ဟေ။ Aimဆိုသည်​မှာ​လေ သူ့အ​ကြောင်းလည်း
မသိတာမှတ်​လို့။ "

" Premကမှ ​တော်​​သေး။ ငါ့သူငယ်​ချင်း​လေး။ "

" ​နေကြပါကွာ။ ဟိုမှာ ဘာ​ပြောမို့လဲမသိဘူး။
ဟဲ့​ကောင်​ Bright​ပြော။ "

" ​အေး။ Wadရာ။ မင်းဝင်​​ပြောမှပဲ ငါလဲ ​ပြောရင်း
ကိစ္စ သတိရ​တော့တယ်​။ ဟို​ကောင်​​တွေ ဝင်​​နှောင့်​​နေ
တာနဲ့ပဲ။ "

" ​ပြောစရာရှိ မြန်​မြန်​​ပြောကွာ။ အစပျိုးမ​နေ​နဲ့ ​လေ
ရှည်​ပြီး​တော့။ "

" ​ပြောမယ်​ KRIST​ရေ။ ​ပြောမယ်​။ SINGTO
တစ်​​ကောင်​​တော့ လုပ်​ချလိုက်​ပြန်​ပြီ။ "

" ဘာလုပ်​လိုက်​ပြန်​ပြီလဲ။ " အားလုံး တစ်​ပြိုင်​တည်း
သံပြိုင်​​မေး ချလိုက်​သည်​။

" ဘာလုပ်​ရမှာလဲ။ ထုံးစံအတိုင်း​ပေါ့။ အဆင်​​လေး
နောက်​တစ်​​ယောက်​နဲ့ တွဲ​နေပြန်​ပြီ​လေ။ "

" ဟမ်​ ဟမ်​။ သူက Joshကို လိုက်​မလို့ မဟုတ်​ဘူး
လား။ ငါ့ကို​တောင်​ အကူအညီ​တောင်း ​တောင်း... "

" ​အေး။ ဟုတ်​တယ်​။ အစက အဲ့လို။ မင့်​SINGTOက
မကြိုက်​​တော့ပြန်​ဘူးတဲ့ Joshကို။ ခု သူတွဲ​နေတာ
ဒီကျူရှင်​က Seniorအကိုကြီး Thomasတဲ့။ သူနဲ့
လည်းေ ကျာင်းတူတယ်​ ​ပြောတာပဲ။ ဘယ်​အချိန်
တည်းက လိုက်​ပြီး တွဲလိုက်​မှန်း​တောင်​ မသိပါဘူး
ကွာ။ "

" အဲ့​ကောင်​က ဘယ်​တုန်းက များ သူဖွန်​​ကြောင်​တဲ့
ကိစ္စ​တွေ ငါတို့နဲ့ တိုင်​ပင်​ဖူးလို့လဲ။ ရည်းစားထားခြင်း
အတတ်​ပညာမှာ​တော့ တစ်​သီးပုဂ္ဂလပဲ လှုပ်​ရှား​နေကြ
လေ။ ပျိုတိုင်းကြိုက်​တဲ့ နှင်းဆီခိုင်​ဆိုသလိုပဲ ​ပွေရှုပ်​တဲ့
နေရာမှာ​တော့ တဖက်​ကမ်းခပ်​​အောင်​ ကျွမ်း ကျင်​တဲ့
အ​ကောင်​။ "

Knot​ပြောစကားကိုကြားပြီး ကျွန်​​တော်​လည်း လဒ
မှိုင်​ မှိုင်​သွားသလိုပင်​။ သူ​ပြောတာလည်း တစ်​ခုမှ
မမှား။ ကျွန်​​တော့်​လို မျိုး တစ်​ခါ​လေး​တောင်​ ရည်းစား
မထားဖူးတဲ့ လူပျိုနုနုထွတ်​ထွတ်​​လေးက ထိုလူ​ပွေလူ
ရှုပ်​ SINGTOကိုမှ မျက်​စိလည်​လမ်းမှားပြီး ​ရွေး
ကြိုက်​မိသည်​တဲ့။ သူငယ်​ချင်း​တွေ ကျွန်​​တော့်​ကို
မရိပ်​မိတာကံ​ကောင်း။ ခုမို့ဆို ကြိုက်​စရာရှားလို့
သူ့ကိုမှ ​ရွေးကြိုက်​ရသလားဆိုပြီး အထုအ​ထောင်းခံ
နေရမည်​။

နေပါဦး။ အဲ့လို​ပြောရ​အောင်​ Singမှာ ဘာအပြစ်​ရှိ
နေလို့လဲ။ Singက ရည်းစား များတာပဲရှိတာပါ။
ေ ကျာင်းစာတွင်​လည်း ဘာမှ​ပြောစရာမလို ထူးချွန်
ပြီးသား။ လူမှု​ပေါင်းသင်းဆက်​ဆံ​ရေးလား။
သူ့​​လောက်​ Social​ကောင်းတာ သူပဲရှိသည်​။

ရုပ်​ရည်ရူပကာ ဘာမှအပြစ်​အနာအဆာမရှိ။ နှာတံ
လေးဆိုလည်း ချွန်​လို့။ မျက်​လုံး​လေး​တွေလည်း
အရည်​​တောက်​ပြီး ကြည်​လဲ့။ မျက်​ခုံးမျက်​ရိုး လုံးဝ
Perfect။ သွားတန်း​လေး​တွေဆိုတာလည်း ညီညာ။
ပြုံးလိုက်​ရင်​လည်း အသက်​ရှု​မှား​လောက်​​စေတဲ့
နှုတ်​ခမ်းတစ်​စုံ ပိုင်​ဆိုင်​ထား​သေးသည်​။ ​နောက်​ပြီး
ယော ကျာ်းဆန်​​သော ​မေးရိုး။

သူ့အသက်​အရွယ်​နှင့်​လိုက်​ဖက်​​သော ခန္ဓာကိုယ်
အချိုးအစား၊ အရပ်​အ​မောင်း။ ​သွေး​ကြော များ
ထောင်​ပြီး အစိမ်း​ရောင်​​တောက်​​နေ​သော လက်​ဖမိုး။
မှီတွယ်​ချင်​စရာ လက်​​မောင်းအိုးကြီး နှစ်​ဖက်​။
ဆွဲ​ဆောင်​မှုရှိလှ​သော ရင်​အုပ်​ကျယ်​ကျယ်​။
နောက်​ပြီး။ အင်း။ ​တော်​​သေးပြီ။

အဲ့​လောက်​ အဆင်း​ရော အချင်းပါ သူမတူ​အောင်
ထူးခြားပြည့်​စုံလွန်းလှ​သော Singရယ်​ပါ။ ​သြော်​ ဘုရားသခင်​​ပေးတဲ့ လက်​​ဆောင်​များအလား။


°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

#Notes

တကယ်​​တော့ စာ​ရေး​နေရင်း KRIST​နေရာမှာ
စာ​ရေးသူရဲ့ ဝိညာဉ်​ဝင်​ပူးသွားတာပါ။ ဟိဟိ။
မ​နေ့ညက အိုပါးရဲ့ Attention video clip​လေး
ကြည့်​ပြီး လူက သွက်​သွက်​ခါ​အောင်​ ရူးခါသွားတာနဲ့
ရေး​နေတဲ့ Ficမှာပါ အိုပါးချီးမွမ်းခန်း​တွေ တခမ်း
တနားထိုင်​ဖွဲ့မိ။ ဟိ။ ​နောက်​တစ်​ခါ ရူးခါ​အောင်
အိုပါးvideo​လေး ပြန်​ထည့်​​ပေးထားတယ်​​နော်​။

You've reached the end of published parts.

⏰ Last updated: Jun 28, 2018 ⏰

Add this story to your Library to get notified about new parts!

HIGHSCHOOL LOVEWhere stories live. Discover now