RULES

1.2K 77 40
                                    

အားလုံးပဲ မင်္ဂလာပါရှင့်​။
The Namjinist Fanfiction ပြိုင်​ပွဲ​လေးကနေကြိုဆိုလိုက်​ပါတယ်​​နော်​။

ဒီပြိုင်​ပွဲ​လေးက
Namjin OTP အတွက်​အဓိကရည်​ရွယ်​ပြီး
ကျင်းပ​ပေးတဲ့ပြိုင်​ပွဲ​လေးဖြစ်​ပါတယ်​။

Wattpad မှာပဲ ဝင်​​ရောက်​​ရေးသားယှဉ်​ပြိုင်​ရမှာပါ။

Namjin shipperများ​၊ Armyများ နှင့်​တကွ
စိတ်​ဝင်​စားသူ မည်​သူမဆို ဝင်​​ရောက်​ယှဉ်​ပြိုင်​နိုင်​ပါတယ်​။

အခုဒီပြိုင်​ပွဲ​လေးကို ဝင်​ပြိုင်​မယ့်​သူနဲ့ စိတ်​ပါဝင်​စားတဲ့သူများအတွက်​ Admin တို့ချထားတဲ့စည်းမျဉ်းစည်းကမ်း​လေး​တွေကိုပထမဆုံး​ပြောပြချင်​ပါတယ်​။

လိုက်နာရမည့်​​စည်းကမ်းများ

၁။ အခုဒီပြိုင်​ပွဲ​လေးက NAMJIN OTP ကိုအဓိကထားထားတဲ့အတွက်​ ဝင်​ပြိုင်​မယ့်​စာအုပ်​မှန်​သမျှဟာ NAMJIN (boyxboy) ဖြစ်​ရပါမယ်​။

[ဒါဟာAdminတို့ စီစဉ်​သူ​တွေခက်​ခက်ခဲခဲချထားတဲ့ဆုံးဖြတ်​ချက်​ဖြစ်​ပြီး ဒိုင်​​တွေနဲ့လဲအဆင်​​ပြေ​အောင်​ပြုလုပ်​ထားရတဲ့အချက်​​လေးမို့လို့နားလည်​​ပေးဖို့​တောင်းဆိုချင်​ပါတယ်​။]

၂။ Transgender(Normal) နဲ့ Sexual Content ပါသည့်​ Ficများကို လုံးဝ(လုံးဝ)
လက်​မခံပါ။

၃။ ဝင်​ပြိုင်​သူတိုင်းဒီAccountကို followလုပ်​ထားရပါမယ်​ ဒါဟာပြိုင်​ပွဲဝင်​​တွေရဲ့ စာအုပ်​ကိုဖတ်​ရူသူများ​စေဖို့အတွက်​ဖြစ်​ပါတယ်​။

၎။ One Shot နဲ့ Short Story (အများဆုံး ငါးပိုင်းထိ) နှစ်​မျိုးကိုသာလက်​ခံပါမယ်​။

၅။ One shot ​တွေကစာလုံး​ရေအနည်းဆုံး ၃၀၀၀ က​နေ အများဆုံး ၆၀၀၀ ထိရှိရပါမယ်​။

[Author noteကို သီးခြား chapterတစ်​ခုအ​နေနဲ့​ရေးပိုင်​ခွင့်​ရှိပြီး ထိုအပိုင်း၏ စာလုံး​ရေကို ထည့်​သွင်း​ရေတွက်​မည်​မဟုတ်​ပါ။]

၆။ Short Story က​တော့အများဆုံးငါးပိုင်းထိ
ရှိရမှာဖြစ်​ပြီး တစ်​ပိုင်းမှာစာလုံး​ရေအများဆုံး၂၅၀၀ထိလက်​ခံပါတယ်​။

[စာလုံး​ရေ အ​ရေအတွက်​ကို ficရဲ့​အောက်​ဆုံးနားမှာ​ရေး​ပေးဖို့ ​မေတ္တာရပ်​ခံပါတယ်​။Wattpad၏ စာလုံးအ​ရေအတွက်​အတိုင်းသာ]

၇။ Depression, Alchol နဲ့ အခြား Violence များကို​တော့လက်​ခံမှာဖြစ်​ပါတယ်​။ (SMUT က​တော့လုံးလုံးလက်​မခံပါ)

၈။ NAMJIN OTP ဖြစ်​​ပေမယ့်​တခြား OTPများကိုလဲထည့်​သွင်း​ရေးသားခွင့်​ပြု မှာဖြစ်​ပါတယ်​။သို့​သော်​Namjin OTP ဟာMain Character ဖြစ်​ရပါမယ်​။

၉။ ပါဝင်​ယှဉ်​ပြိုင်​​တဲ့ Fic​တွေဟာ ဒီပြိုင်​ပွဲအတွက်​ပဲရည်​ရွယ်​​ရေးသားထားတဲ့ Ficဖြစ်​ရပါမယ်​။
အရင်​​ publish လုပ်​ထားပြီးသား Fic​များကို
ထည့်​သွင်းစဉ်းစားမည်​မဟုတ်​ပါ။

၁၀။ ပြိုင်​ပွဲဝင်​တစ်​ဦးအ​နေနဲ့ စာအုပ်​အ​ရေအတွက်​တစ်​အုပ်​က​နေသုံးအုပ်​ထိပါဝင်​ယှဉ်​ပြိုင်​နိုင်​ပါတယ်​။

၁၁။ ပြိုင်​ပွဲဝင်​​တွေဟာမိမိပြိုင်​ပွဲဝင်​မယ့်​စာအုပ်​​တွေရဲ့ နာမည်​​ဘေးမှာ (THE NAMJINIST)ဆိုပြီးတပ်​​ပေးရမှာဖြစ်​ပါတယ်​။

၁၂။ ထို့အပြင်​ Tag ထဲမှာလဲ(#thenamjinist) လို့tagထည့်​ရမှာပါ။

၁၃။ဝတ္ထုပုံစံဖြင့်​ ပါဝင်​​ရေးသားယှဉ်​ပြိုင်​ရမှာဖြစ်​ပါတယ်​။
(Short story များကိုလည်း complete ဖြစ်​မှPublishလုပ်​ကာ ပါဝင်​​ပေးဖို့ ​တောင်းဆိုပါတယ်​​နော်​)

၁၄။ ​ခေါင်းစဉ်​ကို​တော့ English သို့မဟုတ်​ မြန်​မာနှစ်​သက်​သည့်​ ဘာသာစကားဖြင့်​​ပေးခွင့်​ရှိပြီး
ယှဉ်​ပြိုင်​​ရေးသားသည့်​ Fictionကို​တော့
မြန်​မာဘာသာတစ်​မျိုးတည်းဖြင့်​သာ လက်​ခံ​ပေးမှာဖြစ်​ပါတယ်​။

၁၅။ပြိုင်​ပွဲဝင်​အချင်းချင်းရိုင်းပျစွာ ​ပြောဆိုဆက်​ဆံခြင်း၊ ဒိုင်​နှင့်​တကွ စီစဉ်​သူများကို ​စော်​ကား​ပြောဆိုခြင်းများပြုလုပ်​ပါက ပြိုင်​ပွဲမှထုတ်​ပယ်​ခြင်းခံရမှာ ဖြစ်​ပါတယ်​။

[နံပါတ်​ပါ​ ၁၁ နဲ့ ၁၂ အချက်​နှစ်​ချက်နှင့်​မကိုက်​ညီ​သောစာအုပ်​များကိုပြိုင်​ပွဲတွင်​ထည့်​သွင်းစဉ်းစား​ပေးမည်​မဟုတ်​ပါ။]

ပြိုင်​ပွဲစတင်​ကျင်းပမည့်​ရက်​ - July 2,2018
ပြိုင်​ပွဲပိတ်​သိမ်းမည့်​ရက်​ - Aug 3, 2018

သိချင်​​သောအ​ကြောင်းအရာများနှင့်​​မေးမြန်းလို​သော​မေးခွန်းများကိုဒီcomment section ​အောက်​တွင်​​မေးမြန်းနိုင်​ပါတယ်​။

The Namjinist (CLOSED)Unde poveștirile trăiesc. Descoperă acum