သေနေ့မစေ့သောလူသား၏သေခွင် စတင်ပါပြီ
ထိုစကားသံကြောင့် သူ အနည်းငယ်တုန်လှုပ်မိသွား
သည် ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည့်တော့လဲ ဘယ်ဘက်ရင်အုံနဲ့ ညာဘက်လက် နာကျင်နေမှုကလွဲလို့ဘာမှမထူးခြား။ဘေးဝဲယာ ပတ်ချာလည် မှာလဲ သူ့ကိုဝိုင်း
ကြည့်နေသော အနက်ဝတ်ရုံနဲ့ချောမောလှပလွန်းသူများ"ကျွတ် ကျွတ် သေနေ့မစေ့ဘဲရောက်လာတာဘဲ"
သူ့ကိုကရုဏာအကြည့်နဲ့တီးတိုးပြောဆိုနေသံ
ခပ်တိုးတိုးကြားလိုက်ရတယ်"ဘာကြောင့် ငါ့ကိုတစ်ယောက်တည်းသပ်သပ်ဖယ်ထားတာလဲ"
ထိုသူများရှိရာကိုလှည့်ကြည့်ကာ သူနားမလည်နိုင်ရေရွတ်မိနေတုန်းမှာဘဲ !
[ဒုန်း ဒုန်း ဒုန်း]
"အသင် Kim Seokjin"
သနားကရုဏာကင်းမဲ့နေသောအကြည့်များနဲ့မျက်လုံးများကိုသာမြင်ရတယ်ထို့ပြင် မျက်နှာဟူ၍သဲသဲကွဲကွဲမမြင်ရသော သူကသူ့နာမည်ကိုအေးစက်အက်ရှသံနဲ့ခေါ်လိုက်တယ်ထိုသူရှိရာမျက်နှာချင်းဆိုင်ကအမြင့်နေရာကို စိုက်ကြည့်နေမိ၏။
"ဟိတ် ! မရဏမင်းခေါ်နေတယ် ထူးလိုက်လေ လူသား"
"ဘာလူသားတုန်း လွင့်မျောဝိညာဉ်လေ"
နောက်ကဝတ်ရုံနဲ့သူများထဲမှ သူ့ကိုလှမ်းအော်ပြီးသတိ
ပေးနေတဲ့ ခပ်ပုပုမျက်စိမှေးမှေးနဲ့သူ
သူ့ဘေးကနေလှမ်းဟန့်လိုက်တဲ့ နှာတံပေါ်ပေါ်
ခပ်ထွားထွားနဲ့သူ ထိုသူတို့ကိုပြန်လှည့်ကြည့်နေမိတယ်"အသင် Kim Seok Jin"
ဒီတခါပိုကျယ်လောင်လာတဲ့ခေါ်သံကြောင့်တုန်သွားမိပြီး
"ဟုတ် ဟုတ်ကဲ့"
"သင်ဟာ သေရမည့်နေ့မစေ့ဘဲရောက်လာသောလူသား
ဖြစ်တယ် သင့်မှာကြီးမားသောအကုသိုလ်အပြစ်မရှိတဲ့
အတွက်သင် ကောင်းကင်ဘုံကိုလွတ်မြောက်ခွင့်ရရှိမယ်"အပ်ကျသံတောင်မကြားရအောင်တိတ်ဆိတ်နေသောထို
နေရာတွင် မရဏမင်းဆိုသူ၏ပြောစကားများကြောင့်
ကျွန်တော်ထိတ်လန့်လာခဲ့သည်
YOU ARE READING
Let Go (The Namjinist)//COMPLETE
FanfictionNamjoon: Hyung ! ကျွန်တော့်ပါးကိုမြန်မြန်လေး နမ်းပေးပါ pali Seokjin:ဟာ လူတွေအများကြီးရှိနေတာကို မနမ်းရဲပါဘူး။ Namjoon:ဘယ်သူမှမမြင်ပါဘူး jelbal! Seokjin:okayဒါဆိုဒီတခါဘဲနော် ထို့နောက် Namjoonရဲ့ ညာဘက်ပါးပြင်ပေါ်က သူ့ပါးချိုင့်လေးမှာခပ်နွေးနွေးလေးထိတေ...