အေးစက်စွာတိုးဝှေ့လာသောလေညင်းကြောင့် Namjoonရင်ထဲထိစိမ့်အေးသွားသလိုခံစားလိုက်ရသည် ရုတ်တရက်ဆိုသလိုလေးလာတဲ့ ရင်ဘတ်ပေါ်ကအထိအတွေ့တခုကြောင့်လူကထထိုင်ချင်လာတယ်
သို့သော်လည်းလူကလှုပ်မရ"ငါ့ ကို ကူ ညီ ပါ "
ပီပီပြင်ပြင်ကြားလိုက်ရသော ညင်သာလှတဲ့အသံကြောင့်
သူ့ဦးနှောက်ကအလျင်အမြန်စဉ်းစားရင်း အသံရှိရာကိုမျက်စိဖွင့်ကြည့်လိုက်မိတယ်NJ's pov:ငါ့အခန်းထဲကိုဘယ်သူရောက်နေတာလဲ
အသံလာရာထိုနေရာသည်ကျွန်တော်အိပ်ရာနံဘေးတွင်ဖြစ်နေလေသည် ကျွန်တော်ဘေးတွင်ဘေးတစောင်းထိုင်ကာ ငုံ့ကြည့်ရင်းပြောနေသော ထိုသူအားအံ့အားသင့်စွာ
ကြည့်နေမိသည်"ငါ့ ကိုကူညီပါလားဟင် "
တဆက်တည်းထွက်လာတဲ့သူ့အသံ ကကျွန်တော့လိပ်ပြာ
ကိုခပ်ဆတ်ဆတ်လေးရိုက်နိုးလိုက်သလိုပင်။ နက်မှောင်နေသောဆံပင် မှာခွဲကြောင်းနေရာ ဦးရေက စိမ်းဖန့်လို့
ပြေပြစ်ပြီးအချိုးကျလှတဲ့နဖူးပေါ် မှာအနည်းငယ်ကျနေတဲ့
ဆံ နွယ်တချို့ကြောင့်ပိုသေသပ်နေသလို
ထူပိန်းနေတဲ့အနက်ရောင်မျက်ခုံးတွေကထိုသူရဲ့ ဖူးအစ်နေတဲ့ မျက်ဝန်းတွေနဲ့မှလိုက်ဖက်လို့နေတယ်
ပေတံနဲ့များသေချာတိုင်းပီးဆွဲထားသလားထင်ရအောင်
ခပ်ညီညီပုံစံချိုးထားတဲ့ နှာတံကအထင်းသားရယ်
မထူမပါးဆိုပေမယ့် မို့အစ်နေတဲ့ထိုသူ့နူတ်ခမ်းသားခပ်ပြည့်ပြည့်ဟာ ချယ်ရီသီးအရောင်သမ်းနေပါတယ်
စကားပြောလိုက်တိုင်း ဟန်ချက်ညီညီလှုပ်ရှားနေတဲ့
သူ့မေးရိုးတွေက ကျွန်တော့်ကိုများအာရုံစူးစိုက်အောင်ဆွဲဆောင်နေသလားဘဲ မပြောတတ်။ ထိုသူ၏
မျက်နှာတခုလုံးကိုသေချာစူးစိုက်ကြည့်ရင်းပင် ကျွန်တော်
ကြက်သေ သေနေမိတယ်"ငါပြောတာတွေ မင်း လက်ခံနိုင်မယ်ဆိုရင် ငါ့ကိုကူညီနိုင်မလား ဟင်"
ကျွန်တော့်ရင်ဘတ်ကိုဖိတွန်းပီး ပြောလိုက်တဲ့ထိုသူ့စကား
ကြောင့် အသိပြန်ဝင်လာမိသည် ချောမောလွန်းလှသောထိုသူကို စကားပြန်ပြောဖို့အတော်အားယူနေမိသည်

VOUS LISEZ
Let Go (The Namjinist)//COMPLETE
FanfictionNamjoon: Hyung ! ကျွန်တော့်ပါးကိုမြန်မြန်လေး နမ်းပေးပါ pali Seokjin:ဟာ လူတွေအများကြီးရှိနေတာကို မနမ်းရဲပါဘူး။ Namjoon:ဘယ်သူမှမမြင်ပါဘူး jelbal! Seokjin:okayဒါဆိုဒီတခါဘဲနော် ထို့နောက် Namjoonရဲ့ ညာဘက်ပါးပြင်ပေါ်က သူ့ပါးချိုင့်လေးမှာခပ်နွေးနွေးလေးထိတေ...