💞 First Love 💞

553 30 0
                                    

First Love

Ming: မင်း ဒီတစ်သက် ဖွင့်ကော ပြောဦးမှာလား yo ဟင်

Yo: ငါမှ ဖွင့်မပြောရဲတာ ငါဖွင့်ပြောလို့ တော်ကြာ သူက ငါ့ကို Gay ဆိုပြီး အထင်သေးသွားရင် ဘယ်လိုလုပ်မလဲ

ကျွန်တော်တို့ အခုပြောနေတာက ကျွန်တော့ရဲ့ crush အကြောင်းပေါ့ crush ဆိုပြီး အထင်မသေးနဲ့နော် ကျွန်တော် ကျောင်းစတက်တဲ့နေ့ထဲက စကြိုက်တာ အခုနဲ့ဆို ၂နှစ်နီးပါး ဖြစ်နေပြီ ဒါကို မခံမရပ်နိုင်ဖြစ်တဲ့ သူငယ်ချင်းဖြစ်သူ ming က ဖွင့်ပြောဖို့ ပြောတာတောင် ဖွင့်မပြောရဲ ဟုတ်တယ်လေ ဘယ်လိုလုပ် ဖွင့်ပြောရဲမှာလဲ သူက ကျောင်းရဲ့ moon တဲ့ ပြီးတော့ မိန်းကလေးတွေရဲ့ အသည်းစွဲလေ သူ့နားမှာ ဒီလောက် ချောတဲ့ သူတွေ ဝိုင်းနေတာကို ကျွန်တော်က သွားပြောရမယ်ဆိုတော့ ကျွန်တော် သူ့ကို ချစ်ပေမဲ့ ဖွင့်မပြောရဲတော့ ခက်တယ်ဗျ ဟီဟိ

Ming: yo!

Yo: အေး ပြော ဘာတုန်း

Ming: ဟိုမှာ p' pha မလား

သူပြတော့ ကျွန်တော်လဲ ကြည့်လိုက်တာပေါ့ မကြည့်ခဲ့ရင် ကောင်းသား အခုကြည့်မိတော့ ကျွန်တော့ နှလုံးသားတွေ တစစီ ကြေကွဲ သွားပြီလေ ကျွန်တော် တဖြည်းဖြည်း အမြင်တွေ ဝါးလာပါပြီ သိလိုက်ပြီလေ ကျွန်တော့ မျက်ဝန်းထဲမှ တာကျိုးသလို မျက်ရည်တွေ ကျလာတော့မယ်ဆိုတာ ကျွန်တော် သူ့ရှေ့မှာ မျက်ရည်မကျချင်လို့ အမြန် ထချိန်မှာ

ခွမ်း

Yo: အ

Ming: yo

Boy: Nong ဘာဖြစ်သွားတာလဲ အဆင်ပြေရဲ့လား

Yo: ရ..ရပါတယ် ကျွန်တော် မှားတာပဲဟာ မလိုပါဘူး

Boy: မဟုတ်တာ အကိုလဲ မမြင်လိုက်မိလို့ပါ လာလာ..ထကြည့် အကို တွဲပေးရမလား

Yo: ရပါတယ် ကျွန်တော် ဘာမှမဖြစ်ပါဘူး

Ming: အကို ရတယ် ကျွန်တော်ပဲ ထူသွားလိုက်မယ် အကို သွားစရာရှိတာသွားပါ

Boy: ဒါဆို အကိုသွားပြီနော်

Yo: ဟုတ်ကဲ့

Ming: yo အဆင်ပြေရဲ့လား လာလာ ငါထူပေးမယ်

GxxodBas fanfictionWhere stories live. Discover now