သို့ ..
သိလား ဟာယာဆဲ ..
သူမရှိရင် မဖြစ်ဘူးလို့ ဘယ်လောက်ဘဲ အော်နေခဲ့
တကယ်တမ်း သူ့ကမ္ဘာမှာ ကိုယ်မရှိလည်း ပုံမှန်လည်ပတ်နေတာမျိုးပေါ့ ..ဒါကို ဝဋ်တစ်ခုလို့ဘဲ သတ်မှတ်ပါတယ် ..
ကိုယ်ဟာ ယာဆဲဆီ မရှိနေခဲ့ချိန် ဘာတွေ ဖြစ်နေလိမ့်မယ် မကြည့်ပေးဖြစ်ခဲ့ဘူး ..
ယာဆဲ မရှိတော့ချိန်မှာ ကိုယ့်ကမ္ဘာဟာ ဘယ်တော့မှ မငြိမ်းတော့မယ့် မီးလိုမျိုး တပူတပြင်း တောက်လောင်နေတုန်းဘဲ ..ယာဆဲရှေ့မှာ ကလေးတစ်ယောက်လို အော်ဟစ်နေပြီး သူ့ကိုဘဲ မြင်နေတတ်တဲ့ မိန်းမဆိုးဟာ ယာဆဲရဲ့ ခပ်ဖျော့ဖျော့ အပြုံးတွေကို အားပေးစကားအဖြစ် မှတ်ယူနေလိုက်ဖူးတယ် ..
သူ့ကို သိပ်ချစ်တာဘဲလားလို့ မေးသံအဆုံးမှာ
တောက်တောက်ပပနဲ့ မဆိုင်းမတွ ခေါင်းတဆတ်ဆတ် ငြိမ့်ပြခဲ့တဲ့ ကိုယ့်ကို ယာဆဲ ပေါက်ကွဲလိုက်သင့်တာ ..ဟာယာဆဲနဲ့ တွေ့ဆုံဖြစ်လိုက်ခြင်းဟာ ဇာတ်လမ်းတိုမျိုးပေါ့ ..
The End လို့ စာတန်း မထိုးပေးခဲ့တာဘဲ ကျေးဇူးတင်ပါတယ် ..
မျက်ရည်တွေ နင်ဆို့နေတဲ့ ဇာတ်လမ်းမျိုးဟာ ကိုယ့်ဆီမှာ ရှားပါးပါတယ် ဟာယာဆဲရေ ..
ဘယ်တော့မှ မဆုံးတော့မယ့်
ယာဆဲ ရိုက်ပေးခဲ့တဲ့
ကိုယ့်ဇာတ်လမ်းတိုလေးပေါ့ ...ယာဆဲထံသို့
မပို့ဖြစ်လိုက်သည့်
.......