Just Only For You - 1

15.8K 409 54
                                    

#Unicode

"ဟဲ့အကောင် ပေးစမ်းဒီကို"

"လိုချင်လား လိုချင်ရင်နင့်မာမီကိုဝယ်ခိုင်း😝"

"ဘာာ အေးအေး သေဖို့သာပြင်😠"

'ဒုန်း ဘုန်း ဘုန်း'
.
.
.
.
.
.
.
.
.
.
.
.
.

ခင်ဗျားတို့ကြားလိုက်ကြလား အသံတွေ။ ဟုတ်ပါတယ် အဲ့ဒီလိုအင်မတန်မှသာယာနာပျော်ဖွယ်ကောင်းတဲ့အသံတွေဟာ နည်းပညာတက္ကသိုလ်(မန္တလေး)၊ First Year Civilခန်းထဲမှလာခြင်းဖြစ်ပါတယ်။ အဲ့ဒီအသံတွေရဲ့ပိုင်ရှင်ကိုရော မသိချင်ကြဘူးလား။

မထိတ်သာမလန့်သာ အဲ့ဒီလိုအသံတွေရဲ့ဖန်ဆင်းရှင်လေးဟာ ၅ပေကျော်တယ်ဆိုရုံအရပ်လေးနဲ့ ပုပုသေးသေးကောင်မလေးဆိုရင် ခင်ဗျားတို့အံ့ဩကြပြီဟုတ်...။ သူမနာမည်ကိုပါပြောလိုက်ရင် ကျွန်တော်ထင်တယ် ခင်ဗျားတို့မျက်လုံးလေးတွေပြူးထွက်လာမယ်ဆိုတာ။

သိမ်မွေ့လွန်း...။ ဟုတ်ကဲ့ ဆည်းလည်းသံလေးတွေရဲ့ဖန်ဆင်းရှင်နာမည် သိမ်မွေ့လွန်းပါတဲ့ဗျာ😄။(နာမည်နဲ့လူနဲ့ နတ်ဖက်ပေးထားတဲ့အလား...)။ မျက်လုံးပြူးပြူးလေးတွေကို မျက်မှန်အဝိုင်းကြီးအောက်မှာဖွက်ထားတတ်တဲ့ ပုခုံးကျော်ရုံဆံပင်လေးတွေနဲ့ သိမ်မွေ့ဟာပုတက်တက်အရပ်လေးနဲ့ဆိုတော့ ကလေးသာသာချစ်စရာကောင်မလေးပေါ့ဗျာ။ အဲ...ခနကလိုပွဲကြမ်းနေတဲ့အချိန်တော့မပါဘူးနော် ဟီး။

"အော်ဟော နင်ကငါ့ကိုစိန်ခေါ်တယ်ပေါ့လေ😏 ဒါမျိုးငြိမ်ခံနေရင် ငါဘယ်ဟုတ်တော့မလဲ...ကဲဟာ သေစမ်း"

'ဝှစ် ဘုတ်'

"မှတ်ထား အဲ့တာ တေးကာရန်ပိုင် လို့ခေါ်တယ် ဟင်းဟင်း😎"

တေးကာရန်ပိုင်...။ သိပ်ကိုလှတဲ့နာမည်လေး။ သိမ်မွေ့လေးရဲ့ကိုက်ဖော်ကိုက်ဖက်။ အရပ်က၅ပေ၁၁နီးပါး။ (အရပ်မှအားမနာဗျာ ဂျပုမနဲ့ဖက်ပြီးရန်ဖြစ်တဲ့ကောင်😑)။ ဖြူဖြူဖွေးဖွေးအသားအရေက မိန်းကလေးတွေတောင်မနာလိုလောက်အောင်လှတာ။ ကြည်လင်နေလိုက်တာများ သူ့ကိုယ်ကိုဖြတ်စီးနေတဲ့သွေးကြောလေးတွေကိုအထင်းသားမြင်နေရတာ။

အဲ...အသားအရေပဲမဟုတ်ဘူးဗျ။ ကော်ဖီရောင်မျက်ဆံလေးတွေကိုဘောင်ခတ်ထားတဲ့မျက်လုံးလေးတွေဆိုတာ ဝိုင်းဝိုင်းလေး။ မျက်တောင်တွေရှည်ပြီးဖြာကျနေတာများ အုန်းလက်တွေဝေနေသလို။ မျက်ခုံးမွှေးဆိုတာကလည်း ဘာဆေးမှကူစရာမလိုပဲ မဲနက်ပြီးဖြောင့်တန်းနေရော။ နှာတံစင်းစင်းလေးအောက်က နှုတ်ခမ်းလေးဆိုတာ သူငယ်တန်းကလေးတွေဆီက ကကြီးလေးကိုလုလာပြီးတပ်ထားသလားမသိ😑။ အောက်နှုတ်ခမ်းအနီရဲရဲလေးထက် ပန်းရောင်ပြေးနေတဲ့အပေါ်နှုတ်ခမ်းလေးကနည်းနည်းရှေ့ထွက်နေသေးတာ။

Just Only For YouWhere stories live. Discover now