Just Only For You - 15

2.2K 168 44
                                    

#Zawgyi

ကျောင်းပိတ်​ရက်​မို့ထုံးစံအတိုင်း အခန်း​အောင်းကာသီချင်းများ​ရေး​နေမိသည်​။ သီချင်း​ရေးတာထဲဈာန်​ဝင်​​နေတုန်း အခန်းတံခါး​ခေါက်​သံကြားလိုက်​ရ၍ ဝင်​ခဲ့ပါဟုသာအသံပြုလိုက်​မိသည်​။

"သား​ငယ်​က သီချင်း​ရေး​နေတာလား"

အခန်းထဲဝင်​လာသူမှာချစ်​လှစွာ​သော​မေ​မေ​ဒေါ်သဒ္ဒါထက်​ဖြစ်​​နေသည်​။

"ဟုတ်​ကဲ့​မေကြီး ​ဖေကြီးကိုပြန်​မ​ပြောနဲ့​နော်​ ဟီး"

သွား​လေးအဖြဲသားနှင့်​သူ့အ​ဖေအားပြန်​​ပြောမှာစိုး​နေ​သော သားဖြစ်​သူအားကြည့်​ကာ​ဒေါ်သဒ္ဒါပြုံးလိုက်​မိသည်​။ သူမက​တော့သား​လေးဘာလုပ်​လုပ်​ပံ့ပိုးဖို့အဆင်​သင့်​ပင်​။ သို့​သော်​ငြား ​ယောကျာ်းဖြစ်​သူ၏ဗီတိုအာဏာဖြင့်​​ပေးထား​သော 'သားကို​မြှောက်​​ပေးရင်​ သားကိုမင်းနဲ့​ဝေးရာပို့ပစ်​မယ်​'ဟူ​သောအမိန့်​စကား​ကြောင့်​သာငြိမ်​​နေရသည်​။ ​ကြောက်​တယ်​ရယ်​လို့​တော့မဟုတ်​​ပေမယ့်​ ဒီကိစ္စမှာခါးခါးသီးသီးဖြစ်​​နေ​သော ​ယောကျာ်းဖြစ်​သူကတကယ်​လုပ်​မည့်​ပုံ​ကြောင့်​သာ သား​လေးလုပ်​သမျှငြိမ်​ငြိမ်​​လေးပဲကြည့်​​နေခဲ့ရသည်​။

"မ​ပြောပါဘူးသားငယ်​​လေးရယ်​ ​မေကြီးကဘယ်​တုန်းကပြန်​​ပြောဖူးလို့လဲ​ပြော"

သူမချစ်​မျက်​​စောင်း​လေးဝင့်​ကာ​ပြောမိ​တော့ ရင်​ခွင်​ထဲကဂစ်​တာ​လေးအား​ဘေးချကာ သူမခါးကိုယှက်​သွယ်​လာ​သောလက်​က​လေးတစ်​စုံ။ ဒါ သူ့ရဲ့​ချော့နည်းတစ်​မျိုး​လေ။

"ဟီး ဟုတ်​ပါတယ်​​မေကြီးရ... ​မေကြီးကပြန်​မ​ပြောဖူး​ပေမယ့်​ လွှတ်​ခနဲထွက်​သွားမှာစိုးလို့သားကသတိ​ပေးတာပါ ဟီး ဒါနဲ့​မေကြီးကသားဆီဘာလာလုပ်​တာ... သားကိုခိုင်းစရာရှိလို့လား "

"မဟုတ်​ပါဘူးသားသားရယ်​ သားသားလုပ်​တာနဲ့​မေကြီးလာရင်းကိစ္စ​မေ့လို့... တုတုက​ပြော​နေတာ သားသားလိုင်း​ပေါ်ခနတက်​ခဲ့ပါဦးတဲ့ သားကလိုင်း​ပေါ်မရှိ​တော့ ​မေကြီးဆီ​ပြောလာတာ အဲ့တာလာ​ပြောတာပါရှင်​"

Just Only For YouDonde viven las historias. Descúbrelo ahora