Just Only For You - 44

2.9K 219 45
                                    

#Zawgyi

'Hello´

'ဟဲ့အ​ကောင်​... နင်​ကဘာ​စောက်​ချိုးချိုးလိုက်​တာလဲ ဟမ်​... ငါမသိချင်​​ယောင်​​ဆောင်​​နေခဲ့တာ နင့်​ဒီအချိုးကိုမြင်​ချင်​လို့မဟုတ်​ဘူးဟဲ့´

အ​ခွေသစ်​အတွက်​ပြင်​ဆင်​​နေရာ studioမှပြန်​အ​ရောက်​ ရုံးခန်းထဲ​ချေခြရုံရှိ​သေးဝင်​လာ​သောဖုန်းကိုကိုင်​မိခိုက်​ speakerဖွင့်​မထားတာ​တောင်​ အပြင်​ကိုလျှံထွက်​လာ​သောအသံ​ကြောင့်​ ဒီ​ရေဖုန်းကိုနား,နားမှခွာလိုက်​မိသည်​။

'ဘာကိုလဲ​မွေ့ရဲ့... ​ဖြေး​ဖြေး​ပြောပါ အသံကလည်းပြဲလန်​​နေ​ရောပဲ´

'မ​ဖြေးနိုင်​ဘူးအ​ကောင်​​ရေ... မ​ဖြေးနိုင်​ဘူးဟဲ့... ငါအလုပ်​​တွေရှုပ်​​နေတာနဲ့နင်​ကံ​ကောင်းသွားတယ်​မှတ်​... နင့်​ကိုလူကိုယ်​တိုင်​လာသတ်​ချင်​​နေတာ´

တစ်​ဖက်​က​မွေ့ရဲ့အသံကတကယ်​ကိုတင်း​နေသည်​မို့ ကျွန်​​တော်​​ကြောင်​​နေမိတာ​တော့အမှန်​။ ကျွန်​​တော်​ဘာများလုပ်​မိလို့လဲ...။

'​အော်​ ကဲ ဘာဖြစ်​တာလဲ... ငါဘာလုပ်​လို့လဲ​မွေ့ရ´

'မုန်​လာဥလာလုပ်​မ​နေနဲ့သူ​တောင်းစား... နင်​လုပ်​ထားတာနင်​သိ´

ဟ ဘလိုင်းကြီးခွပ်​​နေတာ​နော်​ဂျပုမက။

'ဘာမှမလုပ်​ဘူး​ဟေ့... ဘာမှမလုပ်​ထားလို့ဘာလုပ်​လို့လဲလို့နင့်​ကို​မေး​နေတာ´

'နင်​ကိုယ်​တိုင်​တိုက်​ရိုက်​လုပ်​တာမဟုတ်​ဘူး နင်​နဲ့သက်​ဆိုင်​​နေတာ... ​အေး လုပ်​ချင်​တဲ့သူလုပ်​ ငါတို့က​လေးမျက်​ရည်​ကျတာနဲ့အကုန်​လုံးကိုအ​ရေခွံစုတ်​ပစ်​မယ်​... အလကားဟာ​တွေ ၆နှစ်​​လောက်​နှိပ်​စက်​လာတာနဲ့တင်​အားမရလို့ ​တောက်​ခ်​´

တောက်​တစ်​ချက်​​ခေါက်​သံ​နောက်​ တီခနဲဖုန်းချသံကိုကြားလိုက်​ရသည်​။ လူပုသ​လောက်​​ဒေါသကလည်းကြီးလိုက်​ပါဘိ။ သူ​ပြောချင်​ရာ​ပြောပြီးဖုန်းချသွားတယ်​ ကျွန်​​တော်​ဘာမှနားမလည်​လိုက်​။

အလုပ်​​တွေကဆက်​တိုက်​ကိုရှုပ်​​နေသည်​မို့ အလုပ်​လုပ်​ရန်​ပြင်​​နေခိုက်​ ​နောက်​ထပ်​ဝင်​လာ​သောဖုန်း​ကောလ်​တစ်​ခု...

Just Only For YouDonde viven las historias. Descúbrelo ahora