''မင်းအတွက်ထူးဆန်းနေမှာသိပေမဲ့ ...''
''ထယ်အီလ် ငါမင်းကိုချစ်တယ် ...''
''မင်းဘက်က ဘာမှပြန်ပြောစရာမလိုဘူး ငါ့ကိုမခေါ်တော့ရင်လည်း ရတယ်...မုန်းပစ်ရင်လည်းရတယ် ''
တစ်ဖက်လှည့်ထားတဲ့ သူ့မျက်နှာမှာ ကျနော့်အတွက်အမုန်းတွေနဲ့ ပြည့်နှက်နေလိမ့်မလား ကျနော်မသိဘူး။ ဒါပေမဲ့ သူ့ကိုဖွင့်ပြောခဲ့ပြီးတာကြောင့်တော့ နောင်တမရလောက်ပါဘူး။
''ငါက ဘာလို့လဲ...''
''ဟင် ''
''ငါကမင်းကို ဘာလို့မုန်းလိုက်ရမှာလဲ မေ့ပစ်လိုက်ရမှာလဲ ငါ...ငါလည်း မင်းကိုချစ်တာပဲ ''
မရူးစမ်းပါနဲ့ မွန်းထယ်အီလ်...။
''ငါလည်း မင်းကိုသဘောကျတယ်လို့ ''
_____________FRIENDZONE___________
''Hyungတို့ တစ်ခုခုဖြစ်ထားကြလား''
အဟွတ် ဟွတ် ~
အကဲခတ်တတ်လွန်းတဲ့ ဒိုယောင်းရဲ့စကားသံအဆုံး သောက်လက်စ ဖျော်ရည်ပါ သီးသွားရတာက ဂျောင်ဂျယ်ဟျွန်း။ ထယ်အီလ်ကတော့ သူမဟုတ်သလိုရယ်ရင်း ဘာမှမပါတဲ့ စာအုပ်ကိုပဲကြည့်နေပြန်ပြီ။ သူစိတ်လှုပ်ရှားနေပြီပဲ~
''ဘာလို့လဲ ဘာထူးဆန်းနေလို့လဲ ''
''ဘာမှမဟုတ်ပါဘူး ဒီတိုင်း ပုံမှန်ပြန်ဖြစ်သလိုပဲ ''
ဒိုယောင်းကပြောပြီး သူ့ဂိမ်းသူပဲ ဆက်ဆော့နေတော့ ကိုယ်မြတ်နိုးစွာ ဆုပ်ကိုင်ထားတဲ့ သူ့လက်လေးတွေလည်းမြင်နိုင်မယ်မထင်ပါဘူး။ ကိုယ်ဆုပ်ကိုင်ထားတဲ့ လက်တွေထဲမှာ ချစ်ခြင်းတွေ ယုံကြည်မှုတွေ ပျော်ရွှင်ခြင်းတွေပျော်ဝင်နေတာကိုတော့ ကိုယ်တို့နှစ်ယောက်ပဲ အသိဆုံးဖြစ်နေမှာပဲ။
ချစ်တယ် မွန်းထယ်အီလ် ~
အင်း ငါရောပဲ ဂျောင်ဂျယ်ဟျွန်း~
အချိန်ကြာမြင့်စွာပဲ တားထားတဲ့ သူငယ်ချင်းစည်းကို ဘယ်လိုဖျောက်ဖြတ်လိုက်မိပါလိမ့်။ သြော် အချစ်ကြောင့်ပဲကိုး။ 💙 အချစ်နဲ့ တွေ့ဆုံဖို့ ဖရန့်ဇုန်ကိုဖျောက်ပစ်ဖို့ ~
''Hyung တို့ကို ကျနော်ပြောစရာရှိတယ်''
ဂိမ်းဆော့နေရကနေ ရုတ်တရက်ထပြောတဲ့ ဒိုယောင်းကြောင့် လန့်ဖျတ်ပြီး ကိုင်ထားတဲ့လက်တွေပဲလွှတ်လိုက်ရတော့မလို့။ သူကတော့ သတိထားမိပုံမပေါ်ပဲ ဆက်ပြောနေပြန်သည်။
''ထယ်ယုံးဆိုတဲ့ကောင်ကို သိတယ်မလား ကျနော်နဲ့လည်း သိပ်မတည့်ပဲနဲ့ သူငယ်ချင်းဖြစ်ချင်တယ်လို့လာပြောနေတယ် ဖုန်းတွေလည်းဆက်နေတယ် နံပါတ်ဘယ်ကရသွားများလဲ! လုပ်လိုက်ရမလား သူနဲ့ သူငယ်ချင်း ''
''မလုပ်နဲ့!! သူငယ်ချင်းဖြစ်ချင်တယ်လို့ မပြောလိုက်နဲ့''
...
လွန်ခဲ့သော နှစ်ရက်ခန့်~
''ထယ်အီလ်ဟျောင်း ''
ရေခဲမုန့်သွားဝယ်နေသည့် ဂျယ်ဟျွန်းကိုစောင့်နေတုန်း ချစ်စဖွယ်အပြုံးရှိတဲ့ ကောင်လေးတစ်ယောက်က စကားလာပြောသည်။ ကိုယ့်နာမည်ကိုပင်သိနေသည့် သူ့ကိုမသိတော့ ကြောင်တောင်တောင်ပင်။ သူကသတိထားမိသွားသည့်အလား။
''သြော် ကျနော်က ဒိုယောင်းသူငယ်ချင်းပါ အဲ့တာ''
ဒိုယောင်းနာမည်ကိုပြောရင်း မျက်နှာကအနည်းငယ် ရယ်မြူးရိပ်သန်းသွားသည့် ထိုကောင်လေးက ချစ်ဖို့ကောင်းလွန်းနေသလိုပင်။
''အဲ့တာ သူ့ဖုန်းနံပါတ်လိုချင်လို့''
အင်! သူငယ်ချင်းလို့ပြောပြီး ph နံပါတ်လာတောင်းနေသည့် ကောင်လေးကို သိပ်တော့မသင်္ကာပေမဲ့ ဒိုယောင်းဖုန်းနံပါတ်က ဘာမှမဟုတ်တာမို့ ဒီတိုင်းပဲပေးလိုက်သည်။ အင်းလေ သူက ဆယ်လီဘရစ်တီမှမဟုတ်တာ ။
...
''ဘာလို့လဲ ''
ဂျယ်ဟျွန်းရော ဒိုယောင်းပါ ကြောင်တောင်တောင်မျက်နှာပေးတွေနဲ့ ကြည့်လာသည်ကိုလျစ်လျူရှူပြီး အအေးသာဆက်သောက်နေလိုက်တော့သည်။ မင်းတစ်ချိန်ကျရင် ငါ့ကိုကျေးဇူးတင်နေတော့မှာပါ...။
THE END 💙
ထပ်ရေးဦးမယ် 😑