သာယာသောနေ့တစ်နေ့၏ မနက်ခင်းမှာ Baekhyun နိုးလာခဲ့သည်။ သူစိတ်ထင်နေသည်လားမသိ အရာရာကလှပလွန်းနေသည်။ သူ့ကုတင်ဘေးနားမှ Chanyeol poster ကလဲ အရင်ကထက်ပြုံးနေသည်က နွေးထွေးနေသယောင်။ ဖုန်းကိုတစ်ချက်ကိုင်ကာ ရက်စွဲကိုကြည့်လိုက်တော့ February 13။ ဟင် 13
ဟိုက်သေပြီ ဒီနေ့ လူကြီး ဆီကအဖြေရမှာဘဲ။ထို့ကြောင့် အိပ်ယာမှလျှင်မြန်စွာထ၍ ပြင်ဆင်ရသည်။ ညကအဲလူကြီးက ကောက်နေသေးတာ အတင်းပြောလိုက်၍သာ ဒီနေ့ ကိုးနာရီအဖြေပေးဖို့ ဖြစ်လာတာ။ အလကား အဲ့လူကြီးဟာမိန်းမလဲမဟုတ်ဘဲ အရမ်းမူတာ။ ဒီက bobohu လေးကိုလည်း သဝန်တိုချက်ကလည်း ၉ လောက်ရှိတယ်။ ဒါတောင် အဖြေပေးရသေးတာမဟုတ်။ တော်ပါပြီလေ ဆက်ပြောရင်လဲ ဒီက FA မမတို့ကိုနှိမ်တယ်ဖြစ်ဦးမယ်။ ဒီက bobohu က FA မဟုတ်တော့ဘူးနော်။ ဒီနေ့ကိုးနာရီမှာ RS ဖြစ်မဲ့ အနာဂတ် RS လောင်း။ Sg ဘဝကို တာ့တာ့ပြ RS လောကကို ခြေစုံပစ်ဝင်မဲ့ bobohu လေးပါဘဲ။
သူနဲ့တွေ့ဖို့ အကျီင်္ရွေးရတာလဲ လွယ်တဲ့အလုပ်တော့မဟုတ်။ သူ့မျက်လုံးထဲမှာလဲ ချစ်ဖို့ကောင်းရမည်။ နည်းနည်းလဲ မန်းမလီဆန်ရဦးမယ်။ ဒါမှအမှတ်များပြီး ချစ်တယ်ဆိုတဲ့ အဖြေရဖို့ ကိုးဆယ့်ကိုး ရာခိုင်နှုန်းသေချာမှာလေ။ အရွေးလွန်ပြီး နာရီကိုလှမ်းကြည့်လိုက်တော့ ၈ နာရီ ၁၅ မိနစ်ပင်ရှိနေလေပြီ။ ထို့ကြောင့် ကိုယ်နဲ့ လိုက်ဖက်မယ်ထင်ရတဲ့ အနီရောင်အကွက်အကွက်နဲ့ရှပ်အကျီကိုသာ ဝတ်လိုက်သည်။ မျက်မှန်အမည်းလေးကိုတပ်ပြီး မှန်မှာကြည့်လိုက်တော့