P.2

1.5K 265 11
                                    

ကိုယ်တစ်ပိုင်းပေါ်သည့်..မှန်တစ်ချပ်ပေါ်တွင်
တိကျ..ရှင်းလင်းစွာပေါ်နေသည့်..
အချိုးအဆစ်ကျနသော...ခန္ဓာကိုယ်အစိတ်
အပိုင်းတို့က ပန်းပုရုပ်ထုဆစ်ထားသလို..။

အားကစားလိုက်စားသူဖြစ်သဖြင့်..
သူ့နေရာနဲ့သူ..ကျစ်လျစ်တောင့်တင်းနေသော
ခန္ဓာကို..တစ်စိမ့်စိမ့်ကြည့်မိတိုင်း..
ကျေနပ်စိတ်တို့က..တစ်ကိုယ်လုံး လွှမ်းခြုံမြဲပင်..။

ထို့ပြင်...
လုံးဝိုင်းသော..မျက်လုံးအစုံ..
ဖြောင့်စင်းသော..နှာတံ..
ထို..နှာတံအပေါ်တွင်..ကပိုကယိုကပ်တွယ်
နေသည့်..မထင်မရှား..မှဲ့တစ်ပွင့်နဲ့အတူ..
နီစွေးသည့်..နှုတ်ခမ်းဖူးဖူးတစ်စုံနှင့်..
မြင့်မားသော...အရပ်အမောင်းတို့ကို ပိုင်ဆိုင်ထားရခြင်းသည်လည်း...
လူတွေကြားထဲမှာ..ထင်ရှားသည့်..
လူတစ်ယောက်အဖြစ်သို့ တွန်းပို့ပေးသည်..။

ငယ်ငယ်တုန်းက...အနည်းငယ်ဝသည့်ဘက်ကို
ပါခဲ့ပေမယ့်..
ဆယ်ကျော်သက်အရွယ်ကူးပြောင်းလာသည့်
အချိန်တွင်..
ကိုယ်ရည်စစ်ကာ..အရပ်ထောင်ထောင်မောင်း
မောင်းနှင့်လူချောလူလှ စာရင်းဝင်ခဲ့သည်မှာလည်း
ဘုရားပေးသည့်..ဆုလာဘ်တစ်ခုလိုပင်..။
ကိုယ့်ဖြစ်တည်မှုကို..တန်ဖိုးထားမိသည်..။

မနေ့ကမှ...အမဲရောင်ပြန်လည်ဆိုးထားသည့်
ဆံပင် တိုတို တို့သည်လည်း..
အလှပေါ် ..အလှဆင့်ထားသလို..
ချောမောပြေပြစ်ပြီး..ယောက်ျားဆန်သည့်
ရုပ်ရည် နဲ့ ပနံသင့်လိုက်ဖက်လွန်းသည်..။

သူများတွေဆို..ဒီလိုဆံပင်အမဲရောင် ရိုးရိုး
ကြီးနဲ့ဆို...ပုံတုံးထွက်နေမှာပေမယ့်..
ကျွန်တော်ကတော့..ခြွင်းချက်ပေါင်းများစွာ
နှင့်..ပြည့်စုံသူမို့..
အရိုးရှင်းဆုံးပုံစံနှင့်လည်း..လိုက်ဖက်ဆဲ..
ဖြစ်သည်..။

ခေါင်းလျှော်ထားသောကြောင့်..ရေအနည်းငယ်
စိုချင်သေးသော...ဆံပင်တို့ကို..
အနောက်သို့ လှန်တင်လိုက်ပြီး..
မှန်ထဲက..ကိုယ့်ပုံရိပ်ကို..ပြုံးကြည့်လိုက်ကာ..
ကျေနပ်အားရမှုတွေကို..အပြီးဖြတ်ကာ..
ရေချိုးခန်းထဲက..ထွက်ရန်ပြင်ဆင်လိုက်သည်..။

"အိုခေ..အလုပ်လုပ်ဖို့ အချိန်ကျပြီ.."

မဲ့ပြုံးလှလှတစ်ခုပြုံးကာ..ဘေးနားမှာ..
အဆင်သင့်..ချိတ်ပေးထားသည့်..
အဖြူရောင်..ရေချိုးခန်းဝတ်စုံကို..
ဗလာကျင်းနေသည့်..ခန္ဓာကိုယ်မှာ..
ကပိုကရိုဝတ်ဆင်လိုက်သည်..။

White Bracelets Where stories live. Discover now