ညရဲ့ အေးမြမှုနဲ့အတူ ပတ်ဝန်းကျင်ရဲ့ တိတ်ဆတ်ခြင်းနှင့် ကားအဖြူရောင်လေးတစ်စီးသာ ရန်ကုန် မန္တလေးအမြန်လမ်းမှာ မောင်းနေလျက်ရှိသည်။ ပတ်ဝန်းကျင် တိတ်ဆိတ်ယုံသာမကဘဲ ကားလေးအတွင်းမှာလဲ အသံဟူ၍ပင် တစ်စိုးတစ မရှိ တိတ်ဆိတ်လျက်..
ထို တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူက ကားနောက်ခန်းတွင် လိုက်ပါ စီးလာသော အသက်ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်....
ဖြောင်းဆင်းလျက်ရှိသော နှာတံ သွယ်လျလှသောမေးရိုး ၊ ထူသလိုရှိကာ ညိုဖျော့ဖျော့ အရောင်ရှိသော မျက်ခုံး နှင့် ထိုမျက်ခုံးကို ဖုံးကာ မျက်လုံးစပ်နားအထိပင်ချထားသည့် အနည်းငယ် ရှည်ပြီး ရှုပ်ထွေးလှသော ဆံပင်အညို ၊ ပန်းရောင်သန်းကာ ပါးလျနေသာ နှုတ်ခမ်းသား ၊ ဖြူဖွေးလျက် ညီညာသောသွားများနှင့် အနည်းငယ်ချွန်လှသော သွားစွယ် ၊ ဖြူသယောင်ရှိသော အသား.. ခြုံ၍ ပြောရလျှင် လွန်စွာချောမောလွန်းသော လူငယ် တစ်ဦး။
#ထိုကောင်လေး အမည်က "သော်တာဘုန်းမြတ်""တူလေး 'ဘုန်း' ကားမူးလို့ မှန်တံခါးချလိုက်တာလား?"
"မဟုတ်ဘူး ဦးလေးချစ် ကျွန်တော်ခဏလောက် သဘာဝ လေလေး ရူချင်လို့ပါ"
"ငါ့တူလဲ ကျောင်းပြီးထဲက အလုပ်တွေလုပ်နေရတာ မပင်ပန်းဘူးလားကွယ်.. အသက်လေး ငယ်တုံး သူများကလေးတွေလို ပျော်ပျော်ပါးပါးနေပါအုံးလားကွဲ့.. ကိုယ့်အနောက်မှာ ထောက်ပံ့ရမဲ့ မိသားစု ရှိတာလဲ မဟုတ်ဘဲနဲ့.. "
ငယ်စဉ်ထဲကပင် မိသားစုလိုက် ရန်ကုန်မှ တောင်ကြီးကိုအသွား အမြန်လမ်းမှာ ကားမှောက်မှုကြောင့် မိဘနှစ်ပါးလုံး ဆုံးရူံးခဲ့ရသည်။ အာ့နောက် တောင်ကြီးမြို့ပေါ်က မိဘမဲ့ကျောင်းလေးတွင်နေကာ လအနည်းငယ်ကြာတော့ ရန်ကုန်က သဋ္ဌေးလင်မယား၂ယောက်ရဲ့ ခေါ်ယူမွေးစားခြင်းကြောင့် ရန်ကုန်ပြန်ရောက်ခဲ့ရပြန်သည်။ ထိုလင်မယား ၂ယောက် ကျွေးမွေးစောင့်ရှောက်မှုကြောင့် တက္ကသိုလ်အပြီး ဘွဲ့ရကာ မွေးစားအဖေ အပိုင် Company ကို လက်လွဲပြောင်းကာ အုပ်ချုပ်နေရသည်လေ။ မွေးစားမိဘတွေ ဆိုပေမဲ့ သော်တာဘုန်းမြတ် အပေါ်တော့ သားအရင်းနဲ့မခြား ချစ်သည်ကို သော်တာဘုန်းမြတ် အသိဆုံးပင် သို့သော် သော်တာဘုန်းမြတ် အတွက်တော့ ပျော်ရွှင်မှုဆိုသည့် နာမ်စားက ပျောက်ခြင်းမလှပျောက်ကွယ်နေသည်။.. အခုလဲ Companyကို သော်တာဘုန်းမြတ်ဆီ အပြီးလွဲပြောင်းပေးကာ တောင်ကြီးတွင် နေထိုင်နေသော မွေးစားမိဘတွေရဲ့ phဆက်ခေါ်မှုကြောင့် ညတွင်းချင်းပင် တောင်ကြီးတက်လာရသည့် အဖြစ်။
"ဒါနဲ့ ဦးလေးချစ် ဖေနဲ့မေ ကဘာလို့ ကျွန်တော့်ကို တောင်ကြီးခေါ်တာလဲ ဦးလေးချစ် သိလား? အရင်က ကျွန်တော် လာမယ်ပြောရင်တောင် စိတ်မချလို့ သူတို့ ကိုယ်တိုင် လာမယ်ပြောတဲ့ဟာကို.."
YOU ARE READING
ပြင်းရှသော ရင်ခုန်သံ၏ နောက်ကွယ်
Romanceနောက်ဆုံးတော့ ခြူးရဲ့ fic အသစ်လေး အတွက် ဇာတ်ကောင်ရော ဇာတ်အိမ်ရော ရသွားခဲ့ပြီရော် 😍..။ ကို့ဟာ ကိုတော့ တော်တော် ဖတ်လို့ကောင်းနေတယ် 😁 ဒီတစ်ခါတော့ Drama လေးနဲနဲရောမယ် ပြီးမှ သကြားတွေရော ပျားရည်တွေရော ရောပြီး ချောဆိုး ချွဲကြပ်တဲ့ အထိ sweet မယ် Ro ဖို့က...