တက်ကြွနေသော ခြေလှမ်းများနှင့် ခုန်နေသော ရင်ကို လက်နှင့်အုပ်ကာ ဖေရဲ့စာကြည့်ခန်းကို ခပ်မြန်မြန် လျှောက်လာခဲ့သည်။ စာကြည့်ခန်း ရှေ့ရောက်သည်နှင့် တံခါးပိတ်ထားခြင်း မရှိသောကြောင့် အခန်းထဲကိုပင် ဝင်လာခဲ့သည်။
"သြော်.. သား ဝင်လာခဲ့ ပြီးရင် တံခါးပါ တစ်ခါထဲ ပိတ်လိုက်"
"ချောက်"
"ထိုင် သား..ဖေ မင်းကို ရန်ကုန်က အရေးတကြီးခေါ်လိုက်တာ သားနဲ့တိုင်ပင် စရာ ကိစ္စလေးရှိလို့"
"သားသိတယ် ဖေ အကြောင်းမရှိဘဲတော့ သားကို တောင်ကြီး တက်ခိုင်းမှာ မဟုတ်ဘူးဆိုတာ.. ပြောပါဖေ"
"အေး.. အကြောင်းကတော့ ညဏ်လေး ကိစ္စဘဲ။ အစ ကတော့ သားကို အပူမကပ်ဖို့ လုပ်ထားတာပေမဲ့ အခြေအနေက မခေါ် မဖြစ်တော့တာမို့ အပူကပ်ရတော့ မှာဘဲ"
"ရပါတယ်.. ဖေ သား ဘာကူညီပေးရမလဲ"
"ညဏ် အကြောင်းကိုလဲ မင်း မေပြောပြထားပြီးမို့ ဖေ ထပ် မပြောတော့ဘူး.. ဖေ ပြောချင်တာက ဖေ ညဏ်ကို ကျောင်းပြန်တက်စေချင်တာ။ ဒါပေမဲ့ ညဏ်က အကြောင်းအရင်း မရှိ မတက်ချင်ဘူးဘဲ ငြင်းနေတာမို့ အဖေတို့လဲ အခက်ခဲ ဖြစ်နေတာ.. အာ့တာ သားများ မေးလို့ရနိုင်မလားလို့"
ဖေပြောနေတဲ့ ညဏ်ရဲ့ ပုံစံက ကျွန်တော် ဖေနဲ့မေ တို့အိမ်ရောက်ကာစ ကျောင်းမတက်ချင်ကြောင်း ငြင်းခဲ့ပုံနဲ့ တူနေသောကြောင့် ဖေ ဘာလို့ ကျွန်တော်ကို အကူညီတောင်းလဲ ကျွန်တော် ရိပ်စားမိခဲ့သည်။
"ကျွန်တော် နားလည်ပြီဖေ.. ကျွန်တော်လဲ အရင်က ဖေ တို့ပေါ် ဆိုးခဲ့ပုံနဲ့ တူတယ်နော်..ဒါကြောင့်လဲ မေကပြောတာ ညဏ်က ကျွန်တော်နဲ့တူတယ်တဲ့။ အခုလဲ ညဏ်က ကျွန်တော့်လို တွေးမိလို့ ကျောင်းမတက်ချင်ကြောင်း ငြင်းတာနေမှာ .. ကျွန်တော့် တုန်းကလဲ ကျွန်တော့်ကြောင့် ဖေနဲ့မေ အလုပ်များ ရှုပ်သွားမလား ဆိုပြီး တွေးခဲ့ဘူးတယ် ဒါကြောင့် ငြင်းခဲ့တာ.. ""ဟား.. ငါ့ သား ဘုန်းတောင် အရွယ်ရောက်လာပြီဘဲ။ သား ကိုမွေးစားခဲ့လို့ မေနဲ့ဖေ နောင်တ ရခဲ့တဲ့ အချိန်ဆိုတာ မရှိခဲ့ဘူးဖူး။ သား ကြောင့်ဘဲ အမြဲ တခြားမိဘတွေကြား ခေါင်းမော့ ရင်ကော့ ခဲ့ဘူးတာ ။"
YOU ARE READING
ပြင်းရှသော ရင်ခုန်သံ၏ နောက်ကွယ်
Romanceနောက်ဆုံးတော့ ခြူးရဲ့ fic အသစ်လေး အတွက် ဇာတ်ကောင်ရော ဇာတ်အိမ်ရော ရသွားခဲ့ပြီရော် 😍..။ ကို့ဟာ ကိုတော့ တော်တော် ဖတ်လို့ကောင်းနေတယ် 😁 ဒီတစ်ခါတော့ Drama လေးနဲနဲရောမယ် ပြီးမှ သကြားတွေရော ပျားရည်တွေရော ရောပြီး ချောဆိုး ချွဲကြပ်တဲ့ အထိ sweet မယ် Ro ဖို့က...