Seoul မြို့ရဲ့ အအေးက လွန်ကဲလွန်းလှသည်...
လမ်းမကြီးတလျှောက် လူရှုပ်ထွေးပေမဲ့ အနွေးထည်ကိုယ်စီနှင့် အအေးဒဏ်ကို အံတုလျက် သွားလာနေကြသည်.
ထို လူများထဲတွင် မျက်မှန်ဝိုင်းလေးနဲ့ ဆံပင်အုပ်အုပ်တို့ ပိုင်ဆိုင်သူ ကောင်လေးတယောက်ကတော့ နီးရာ ခုံတန်းရှည် တခုပေါ် ထိုင်ချလိုက်ရင်း .
ခဲပတ်နှင့် ထုတ်ထားသော ထမင်းလိပ်လေးကို ထုတ်ဝါးနေရင်း သူ့ရှေ့မှ သွားလာနေသူတို့ကို ကြည့်နေလေရဲ့။'ဟူးးးး. '
အာခံတွင်းမှ အငွေ့တို့က သက်ပြင်းချသံနောက် ဖွားခနဲ အပြင်လောကသို့ ထွက်လာကြသည်.
ထမင်းလိပ်ကို စိတ်မပါ့ တပါ ကောက်ဝါးရင်း ယခုထက်ထိ ရှာမတွေ့နိုင်သေးသော အလုပ်အတွက် စိတ်ပျက်အားလျော့ နေမိသည်.သူ့မှာစိတ်ကူးထားသော Dream jobတို့ ရှိသည်. အခြေအနေ အရပ်ရပ်ကြောင့် ဖြစ်မလာနိုင်သော ထို Dream job တို့ကို မေ့ထားကာ ရ ရာ ဝင်လုပ်နေသည်မှာ သူ့ အတွက် အဆန်းတကြယ်တော့ မဟုတ်လှပါ.
သူ အလုပ်ရှာနေတာ ယခင် သတင်းစာတိုက်က ပြုတ်ပြီးတည်းက ခုဆို ၂လ လောက်ရှိတော့မည်.
ငှားထားသည့် ခေါင်မိုးထပ် အိမ်ခန်းလေးက အိမ်လခ မပေးနိုင်ခဲ့သည်မှာ သူ အလုပ်မဲ့တည်းက.
မကြာခန အိမ်လခ အကြွေးလာတောင်းတတ်သော ခပ်ဝ ဝ အန်တီကြီးကို မျက်နှာမပြရဲ။
သို့ပေမဲ့ ဘူဆန်ကိုလည်း မပြန်ချင်.
သူ့တယောက်စာလောက်အတွက် ထပ်ပြီး Omma တို့ကို ဝန်မပိချင်ပါ.အရောင်စုံ လူတို့ကို ခပ်ငေးငေးလိုက်ကြည့်ရင်း နေရာမှာပဲ မလှုပ်မယှက် ထိုင်နေဆဲ.
တီ. တီ.
မရှိမဖြစ် ဆက်သွယ်ဖို့ ဝယ်ထားရသော ဖုန်းသံလေးကြောင့် ကြည့်လိုက်တော့ ယခင်သတင်းစာ တိုက်က ခင်မင်ခဲ့သော Hyung ဆီက ဖုန်း.
'ဟဲလို. Baekhyunee ပါ. '
'အင်း. Baek ရေ. Hyung အလုပ်တခု တွေ့ထားတယ်. လုပ်ချင်မလားလို့။ နည်းနည်းတော့ ခက်ခဲနိုင်ပေမဲ့ Baekက အလုပ်လိုနေတာဆိုတော့ စိတ်ဝင်စားမလားလို့။ '
'ဘာအလုပ်လဲ Hyung. လုပ်ကြည့်ချင်ပါတယ်. '
'အေး ဒါဆို နက်ဖန် Diary cafe ကို လာခဲ့။ Hyung အ့ဒီ အလုပ်နဲ့ ပတ်သတ်ပြီး ပြောပြမယ်. '