💫Dream Crusher-2💫

873 191 21
                                    


'ထိုင်ပါ'

သခင်ကြီး park ရဲ့ စာကြည့်ခန်းထဲ နောက်တခေါက် ထပ်ရောက်ခဲ့ချိန်မှာတော့ အခြေအနေတွေက အနည်းငယ် အေးစက်စက်နိုင်လှသည်.

'သား နဲ့ တွေ့ပြီးပြီဆိုတော့ အခြေအနေကို သဘောပေါက်လောက် ရောပေါ့. တခုသိထားဖို့က Baekhyun က ဒီ အလုပ်ကို လက်ခံပြီးမှ ရောက်လာတာမို့ ငြင်းပိုင်ခွင့် မရှိဘူးဆိုတာ နားလည်ထားပေးပါ.
အပြင်လောက မှာ သားက ဒီလိုအခြေအနေဆိုတာမျိုး ကိုလည်း ပေါက်ကြားခွင့် မပေးနိုင်တာမို့ မဖြစ်မနေ သားနားမှာ နေရမယ်လို့ သိထားပေးပါ.
ပင်ပန်းလောက်ရောပေါ့. နားပါ. '

တွေ့ဆုံဆွေးနွေးတယ်ဆိုတာမျိုးက အပြန်အလှန် ကိုယ့်ဘက်က အခက်အခဲတွေကို ပြောဆိုရတာမျိုးပေမဲ့ Baek အတွက်ကတော့ အမိန့်တခုကို လိုက်နာယုံမျှသာ…
ငြင်းဆန်ဖို့ အကြောင်းတရားက လုံလုံလောက်လောက် မရှိသလို ငြင်းဆန်နိုင်စွမ်းလဲ မရှိပါ.

ကိုယ့်ကို ပေးထားတဲ့ အခန်းလေးဆီ ပြန်တက်လာတော့ သခင်လေး Yeol အခန်းဆီ အကြည့်ရောက်မိသည်.
အခန်းလေးက တိတ်ဆိတ် ငြိမ်သက်လျက်.

သက်ပြင်းမောကို ချလိုက်ရင်း အခန်းထဲသာ ဝင်ရောက်လိုက်တော့သည်.
မဟူရာညမှာ ကြယ်လှလှက သာလျက်~

       💫Dream Crusher💫

'သခင်လေး . မနက်စာ စားချိန်ရောက်ပါပြီ။  ထပြီး တံခါးဖွင့်ပေးပါ. '

မနက်စောစော Baek တယောက် breakfast ဗန်းလေးကိုင်ကာ မနေ့က သခင်လေး အခန်းကို လာခေါက်နေသည်မှာ တအောင့် ရှိနေပေမဲ့ ခုထက်ထိ တံခါးက ဖွင့်မလာ.
ဒီ တအိမ်လုံးမှာ အိမ်တော်ထိန်းKim က လွဲပြီး ဘယ်သူမှ သခင်လေး နားကပ်လို့ မရသလို ကပ်လဲ မကပ်ရဲကြ.
အိမ်တော်ထိန်း တယောက် ပြောသမျှကိုသာ နားထောင်တာမို့ အသက်အရွယ်ကြီးပြီး ကျန်းမာရေး မကောင်းသော အိမ်တော်ထိန်းကြီး မရှိခဲ့တော့လျှင် သားဖြစ်သူရဲ့ အခြေအနေ သည် ဆိုးရွားလာမှာ ကြောင့် သခင်ကြီး park က မရမက Yeol နားနေပေးဖို့ လူကို ရှာဖွေနေခဲ့တာပင်.

သို့သော်. သိပ်တော့ မခံလှ. သခင်လေး ဒဏ်ကို မခံနိုင်ထင့်. အလုပ်ထွက်သွားကြသည်က များလေသည်.

Has llegado al final de las partes publicadas.

⏰ Última actualización: Jul 18, 2018 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Dream CrusherDonde viven las historias. Descúbrelo ahora