Part 16
8.7K 864 31
Zawgyi
ဒီလိုနဲ့ပဲ ရာသီစက်​ဝန်းတစ်​ပတ်​လည်​လို့ ​နောက်​တစ်​နှစ်​ရဲ့ ​ဆောင်းဦးရာသီကို​ရောက်​လာခဲ့တယ်​....​အေးစိမ့်​စိမ့်​ရာသီဥတုက အလွမ်းဓာတ်​ခံရှိသူ​တွေအဖို့​တော့ မြင်​မြင်​သမျှ လွမ်း​မောစရာ​ကောင်း​နေ​တော့တယ်​... တစ်​နှစ်​အတွင်းမှာ
က​လေးနဲ့ပတ်​သက်​တဲ့ခံစားချက်​​တွေကို တခြားလူ​တွေမမြင်​​အောင်​​နေတတ်​လာတဲ့ ပညာရပ်​ကို ​တော့ ကျွန်​​တော်​တတ်​​မြောက်​လာခဲ့တယ်
ကျွန်​​တော်​သူ့ကို ကွာရှင်း​ပေးထားတာက မမြင်​ရ​သေးတဲ့ကျွန်​​တော့်​ရဲ့အကြံအစည်​တစ်​ချို့​ကြောင့်​လို့ ချစ်​ရသူက ယုံကြည်​​နေ​သေးတာ​ကြောင့်​ သူ့ရဲ့သံသယ​တွေ​ပျောက်​ကွယ်​​စေဖို့ သွားတာလာတာကအစ သတိ​နဲ့​နေ​နေရတယ်​....
ချစ်​တယ်​လို့​တော့ထပ်​မ​ပြောဖြစ်​ခဲ့....သူစိတ်​ညစ်​မှာစိုးတာ​ရော...ကျွန်​​တော့်​အချစ်​​တွေကို တန်​ဖိုးမရှိ​အောင်​လုပ်​​နေတယ်​လို့ခံစားရလို့​​​ရောလေ
အိုမားက​တော့အား​ပေးရှာပါတယ်​...သားအချစ်​​တွေကိုJimin​လေး တစ်​​နေ့​နေ့​တော့သိလာမှာပါတဲ့
တီ​လေးနဲ့ အိုမားက​တော့ အခင်​အမင်​မပျက်​ပါဘူး...သူငယ်​ချင်းနှစ်​​ယောက်​ ကြိတ်​ကြိတ်​ ကြိတ်​ကြိတ်​နဲ့ တိုင်​တိုင်​ပင်​ပင်​ရှိ​နေကြပါ​သေးတယ်​.... တစ်​ခါတစ်​​လေ​တော့ အရဲစွန့်​ပြီး က​လေးကြိုက်​တတ်​တာ​လေး​တွေဝယ်​လာဖြစ်​တိုင်း အိုမားဝယ်​လာသလိုလိုနဲ့ ဟိုဘက်​အိမ်​ကိုထည့်​​ပေးလိုက်​တယ်​...
ဦး​လေး Gongလား....သူ့ရည်​ရွယ်​ချက်က တစ်ေ​​ယာက်​ထဲခရီးသွားလိုတာဖြစ်​တာ​ကြောင့်
တစ်​ကိုယ်​​တော်​ခရီးသွားဖြစ်​​နေတယ်
မင်းတို့နှစ်​​ယောက်​ကိုကြည့်​ရတာစိတ်​ကုန်​လို့ဆိုတာက ​ပြောသွား​သေးတယ်​...
အခုဆိုရင်​ ကျွန်​​တော်​ အမြင်​ကတ်​တဲ့ ဟိုဆရာဝန်​နဲ့ အတွင်း​ရေးမှူး Jungတို့​တောင်​ က​လေးရဲ့​အကျိုး​ဆောင်​မှုနဲ့စုံတွဲ​လေးဖြစ်​သွားကြပြီ​....​နောက်​နှစ်​ထဲလက်​ထပ်​ကြ​တော့မယ်​တဲ့...ကျွန်​​တော့်​အချစ်​​တွေကိုသာမမြင်​နိုင်​​​သေး​ပေမဲ့ တခြားသူ​တွေ​ရဲ့နှလုံးသား​တွေကို​တော့ ​ကောင်း​ကောင်းကြီးကိုနားလည်​​ပေးနိုင်​ရှာတဲ့ က​လေးပါပဲ...