Part 18
9.6K 841 27
Zawgyi
စက်​ရုံမီး​လောင်​တဲ့သတင်းကိုကြားလိုက်​ရတဲ့အချိန်​မှာ.Hobiတစ်​​ယောက်​ တုန်​လှုပ်​ကာ လမ်းပင်​မ​လျှောက်​နိုင်​​တော့ ...ဒုဥက္ကဌ ...Jimin​လေး...သူ...ကျွန်​မကို ဖုန်းဆက်​ပြီးလှမ်း​ခေါ်​သေးတယ်
Taeနဲ့အတူတူ ရှိ​နေတာမို့်လို့ ...သူက အားနာပြီး​တော့
"ရတယ်​....ရတယ်​ noona ကျွန်​​တော့်​ဘာသာပဲ သွားလိုက်​မယ်​.Hyungက ကျွန်​​တော့်​ကို တမင်​​နှောင့်​ယှက်​တယ်​ဆိုပြီး ကြိမ်း​မောင်း​နေဦးမယ်​"
ဆိုတဲ့ အသံ​လေးကိုနားထဲကမထွက်​....ကိုယ့်​ကိုယ်​ကိုယ်​ပဲ အပြစ်​တင်​မိသည်​...Jimin​လေး ဘာမှမဖြစ်​ပါ​စေနဲ့ ....ဥက္ကဌကြီးလဲ လိုက်​သွားတယ်​လို့​တော့​ပြော​နေကြတယ်​....Taeလဲ ထုတ်​မ​ပြော​ပေမဲ့ သတင်းကြားထဲက ​စိတ်​အရမ်းပူ​နေမှန်းသိသာလှသည်​..Taeက Jiminကို အရမ်းသံ​ယောဇဉ်​ရှိတာမဟုတ်​လား...
"Hobi အရမ်းစိတ်​လှုပ်​ရှား​နေတဲ့ပုံပဲ
ဒီမှာပဲ​နေခဲ့ ကိုယ်​သွားလိုက်​မယ်​"
"ရတယ်​....Hobi လိုက်​ခဲ့ပါ့မယ်​"
ကား​ပေါ်တွင်​ ဥက္ကဌကြီးနှင့်​ဒုဥက္ကဌတို့နှစ်​​ယောက်​လုံးမထိခိုက်​ပါ​စေနဲ့ဟုသာ ဆု​တောင်းလျက်​....​စက်​ရုံ​ရှေ့​ရောက်​​တော့ မီးသတ်​ကားသံ​တွေ ....​ဆေးရုံကားသံ​တွေဆူညံ​နေသည်​....
Jiminတို့ Jungkookတို့​ရော....
Hobi လဲတုန်​တုန်​ယင်​ယင်​နှင့်​ပင်​ လုံခြုံ​ရေးဦး​လေး​တွေနားသို့​လျှောက်​သွားကာ
"ဥက္ကဌကြီးတို့ ဒုဥက္ကဌကြီးတို့​ရော"
"​ဆေးရုံကားထဲမှာပါ"
Tae နဲ့ Hobi ​ဆေးရုံကားနား​လျှောက်​သွားလိုက်​သည်​.နှစ်​​ယောက်​လုံး သတိ​မေ့​နေ​ပေမဲ့ ဥက္ကဌကြီးက ​ခေါင်းမှာ​သွေး​တွေစီးကျလျက်​ အင်္ကျီခန္ဓာကိုယ်​အ​ပေါ်ပိုင်း ပခုံးစပ်​နားတွင်​ တံခါးပြိုကျတဲ့ဒဏ်​ကိုခံခဲ့ရတဲ့အတွက်​ ​တော်​​တော်​​လေးထိခိုက်​ထားသည်​ဟု ​ဆေးရုံဝန်​ထမ်း​လေးက ​ပြောပြရှာသည်​....
"Hobi...ကိုယ့်​ကိုကြည့်​ ....စိတ်​​အေး​အေးထား.."
"ဥက္ကဌကြီး...သူ...ဘာမှမဖြစ်​ပါဘူး​နော်​"