အချစ်ဟု အမည်နာမ ခေါ်ဆိုခွင့်မရှိ

58 6 7
                                    

(Special warning : This story is not Wonkyu related)

ရေပန်းက ဖြာကျလာတဲ့ အေးမြတဲ့ရေက ငုံ့ထားတဲ့ ဦးခေါင်းကနေတဆင့် ခန္ဓာကိုယ်တစ်ခုလုံး စီးဆင်းနေသည်။ စီးဆင်းနေတဲ့ ရေရဲ့ အေးမြခြင်းတွေက ပူလောင်နေတဲ့ နှလုံးသားတစ်စုံကို နည်းနည်းလေးတောင် မပေးစွမ်းနိုင်ပါကလား။ ရှေ့ဆက်တိုးရမယ့် ကိစ္စက မှန်နေမှာလား အမှားတစ်ခု ဖြစ်သွားမလား ဆိုတာ ထက်နေ စိတ်ထဲ ဒွိဟတွေ ဖြစ်လို့နေသည်။ ဘယ်ကိစ္စကိုမဆို ပြတ်သားစွာ ဆုံးဖြတ်တတ်တယ်ဆိုတဲ့ ထက်နေ။ သိပ်အေးဆေးတည်ငြိမ်လွန်းတဲ့ ထက်နေသည်လည်း အချစ်နဲ့ ပတ်သက်လာတော့ တုန်လှုပ်ရလေပြီလား။ ဒါပေမယ့် အချစ်လို့တောင် သူ့မှာ အမည်နာမ တပ်ခွင့်ရှိပါရဲ့လား သူမသိ။ တစ်ချိန်ကတောင် အချစ်လို့ မပြောဖြစ်ခဲ့တဲ့။ အချစ်လို့ ခေါင်းစဉ်မတပ်ရဲတဲ့ ထက်နေအတွက် အပြစ်ဒဏ်တစ်ခုပဲ ဆိုပါစေတော့ ပစ္စုပ္ပန်အချိန်ခါမှာလည်း သူ ဥပက္ခာပြုခဲ့တဲ့ အချစ်က သူ့ကို အခွင့်ရေးမပေးစွာ ဒဏ်ခတ်နေပြီ။

ပူလောင်နေတဲ့ နှလုံးသားကို အေးမြအောင်မလုပ်ဆောင်နိုင်တော့။ ခုချိန်မှာ အရေးကြီးဆုံးနေရာကို သူသွားရမည်။ သူ့ဘဝတွက် အဆုံးဖြတ်ပေးနိုင်မယ့်နေရာ။ သူ့အပြစ်တွက် အယူခံဝင်နိုင်မယ့်နေရာကိုပေါ့။ စွပ်ကျယ်အပါးတစ်ထည်ကို ကောက်စွပ်ပြီး အခန်းထဲက ပြေးထွက်ကာ သူ့ခြေလှမ်းတို့ကို တစ်နေရာသို့ ဦးတည်စေလိုက်သည်။ ထက်နေဝတ်ရမယ့် သတို့သားဝတ်စုံက နေရာမပျက်ယွင်းစွာ အိပ်ရာထက် ငြိမ်သက်လျက် ကျန်နေခဲ့သည်။

'သက်ဝေ'

'သက်ဝေ'

ခြေလှမ်းတို့ကို လှမ်းနေရင်း နှလုံးသားစေ့ဆော်ရာကို အထိန်းကွပ်မဲ့စွာ နာမည်တစ်ခုကို သူရေရွတ်မိသည်။
'သက်ဝေ'……
'သက်ဝေ'သည် သူ့ဘဝရဲ့ ပြတ်သားခြင်းများစွာထဲက တစ်ခုတည်းသော ဝေဝါးမှု…
ဘယ်သူ့ကိုမှ ဝန်မခံဖူးခဲ့သော သူ့နှလုံးသားရဲ့ တစ်ဦးတည်းသော အရှင်သခင်။

ပြေးမလိုလှမ်းလာတဲ့ ခြေလှမ်းတွေက အခန်းတစ်ခုရှေ့အရောက် တန့်သွားခဲ့ပြီ။ တံခါးလက်ကိုင်ဖုကို လှည့်မဖွင့်ခင် တိုးဝင်လာတဲ့ ရင်ထဲမချိတင်ကဲ ခံစားရတာတွေက သက်ပြင်းတစ်ခု အဖြစ်ပြောင်းသွားသည်။ အရာအားလုံးထက် ဒီနေ့ဒီရက်မှာ သူ့မျက်နှာလေးမြင်တွေ့ရဖို့ စိတ်တစ်ခုတည်းနဲ့ သူတံခါးကိုဆွဲဖွင့်ချလိုက်သည်။

အချစ်ဟု အမည်နာမ ခေါ်ဆိုခွင့်မရှိحيث تعيش القصص. اكتشف الآن