မာယာများ၏ချစ်ခြင်း VKOOK+++. EP-1
"သားရေ ထတော့လေ လေယျာဉ်ချိန်တောင်နီးနေပီ "
ဒါမနက်တိုင်းကျနော့်ကိုနိုးနေကြမေမေ့အသံ...!
ကလေးငယ်တျောက်လိုတအင်းအင်းလုပ်ရင်းမေမေ့ရင်ခွင်ထဲဝင်တိုးမိသည်။ မေမေကကျခေါင်းကိုကိုင်ကာဆံပင်တွေကိုဖွလိုက်သည်
"မေ့သားကလူကြီးဖြစ်နေပီ ခုထိကပ်ချွဲတုန်း"
"အဟီး သားကခုမှကလေးပဲရှိသေးတာကို"
"ကဲ ထတော့ငချွဲလေး မေမေ သားကဒ်ထဲကိုငွေလွှဲထားပေးပီးပီး"
ကဒ်ထဲငွေရောက်သွားတော့JKမျက်လုံးလေးမှာအရောင်လဲ့လာကာသူ့အမေပါးကိုတချက်မွလိုက်ပီးရေချိုးခန်းထဲသို့ဝင်လာခဲ့သည်။
ရေဘားဖွင့်ကာရေစက်များကိုခံယူနေသည်
အင်း....ကျနော့်ဘဝကအရမ်းအေးချမ်းတယ်
ချမ်းချမ်းသာသာနဲ့လဲနေရတယ် ပီးတော့မိဘစုံလင်စွာကော....
ဖေဖေဆိုKoreaထိပ်တန်းစာရင်းဝင်သူ
မေမေကဖက်ရှင်ဒီဇိုင်နာတျောက်
ဒီနေ့လဲသယ်ရင်းတွေနဲ့ထိုင်းနိုင်ငံဖူးခတ်ကမ်းခြေကိုသွားမယ်လုပ်ထားသည်ရေချိုးပီးလို့ထွက်လာတော့တဘက်နဲ့ရေသုပ်ရင်းဘော်ဒါတွေကိုလှမ်းမေးရသည်
"Ho Seok ငါအိပ်ယာထနောက်ကျလို့ကွာ ခဏတော့စောင့်ပေးကြ"
~မနေ့ညကpornကားကြည့်ပီးည၁နာရီမှအိပ်ဖြစ်သည်~
"အေးပါကွာ ငါလဲခုမှနိုးတာ😁 ygတော့မသိဘူး"
တချက်ပြုံးလိုက်ပီးဖုန်းချလိုက်တော့သည် ကိုယ်ပဲနောက်ကျတာလားလို့လေ လက်စသတ်တော့ကို့ထက်ဆိုးတဲ့သူတွေ့ရသည်။
မခြောက်တခြောက်ဖြစ်နေတဲ့ဆံပင်ကိုခါလိုက်ပီးဗီဒိုထဲကအဝတ်ရှာလိုက်သည် နောက်ဆုံးတော့လဲhoodieအမဲ ဘောင်းဘီရှည်အမဲနဲ့ပဲ၂ပါးသွားရတော့သည် မျက်မှန်အဝိုင်းအကြည်လေးတပ်ကာအောက်ထပ်သို့ဆင်းလာခဲ့သည်