Ep-14

14.1K 305 6
                                    

မာယာများ၏ချစ်​ခြင်း VKOOK Ep-14

Tae အလုပ်​​တေပင်​ပန်း​တော့​တော်​​တော်​​လေးကိုအိပ်​​ပျော်​​နေတုန်းကို့​မေ​မေအသံ​ကြောင့်​နိုးလာခဲ့ရသည်

"အမ​လေး​လေး ကြည့်​စမ်းပါဦး ကင်​ထယ်​ထယ်​​ရေ ဒါအိပ်​ချိန်​လား "

"ဟို ​မေ​မေ ထယ်​အဝတ်​​တွေ​လျှော်​ပီးခဏ​အိပ်​​ပျော်​သွားမိတာပါ "

"အဝတ်​​လေး​လျှော်​တာကိုပင်​ပန်းစရာလား အံ့ပ​တော်​ ငါ့သယ်​ရင်း​တေပါတယ်​ စားစရာတခုခုလုပ်​​ပေးဦး "

"ဟုပ်​ ထယ်​လုပ်​​ပေးပမယ်​ ​မေ​မေ "

"သယ်​ရင်း​တေထိုင်​ကြ​လေ ငါ့​ချွေးမက စားစရာလုပ်​​ပေးလိမ့်​မယ်​ "

Jk'omma ၏သယ်​ရင်း​တွေကလဲ​မြှောက်​ထိုးပင့်​​ကော်​​တွေပင်​....

"ဟဲ့ နင့်​​ချွေးမကလဲ အလိုက်​ကမ်းဆိုးကိုမသိဘူး နင်​ကခိုင်း​နေရတယ်​ 😏 "

"ဟုပ်​တယ်​​ဟေ့ ငါ့သားကဘလိုမိန်းက​လေးမျိုးကို​ကောက်​ယူလာလဲမသိပါဘူး မိဘမဲ့တ​ကောင်​ကြွက်​ ပီး​တော့ဆင်းရဲ​သေးတာ"

"နင့်​သားကိုအပိုင်​ချုပ်​လိုက်​တာထင်​တယ်​ ရုပ်​ကြည့်​​တော့အလှပ​လေးဟယ်​ "

Taeမီးဖိုခန်းမှသစ်​သီးခွာ​နေရင်းသူတို့​ပြောသံ​တေကိုကြားရတာနားထဲသံရည်​ပု​လောင်းချ​နေသလိုပင်​ ထယ်​ ကို့ကိုတကယ်​ချစ်​လို့လက်​ထပ်​ခဲ့ရတာပါ သူတို့​ပြောသလိုဘာမှမမြူဆွယ်​ရပါဘူး အ​တွေး​တွေနဲ့အတူမျက်​ရည်​​တေ​ကြောင့်​အမြင်​​တေဝါးကာဓားရှသွားရသည်

"အာ့.....😖 "

သွေးထွက်​​နေသည့်​လက်​ကို​ရေနဲ့​ဆေးချ​တော့အနဲငယ်​စပ်​သည်​ ကို့​မေ​မေမြင်​သွားမှဖြင့်​သစ်​သီး​လေးခွာတာ​တောင်​ဓားရှရလား အသုံးမကျဘူးအ​ပြောမခံချင်​ .....


"အခုထိအသီးနွှာလို့မပီး​သေးဘူးလား မိထယ်​ "

"ပီးပီ လာပါပီ​မေ​မေ "

သစ်​သီးပန်းကန်​သူတို့​ရှေ့ချ​ပေးလိုက်​​တော့လက်​က​သွေးအနဲငယ်​ထပ်​ထွက်​​နေ​သေးသည်

မာယာများ၏ချစ်​ခြင်း+++Where stories live. Discover now