မာယာများ၏ချစ်ခြင်း VKOOK Ep-7++++
-
-
~ကိုယ့်မေမေနဲ့တွေ့ရမည်ဆိုတော့ထယ်နဲနဲတော့စိတ်လူပ်ရှားမိသည်~ညနေရုံးဆင်းတော့ကိုနဲ့အတူလာဖြစ်ကြသည် လမ်းတဝက်ရောက်တော့ပန်းဆိုင်ဝင်ပီးကို့မေမေအတွက်နှင်းဆီပန်းစည်းဝယ်လာမိသည်
"ကို့မေမေကြိုက်မှာပါနော်"
"ကြိုက်မှာပါ ထယ်လေးရဲ့"
___________________________
ဘာလိုလိုနဲ့ကားလေးဟာJkအိမ်ထဲသို့ဝင်လာခဲ့တော့သည် ထယ်ကတော့သူ့အိမ်ကြီးကိုကြည့်ပီးအံသြနေမိသည် နန်းတော်တမျှကြီးသည့်အိမ်ကိုကြည့်ပီးနောက်အားငယ်လာမိပြန်သည် ကားထဲမှာထယ့်ကိုJkကခါးပတ်ဖြုတ်ပေးရင်း
"ကို့မေမေကထယ်နဲ့သဘောမတူရင်ကောဟင်"
"ထယ်လေး ဘာမှစိတ်မပူနဲ့ ကိုယ်တျောက်လုံးရှိတယ် "
ကိုကထယ့်လက်ကိုကိုင်ပီးအားပေးတော့မှထယ်စိတ်သက်သာရာရသွားတော့သည်😊
အိမ်ထဲဝင်လာတော့မေမေကဧည့်ခန်းထဲထိုင်နေကာcoffeeတခွက်ကိုဇိမ်ခံပီးသောက်နေသည် ကျတော်တို့ကိုမြင်တော့
"သား လာထိုင်လေ "
Jkလဲထယ်လက်ကိုဆွဲလာပီးနောက်ထိုင်ခုံထက်ထိုင်စေပီးနောက်သူပါထယ်ဘေးမှဝင်ထိုင်လိုက်သည် ထယ်ကတော့ပန်းစည်းယူကာJkအမေကိုပေးလိုက်သည်
"ဒါ အန်တီအတွက်ပါ 💐"
"အင်း ကျေးဇူးပဲ ကဲ သား မေမေ့ကိုဘာပြောစရာရှိလို့လဲ"
"ဟုပ် မေမေ သားနဲ့ထယ်လေးကိုသဘောတူပေးပါ သားထယ်လေးကိုတကယ်နှစ်နှစ်ကာကာချစ်မိလို့လက်ထပ်ခွင့်ပြုပေးပါ မေမေ"
"မေမေ့သဘောပြောရရင် သဘောမတူဘူးသား"
"ဟင်.......?😔"
"မေမေ ပြောတော့ထယ်လေးကိုအိမ်ကိုခေါ်ခဲ့ပါဆို "
"မေမေကသဘောတူမယ်မပြောမိပါဘူး အိမ်ခေါ်လာဖို့ပဲပြောတာပါ ပီးတော့ဒီလိုမိဘမဲ့တျောက်နဲ့သားကိုမေမေသဘောမတူနိုင်ပါဘူး ဒီကောင်မလေးကသားကိုချမ်းသာလို့ချဉ်းကပ်တာဆိုရင်ကော ? "
