အိမ်ပေါ်ထပ် ထောင့်စွန်းက အခန်းထဲသို့ အကျီ အဖြူ ဘောင်းဘီ အဝါ နက်ကတိုင် နက်ပြာ ဆံပင် အုပ်အုပ် မျက်မှန်ဝိုင်းလေးနဲ့ ကောင်လေးတယောက် ဝင်လာခဲ့ သည် in mediaတံခါးက ဂျက်မချထားတာကြောင့် ဖွင့်ဝင်လာပီး ကုတင်ပေါ်တွင် ကျောပြောင်ဖြင့် အိပ်နေသော လူသား ဘေးသို့ အရှိန်ဖြင့်ခုန်တက်လိုက်ပီး မျက်နှာပေါ်မှ ဆံပင်များကို သပ်တင်လိုက်သည် သို့သော် ထိုလူသားမှာ မနိုးသေးပေ..... အိပ်နေတုန်းတောင် ကြည့်ကောင်းသည်မို့ သူ့နဖူးလေးအား နှုတ်ခမ်းကပ်၍ နမ်းလိုက်မိသည် ....
ထို့နောက်ငယ်လေ ကိုကို့ကို သိပ်ချစ်တယ်
ကိုကိုရေ ထတော့လေ ကျောင်းသွားရတော့မယ်
လှုပ်နိုးသော်လည်း တချက် မလွန့်
ကိုကိုလို့ ထတော့နော် စိတ်အရမ်းတိုလာပီ😒
ထိုကောင်လေးသည် ခုတင်ပေါ်ထိုင်နေရာမှ ထပီး ခုတင်ခေါင်းရင်းတွင် ရှိသော လိုက်ကာ များကို ဖွင့်လိုက်သည်နှင့်တပြိုင်နက် တောက်ပနေသော နေမင်း၏ အလင်းရောင်သည် အိပ်နေသောကောင်လေး၏ မျက်နှာသို့ ဖြာကျလာသောအခါ ကောင်လေးသည် အိမ်မှုန်စုံဖွားဖြင့်
စောသေးပါတယ် ငယ်ရာ 😒 ကိုကို ငါးမိနစ်ဘဲ ထပ်အိပ်မယ်လေနော် ဟုပြောပီး အိပ်ရာထက်တွင် စောင်ကို ခေါင်းမြီးခြုံ ၍ ပြန်အိပ်ရာ
ကိုကို မထဘူးလား ငယ့်အကြောင်းသိမယ်😒 အင်း အင်း လာပီ
အား ငယ်ရေ ထပီ ထပီ နာလိုက်တာ ဗိုက်ခေါက်တွေတော့ ပြတ်ပီထင်ပါတယ် ငယ်ကတော့ကွာ😒
ဘာငယ်ကတော့လဲ ဒီနေ့နှယောက်လုံး tuto ရှိတယ်လေ ကိုကိုရယ် သိပ်ဆိုးတာဘဲ ငယ်တော့ စာဖတ်ချိန်တောင်ရှိပါတော့မလား ဟု တဗျစ်ဗျစ်နဲ့ ပြောပီး ရေချိုးခန်းထဲဝင်သွားလေသည်
အဟ... ကိုကို့ရဲ့ ငယ်က တော်ပီးသားပါ ကိုကို final year တောင်မပူရဘူး သူက second yead နဲ့ ပူနေတယ်နော်ဟု လှမ်းအော်ပြောလိုက်သည်

YOU ARE READING
Impossible
Storie d'amoreမဖစ်နိုင်တဲ့ ကိစ္စဆိုတာ မရှိဘူးလို့ ကိုကိုဘဲ ပြောခဲ့တာလေ ငယ်ချစ်တဲ့အချစ်တွေကကော ကိုကို့အတွက် မဖစ်နိုင်ဘူးလားဟင် Chankai...... အက်တာရဲ့ ကလေးဆန်ဆန်ဝတ္တုတပုဒ် ဂါဦးလ်ရဲ့ ရင်နစ်သည်းချာလေး