သို့

259 8 12
                                    

ညီမလေး တွေ ညီလေးတွေ... မေးစရာတစ်ခုရှိတယ်..

စာရေးတာ ဝါသနာပါလို့လား... အောင်မြင်ချင်လို့လား....

သေချာပေါက် ဝါသနာလည်း ပါတယ် ... အောင်လည်း အောင်မြင်ချင်တယ် လို့ ဖြေမှာ ဟုတ်တယ်နော် ? အဲ့ဒါ လူတိုင်းပါဘဲ...

ဒါပေမဲ့ ကိုယ် လုပ်တဲ့အလုပ်က လူအများရှေ့ ထုတ်ပြောရဲလား???

Wattpadမှာ စာရေးတယ်ဆိုတာ လိပ်ပြာသန့်သန့် နဲ့ ပြောနိုင်တဲ့ လူ ဘယ်သူရှိလဲ... ရှိတော့ ရှိမှာပါ တစ်ဝက်လောက်ကတော့ ပြောနိုင်မယ်လို့ ထင်တာပါဘဲ

ငါက ဒီလို စာမျိုးရေးတာလို့ ရင်ကော့ပြီး ပြောရဲတဲ့ လူဘယ်လောက်ရှိလဲ....

ညစ်ညမ်းစာပေတွေ ပြန့်နှံ့ နေတဲ့ ဒီလောကကြီးမှာ ဖြူစင်စွာ ရေးသားထားတဲ့ စာလေး တစ်ပုဒ်ကတော့ ထင်သလောက် မတိုးပေါက်ခဲ့ဘူး... အဲ့ဒါ အမှန်တရားဘဲ...

အစ်ကို့ဆီ တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်သွားတယ်...

နှုတ်ဆက်သွားတဲ့ ညီမလေးတစ်ယောက်ရဲ့ စိတ်ဓာတ်က
လေးစားဖို့ကောင်းတယ်...

" ညီမ စာရေးတယ်ဆိုတာ အများရှေ့ ထုတ်ပြောနိုင်ရမယ် ... အဲ့ဒါကြောင့် ညီမကို မသိရင်နေ ဒါပေမဲ့ ဘယ်တော့မှ ညီမကို ညစ်ညမ်းစာပေ နဲ့ တွဲမြင်ရအောင်မလုပ်ဘူး အဲ့လို စာမရေးလို့ မအောင်မြင်ဘူးဆိုရင်တောင် မရေးဘူး "

ပြတ်ပြတ်သားသား ငြင်းချသွားတာပါ။ အသက် ဆယ်ကျော်သက် အရွယ်ဘဲရှိသေးတဲ့ ကလေးမတစ်ယောက်ရဲ့ စိတ်ဓာတ်က အခု ညစ်ညမ်းစာပေတွေ ရေးနေကြတဲ့ တက္ကသိုလ် မမတွေထက်တော့ သာတယ်ဆိုတာ ငြင်းလို့မရဘူး...

ကဲ Carbon dioxideက ရှေးရိုးဆန်တယ်လို့ ပြောချင်ပြောကြမှာဘဲ....
အစ်ကို တစ်ယောက်အနေနဲ့ ညီလေးတွေ ညီမလေးတွေ ဒီလိုမျိုးစာပေတွေနဲ့ ပျော်မွေ့နေတယ်ဆိုရင် နာရင်း နာနာ အုပ်မိမှာပါ...
ကိုယ့်ညီမလေးသာ ဒီလိုမျိုးဆို ..အစ်ကို မတွေးရဲဘူး...

တစ်ချို့ အကြီးတွေက လမ်းမှားနေတာကိုလည်းတွေ့ရတယ်.. အများကြီးဘဲ...

နောက်ပြီး မြန်မာတစ်ယောက် အနေနဲ့ အနာဂါတ်ရဲ့ မျိုးဆက်သစ်တွေအနေနဲ့.....

အခုလို လူငယ်အများစုက ညစ်ညမ်းစာပေတွေမှ ပျော်မွေ့နေမယ် ဆို... အစ်ကိုတို့ နိုင်ငံ... ဘယ်လိုလုပ်မလဲ...
မဆိုင်ဘူးလို့ မပြောပါနဲ့... အဲ့ဒီ စာတွေ ကို တခြားနိုင်ငံတွေလည်းရေးတာ ဘဲ လို့ ပြောမှာဘဲ ဟုတ်ပါတယ်... မှန်ပါတယ်...

အခု ရေးနေတဲ့ လူတွေကိုကြည့်ပါ ....
အသက် ၁၃ ၊ ၁၄ နို့နံ့တောင် မစင်သေးတဲ့ အရွယ်လေးတွေ ... လက်တောက်လောက် လေးတွေ.. တက္ကသိုလ် မမတွေက ရှေ့က ရေးပြသွားတော့ နောက်က ပိစိကွေးတွေက တသီတတန်းကြီး ပါလာတာဘဲ ။

တစ်ခုလောက်မေးချင်တယ် ညစ်ညမ်းစာပေ ရေးနေတဲ့ ကောင်မလေးတချို့ကို...

ဒီလို ရေးပြီး ကိုယ့်ကို ကိုယ် အထင်ကြီးသလား....
ဒီလို ရေးပြီး ရလာတဲ့ viewerတွေက မက်မောသလား....
ဒီလို ရေးပြီး လူအများကြား ချပြရဲလား? ကိုယ့်မိသားစု ကိုယ့် အသိုင်းအဝိုင်းကို​ကော ဝင့်​ကြွားစွာ ​ပြောရဲလား.....

Let me be your
Carbon dioxide :-)


Has llegado al final de las partes publicadas.

⏰ Última actualización: Jul 26, 2018 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

သို့.....Donde viven las historias. Descúbrelo ahora