[Always Love You]♥
Oh Sehun ♥ Kim MinseokBy:DeerbaoziChenlay997
____________________________________
တနေ့လုံးနေသာလို့ထိန်လင်းနေခဲ့သော အပြာရောင်
မိုးကောင်ကင်သည် ညနေသုံးနာရီလောက်မှာတော့
အနည်းငယ်အုံ့မှိုင်းလာကာ မိုးဖွဲဖွဲလေးကျဆင်းနေ
သည်။ ဘတ်စ်ကားမှန်ကနေတဆင့် မြင်နေရတဲ့
မိုးပေါက်ကလေးတွေက မြင်ကွင်းကိုဝေဝါးလာစေသည်
ကျောင်းဆင်းချိန်၊ရုံးဆင်းချိန်မို့ ဘတ်စ်ကားကလူကြပ်
နေခဲ့တယ်။သို့ပေမဲ့ အိမ်နားရောက်ခါနီးလို့ နှစ်မှတ်တိုင်
အလိုမှာတော့လူကသိသိသာသာလျော့နည်းသွားတယ်။ကံဆိုးတာက သူထီးမပါလာခဲ့တာပဲ။ ဒီနေ့မှမေ့ကျန်ခဲ့
တယ်လေ။မှတ်တိုင်မှာကားအရပ် သူကပြာကယာ
ပြေးဆင်းလိုက်ပြီးကားမှတ်တိုင်အမိုးအောက်ပြေးဝင်
လိုက်တယ်။"ဟင်း!! မိုးကလဲပိုသည်းလာတယ်"
သိသိသာသာပိုလိုသည်းထန်လာတဲ့မိုးကြောင့်သူစိတ်
ပျက်တကြီးရေရွတ်လိုက်တယ်။ မျက်မှန်ကိုင်းကိုလက်
ကလေးနဲ့အသာပင့်တင်လိုက်ရင်း လွယ်အိတ်လေးကို
ရင်ခွင်ထဲထည့်ပိုက်လိုက်တယ်။ သူ့ရဲ့အဖြူရောင်ဖိနပ်.လေးက သိသိသာသာကြီးကိုညစ်ပတ်သွားပြီ။အား!!
သူ မိုးကိုမုန်းလိုက်တာ။ မျက်မှန်ကိုလာရောက်ထိစင်
ကုန်တဲ့မိုးစက်တွေကြောင့် သူ အမြင်တွေပါဝါးကုန်ပြန်.ပြီ။မိုးကို မုန်းလိုက်တာနော်:-(
ပိုတိုးလို့ ပြင်းပြင်းထန်ထန်ကျဆင်းလာတဲ့မိုးပေါက်တွေ
က သူ့ကိုလာရောက်ထိစင်ပြန်လေတော့ ကိုယ့်ကိုကျုံ့
ထားပစ်လိုက်တယ်။ အအေးဓာက်ကပိုစိမ့်လာသည်။
အိမ်ကိုရောက်ဖို့ ဆယ်မိနစ်လောက်လမ်းလျှောက်ရဦး
မည်။ဒီမိုးအတိုင်းဆို သူ့တကိုယ်လုံးရွဲရွဲစိုရုံမက
လွယ်အိတ်ထဲကစာအုပ်တွေပါ စိုကုန်လိမ့်မည်။

VOCÊ ESTÁ LENDO
Beautiful Stories
FanficSEHUN♥ XIUMIN One Shot Collection[Book 1] By : DeerbaoziChenlay997