"လူလိမ်.. လူလိမ်ကြီး..."
အပြာရောင် ကျောက်တုံးခင်းထားတဲ့ လမ်းမှာ ပြေးလွှားလာတဲ့ ခြေသံတွေ ထွက်ပေါ်လာပါတယ်။
ကျန်းရှန်က သူ့လက်နှစ်ဖက်ကို မြောက်လိုက်ပြီးတော့ ကူကယ်ရာမဲ့စွာနဲ့ ပြောလိုက်ပါတယ်။
"ငါက လူလိမ် မဟုတ်ပါဘူး။ ငါက ဒီ ကျောင်းတော်ရဲ့ ဆရာတစ်ယောက်ပါ။ မင်းတို့ကို ငါ့ရဲ့ တပည့်အနေနဲ့ လက်ခံပေးချင်လို့ပါကွာ။ ပြီးတော့ မင်းရဲ့ စကားမှာ ဘာလို့ ကြီးဆိုတာကြီးကို ထည့်ပြောရတာလည်းကွယ်။ မင်းက ငါ့ကို တကယ့် ကြောက်စရာကောင်းတဲ့ ဒုစရိုက်သမားလို့ အထင်မှားအောင် အော်လိုက်သလိုပဲ..."
သူ့စိတ်ထဲမှာတော့ ကျောင်းအုပ်ကြီးရဲ့ စကားတွေကို ပြန်ကြားရောင်မိပြီးတော့သက်ပြင်းချလိုက်မိပါတယ်။
"ဒါက ၁၇ယောက် မြောက်ပဲ။ ငါဒီနေ့ ကျောင်းသားအသစ် ရှာမတွေ့ဘူးဆိုရင်တော့ မနက်ဖြန်ကျရင် အထုတ်ပြင်ပြီး ဆင်းရပြီပဲ။"ကျန်းရှန်က ဒီကမ္ဘာက လူတစ်ယောက် မဟုတ်ပါဘူး။ သူက အထက်တန်းကျောင်းတစ်ကျောင်းရဲ့ စာကြည့်တိုက်မှူးတစ်ယောက်ပါ။ သူ နောက်ဆုံး မှတ်မိခဲ့တာကတော့ ကြောက်စရာကောင်းတဲ့ မီးတောက်တွေကိုပါပဲ။ သူ ပြန်လည်နိုးထလာတော့ သူ ဒီကမ္ဘာကို ရောက်လို့နေပါပြီ။
ဒီကမ္ဘာဟာ သိုင်းဝတ္ထုတွေထဲ ရေးထားသလိုပါပဲ။ သိုင်းပညာကို အခြေခံပြီးတော့ ကမ္ဘာက ဖြစ်နေတာဖြစ်ပြီး အင်အားကြီးသူတွေဟာ အုပ်ချုပ်သူတွေ ဖြစ်ကြပါတယ်။
သူက ဘ၀ပြောင်းလာလာခြင်းမှာ သူ့ရဲ့ကောင်မလေးက သူ့ကို အသုံးမကျလို့ ငြင်းဆိုခဲ့တဲ့ ပြီးတော့ လူဆိုးတွေက သူ့ကို အနိုင်ကျင့်ခဲ့ပါတယ်။ ပြီးတော့မှ သူက ဒီ အရူးတွေကို ရိုက်မနှက်ဆုံးမပြီးတော့မှ ကောင်မလေးနဲ့ ပြန်ပေါင်းထုတ်ပြီး ဘ၀က သာသာယာယာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ တွေးတာ တော်တောလွန်သွားပါပြီ။ သူဆရာတစ်ယောက် ဖြစ်နေတယ်ဆိုတာကို သိပ်မကြာခင်မှာပဲ သူသဘောပေါက်လိုက်ပါတော့တယ်။
ကျောင်းတော်တစ်ခုလုံးရဲ့ ဘ၀အပျက်ဆုံး သနားစရာအကောင်းဆုံး ဆရာတစ်ယောက်ပေါ့။
YOU ARE READING
ကောင်းကင်ဘုံ စာကြည့်တိုက်
Fantasyတခြား လောက တခုကို ရောက်လာခဲ့ပြီးတော့ ကျန်းရှန်ဟာ ဂုဏ်သိက္ခာ ကြီးတဲ့ ဆရာ သမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ ဘ၀ ပြောင်းသွားတာနဲ့ အတူ သူ့ရဲ့ စိတ်ထဲမှာ ထူးခြားတဲ့ စာကြည့်တိုက် တစ်ခု ပေါ်လာခဲ့ပါတယ်။ သူမြင်တဲ့ အရာဝတ္ထုတိုင်း သက်ရှိတိုင်းနဲ့ ပတ်သက်တဲ့အားနည်းချက...