အပိုင်း💝💝💝(1)
သာယာလှပသော နေရောင်ခြည် ကိုမျက်နှာမူ၍တည်ဆောက်ထားသောနန်းတော်ကြီးတစ်ခု ထိုနန်းတော်ကြီး
ထဲတွင် တင်သွင်းလာသမျှအဆိုပြုလွှာ
များ ကိုဖတ်ရင်းအလုပ်ရှုပ်နေသောသူ
တစ်ဦးရှိပါသည်။ထိုသူကားတိုင်းပြည်၏ကိစ္စအဝဝကိုထမ်းရွက်ထားရသော
မင်းကြီး(kim hyun joong)ဖြစ်သည်။
"မောင်တော်" ကြည်လင်ချိုသာ
သောအသံဖြင့်ခေါ်လိုက်သောကြောင့်
မင်းကြီးစာဖတ်နေရာမှခေါင်းထောင်ကြည့်လိုက်သည်။ကြက်ပေါင်းရည်ကိုကိုင်ရင်းနောက်လိုက်များနှင့်အတူစာကြည့်ဆောင်ကိုဝင်ရောက်လာသူကမိဖုရားခေါင်ကြီး လီယွန်ဒါ(nana) ပင်ဖြစ်သည်။
ကြက်ပေါင်းရည်ထည့်လာသောအုပ်ကိုစားပွဲပေါ်အသာတင်ရင်း မင်းကြီးရှေ့
ကထိုင်ခုံပေါ်ကိုဝင်ထိုင်ကာမင်းကြီးကိုအရိုအသေပြုလိုက်သည်။
"ဟော မိဖုရားလီ ဘာလာလုပ်တာ
လဲမောင်တော်ဒါတွေမလိုအပ်ပါဘူး
မိဖုရားသက်သက်မဲ့ ပင်ပန်းအောင်လို့"
စာကြည့်နေရာမှ ထလာကာ မိဖုရားလီ
လက်ကိုအသာဆုပ်ကိုင်ရင်းပြောလိုက်ခြင်းဖြစ်သည်။ "မောင်တော်ကတိုင်း
ပြည်ကိစ္စတွေနဲ့ရှုပ်နေတာ ကျွန်မဒီအ
တိုင်းဘယ်နေစိမ့်ပါ့မလဲ တစ်တပ်တစ်
အားဘေးကနေပါဝင်ရမှာပေါ့ မောင်
တော်ဘာအကြောင်းကြည့်နေလဲပြောလို့ရမလားဟင် အပန်းမကြီးဘူးဆိုရင်
ပေါ့"
"အင်း ဒီနှစ်က ကိစ္စအထွေအထူး
ရယ်လို့တော့မရှိဘူး ဒါပေမဲ့မောင်တော်
ကနန်းတွင်းထဲမှာသာနေရတဲ့သူလေ
မောင်တော့်လက်အောက်ကလူတွေက
မောင်တော့်ရဲ့မျက်စိတွေနားတွေဖြစ်ပေးရမှာ ဒါပေမဲ့ အဲဒီမောင်တော့်ရဲ့မျက်
စိတွေနားတွေကမောင်တော့်ကို မြင်ရင်
မြင်ရသလိုကြားရင်ကြားရသလိုပြန်မပြောကြရင်မောင်တော့်အနေနဲ့ အကန်းနဲ့
ဘာထူးတော့မှာလဲအဲဒါကြောင့်စဉ်းစားမိတယ် နန်းတော်အပြင်တစ်ခါလောက်
ထွက်ဖို့ပေါ့ " "အို....ကျွန်မစိတ်မချပါ
ဘူးမောင်တော်ရယ် နန်းတော်အပြင်ဆို
တာကလူဆိုးမှန်းမသိ လူကောင်းမှန်းမ
သိနဲ့ နောက်ပြီးမောင်တော်နန်းတွင်းမှာ
မရှိရင် ဘယ်လိုလုပ်မလဲ"
စိတ်ပူစွာဖြင့်ပြောလိုက်သောမိဖု
ရားလီ၏ မျက်နှာကိုသေချာစွာကြည့်
ရင်း "စိတ်မပူပါနဲ့ Young saengတစ်
ယောက်လုံးရှိနေတာပဲ အဆင်ပြေမှာပါ
မိဖုရားလဲ ဂရုစိုက်နော် မောင်တော်ဒီ
တစ်ခါသွားမှာကိုမိဖုရားနဲ့ Young saengကလွဲပြီးဘယ်သူမှ မသိစေချင်
ဘူး "
"ဦးရီးတော်လေးနဲ့မောင်တော်က
ညီအကိုရင်းတွေလိုသိပ်ချစ်ကြတာကျွန်မသိပါတယ် ကျွန်မကစိတ်မချလို့ပါ"
"ဘာမှစိတ်မပူနဲ့ မောင်တော်မကြာပါ
ဘူး ပြန်လာမှာပါ မိဖုရားကအနောက်
နန်းဆောင်ကို တာဝန်ယူထားရတာဆို
တော့ သိပ်အပင်ပန်းမခံနဲ့နော် ဟုတ်ပြီ
လား"
"အဲဒါဆိုလမ်းခရီးမှာလိုအပ်မယ့်
ပစ္စည်းတွေထည့်ပေးချင်လို့ကျွန်မကိုခွင့်ပြုအုံးနော်"
အရိုအသေပြုကာထွက်သွားသော
မိဖုရားလီကိုကြည့်ရင်း သူပြုံးလိုက်မိ
သည်။ ငယ်စဉ်ကတည်းကသူနှင့်လက်
ထပ်ဖို့အတွက်လေ့ကျင့်သင်ကြားပေးခြင်းခံခဲ့ရသောမိဖုရားကသူ့အကြိုက်ကိုအစအဆုံးသိသူတစ်ယောက်ဖြစ်ပါသည်။
...................
နန်းတော်အတွင်းစစ်ရေးပြတစ်
နေရာတွင်ဓားရေးလေ့ကျင့်နေသူတစ်ဦး သူဓားရေးဘယ်လောက် ကျွမ်းကျင်
သည်ကို သူကစားနေသောအကွက်
များကိုကြည့်လျှင်သိနိုင်ပေမည်။
ထိုနေရာကိုရောက်ရှိလာသည်က
မင်းကြီးပင်ဖြစ်သည်။ ဓားရေးလေ့ကျင့်
နေရာမှမင်းကြီးရောက်လာသည်ကိုမြင်သောကြောင့် လေ့ကျင့်မှုကိုရပ်ပြီးမင်း
ကြီးကိုအရိုအသေပြုလိုက်သည်။
"ပင်ပန်းနေပြီလား Young Saeng" မင်းကြီး၏အမေးကိုyoung
Saengက သူ့ဝသီအတိုင်းပြုံးရုံပြုံးကာ
ခေါင်းခါပြလိုက်သည်။ ထို့နောက် မင်းကြီးက young saengကို ပခုံးကို
ဖက်လိုက်ကာ သူတိုသောက်နေကျ
နန်းဆောင်ဆီသို့ဦးတည်လိုက်လေသည်။ ထိုအချင်းအရာကိုမြင်သူကား
ဂျောင်းအမတ်ကြီးပင်ဖြစ်သည်။
" ကြည့်စမ်းပါအုံး မင်းကြီးနဲ့ ဦးရီးတော်လေးကို ညီအကိုရင်းတွေ
တောင်သူတို့လောက်ချစ်ကြမယ်မထင်ဘူး ဒါပေမဲ့ တစ်ခုတော့စိတ်ဝင်စားဖို့
ကောင်းတယ်ဗျ သူတို့နှစ်ယောက် ကြားမှာမိုးလောက်ကြီးမားတဲ့လျို့ဝှက်ချက်ရှိနေတယ်ဆိုတာသာသိရင် ဦးရီးတော်လေးက မင်းကြီးကိုအခုလို
ဆက်ဆံမလားဆိုတာစောင့်ကြည့်ရမှာပဲ" ဟု ဘေးမှာရှိနေသောအမတ်ကို
တီးတိုးပြောလိုက်လေသည်။
"ဘယ်လို အကို အရပ်ဝတ်နဲ့တိုင်း
ခန်းလှည့်မယ်ဟုတ်လား" young saeng တစ်ယောက်သေရည်ငှဲ့ပေးရာ
မှhyun joongကိုမေးလိုက်ခြင်းဖြစ်
သည်။
"ဟုတ်တယ်လေ အပြင်မထွက်
ရတာလည်းကြာပြီ နောက်ပြီးလတ်တ
လောဖြစ်နေတဲ့အခွန်ပြသနာကိုလည်း
စုံစမ်းချင်လို့ မင်းလဲမိဖုရားလီလိုတော့
ငါ့ကိုစိတ်မချဘူးလို့မပြောဘူးမဟုတ်လား" "ကျွန်တော်ကအကို့ကိုစိတ်
ချပါတယ် အကိုကကိုယ့်ကိုယ်ကို ကာ
ကွယ်နိုင်တာပဲကို တစ်ယောက်ထဲ
တော့မသွားနဲ့ပေါ့ အကို့လူယုံရှိတယ်
မဟုတ်လား သူ့ကိုခေါ်သွားလေ"
"အင်း ငါလဲအဲလိုပဲတွေးပါတယ်
မင်းငါမရှိတုန်းနန်းတွင်းကိုဂရုစိုက်ပေးကွာ နော်" "ပြောဖို့လိုသေးလို့လား
ကျွန်တော်တတ်နိုင်သလောက်လုပ်ပေး
မှာပါ စိတ်ချပါ"
"အဲဒါကြောင့်မင်းကိုအားကိုးရတာ
ပေါ့ ရှေးလူကြီးတွေကပြောကြတယ်
ညီအကိုကောင်းမိတ်ဆွေကောင်းရှိတာ
ဟာဘဝမှာအကြီးမားဆုံးဆုလာဘ်ပဲ
တဲ့ ကျေးဇူးပဲကွာ "ဟုပြောရင်း နှစ်ယောက်သားအရက်ခွက်ကိုပြိုင်တူမော့လိုက်လေသည်။.........
အပိုင်း 2 မျှော်
