အပိုင်း ၂
"ရှောင်ချင်း ပြန်လာပြီလား''
''ဟုတ် မား ပြန်လာပြီ မားရော အလုပ်ပြီးခဲ့ပြီလား''
''ညဘက်ပါဆက်ဆင်းရင်ကောင်းမလားလို့တွေးနေတာ သမီးရဲ့စာမေးပွဲကနီးနေပြီမဟုတ်လား''
မိခင်ဖြစ်သူ၏စကားသံက ရှောင်ချင်းရင်ထဲကို ပူလောင်စွာ တိုးဝင်သည်။
''မလုပ်ပါနဲ့ မားရယ် အခုတောင် အရမ်းပင်ပန်းနေတာကို ရှောင်လန်ကတစ်ဖက်နဲ့''
သူ့စကားကြောင့် အမေတစ်ယောက် သက်ပြင်းကိုမသိမသာချသည်။ဖခင်ဆုံးပြီးကတည်းက နဂိုကမှ ကျားကန် ကန်ထားရသော သူတို့အိမ်စီးပွားရေးသည် တစ်စ တစ်စ ယိုယွင်းပျက်စီးလာသည်။ ဒီကြားထဲ မွေးရာပါ နှလုံးမကောင်းသော ရှောင်လန်၏ ကျန်းမာရေးအတွက် ဆေးဖိုးကလဲ အကုန်အကျများလွန်းသည်။မားကတော့ သူတို့ညီအမနှစ်ယောက်ရှေ့တွင် ဘယ်တုန်းကမှ မညည်းညူခဲ့။ ယခုသူမတက်နေသောကျောင်းသည်ပင်လျှင်
ပိုင်လီ၏ကောင်းမှုကြောင့် တက်ခွင့်ရခြင်းဖြစ်သည်။''အခုဘာနဲ့ပြန်လာတာလဲ သမီး bus ကားနဲ့လား''
"မဟုတ်ဘူး မား ပိုင်လီ့အိမ်က ကားနဲ့''
''သူ့ကျေးဇူးတွေမားတို့အပေါ်မှာ များလွန်းနေပြီ ကျေးဇူးရှင်ဆိုတာ ဘယ်တော့မှ မမေ့ရဘူးနော် သမီး''
သူမ လက်ကိုဆုပ်ကိုင်ရင်း ဆုံးမစကားဆိုလာသောမား၏ ရင်ခွင်သည် သူမ အတွက်တော့ မဆုံးနိုင်သည့် ကမ္ဘာကြီးကဲ့သို့ကျယ်ပြန့်လွန်းလှသည်။
''ဟင် ...သမီးကျမခေါ်ဘူး''
နောက်မှ ရောက်နေသော ၁၀နှစ်သမီး ရှောင်လန်၏ အသံကြောင့် သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြုံးမိကြသည်။ ရှောင်ချင်းကိုတစ်ဖက် ရှောင်လန်ကိုတစ်ဖက် ထွေးပွေ့ထားသော မိခင်၏လက်တစ်စုံကို ရှောင်ချင်းကြည့်မိတော့ တစ်နေကုန်အလုပ်လုပ်ထားရ၍ အရေပြားများပင် လန်လို့.....
..........
''မိုးရွာနေတယ်ဟ''
ကျောင်းဆင်းချိန်တွင် ကျောပိုးအိတ်ကို ခေါင်းပေါ်တင်ကာ ကျောင်း၏ ဆင်ဝင်အောက်မှ စက်ဘီးကိုဒုန်းစိုင်း နင်းရန် ကြံသော ယောင်ဆန်း၏ အကျီင်္ကို ထျန်းယွီ အနောက်မှ လှမ်းဆွဲသည်။
![](https://img.wattpad.com/cover/158097277-288-k852768.jpg)