အပိုင်း ၁
နေရာကား တရုတ်ပြည်၏သေးငယ်သော မြို့ငယ်လေးတစ်ခုမှ မိဘမဲ့ဂေဟာတစ်ခု။
''ကျောင်းချိန်နီးနေပြီ အားလုံး ကိုယ့်အဝတ်အစားတွေကိုယ် ကုတင်ပေါ်မှာအစီအစဉ်တကျထားကြပါ''
အဆောင်မှူးကအော်လိုက်သည်နှင့် အယောက်100ခန့်သော အရွယ်မတိမ်းမယိမ်းရှိကြသည့်ကျောင်းသားများက အဝတ်အစားများကိုအစီအစဉ်တကျထားရင်း ကျောင်းသွားရန်ပြင်ကြသည်။
ကျောင်းနှင့်သူတို့နေသည့်ဂေဟာမှာ ၁၅မိနစ်လောက်တော့စက်ဘီးစီးရသည်။
''မနေ့ကဆရာလုပ်ခိုင်းတဲ့စာတွေရပြီလား''
ကျောင်းရောက်တော့ ထျန်းယွီကိုဘေးမှသူငယ်ချင်းကလက်ကုပ်ပြီးမေးသည်။ထုံးစံအတိုင်းသူစာမကျက်ခဲ့။ညက ဘေးအဆောင်မှ ကလေးက ထိန်းမရအောင်ကိုယ်ပူကြီးနေသဖြင့် ထျန်းယွီတစ်ညလုံး မတ်တပ်သိပ်ရသည်။ သူတို့မိဘမဲ့ကျောင်းတွင် အထက်တန်းပထမနှစ်ထျန်းယွီတို့အတန်းကအကြီးဆုံးပင်။စာအဲလောက်မလိုက်နိုင်သော်လည်း ဂေဟာတစ်ခုလုံးအတွက်တော့သူကအားကိုးရသည်။
ကံမကောင်းအကြောင်းမလှ၍မိဘမဲ့ဖြစ်ရသာသူအချင်းချင်းတတ်နိုင်စွာ အကူအညီပေးရန် ထျန်းယွီ ဆုံးဖြတ်ထားသည်။
''ဖြောင်း....ဖြောင်း...ဖြောင်း''
''ဒီနှစ်ရဲ့ တစ်ကျောင်းလုံးပထမကိုလဲ ယောင်ဆန်းကပဲယူနိုင်မယ်လို့ဆရာထင်တယ်''
ထုံးစံအတိုင်း လဝက်စာမေးပွဲတွင် ပထမရသော ယောင်ဆန်းကိုထျန်းယွီလဲဂုဏ်ပြုလက်ခုပ်တီးပေးလိုက်သည်။ ပါးချိုင့် နှစ်ဖက် ပါးဖောင်းဖောင်းနှင့် ယောင်ဆန်း၏ပုံစံက မိဘမဲ့ဂေဟာ ကဟု ထင်ရက်စရာမရှိ။အကြောင်းမသိသူများက ချမ်းသာသည့်အိမ်မှသူဌေးသားဟူ၍ပင်ထင်နိုင်သည်။
'' ဟာ...ဖိတ်ကုန်ပြီ ဟင်းရည်တွေ''
ထမင်းစားချိန်ရောက်ပြီမို့ ယောင်ဆန်း ထမင်းချိုင့်ကိုစားပွဲ ပေါ်တင်ပြီးဖွင့်တော့ အစောပိုင်းကတည်းကစောင့်ကြည့်နေသည့် ခပ်ဆိုးဆိုး ကျောင်းသား သုံးယောက်က ယောင်ဆန်း၏ ချထားသော ထမင်း ချိုင့် ထဲမှ ဟင်းရည်ပါသည့် ချိုင့်ကိုခပ်တည်တည်ဖြင့် ယူသွန်ပစ်သည်။
![](https://img.wattpad.com/cover/158097277-288-k852768.jpg)