2

49.7K 177 4
                                    

ဘဲဘေဘီချစ်တဲ့ ဘဲကြီးဦးဦး® (အပိုင်း ၂)
Writer – Hanlinaung Naing® { NPT-TZ }

ဦးလေး ဦးတင်ထွန်းက သူ့တူလင်းနေကို ဘယ်လိုနေ ဘယ်လိုထိုင်ရမယ်၊ ဟိုမို တစ်ယောက်အဖြစ် လူတွေကြားထဲ မရိပ်မိစေဘဲ ဘယ်လို အိနြေ္ဒတွေ ထားရမယ်၊ ကိုယ်သဘောကျတဲ့ ဘဲကို ဘယ်လိုဆွဲဆောင်ရမယ် ၊ ဘယ်လိုကျွေးရမယ် ဆိုတာ တွေကိုလည်း အထိုက်အလျောက်တော့ သင်ပေးတာပေါ့ …။

လင်းနေက သူ့ တင်ပါးကို ပေါင်းတင်တဲ့အခါ လင်းနေ အသားအရည်က  တခြားလူတွေလို မဟုတ်ဘူး နည်းနည်း အီလာဂျီ (Allegic)  ဖြစ်တတ်တော့ ဓာတု ဗေဒတွေ သိပ်ပါတဲ့ ပေါင်းဆေးတွေ ရှောင်ရတာပေါ့ ။

ပေါင်းဆေးက သဘာဝ ဖြစ်မယ် ဆိုရင်တော့ ပိုကောင်းတာပေါ့လို့ ဦးလေးဦးတင်ထွန်းက လင်းနေကို ပြောပြတယ် ။ ဒါပေမယ့် သဘာဝပေါင်းဆေးစစ်စစ်က မြန်မာပြည်မှာ နည်းပညာနိမ့်တော့ ထုတ်တာ မရှိဘူးတော့ မဟုတ်ဘူး …. ရှားတယ်…။

သဘာဝပေါင်းဆေးစစ်စစ်ဆိုတာက ဂျပန်တို့ ကိုးရီးယားတို့မှာဘဲ ပေါတယ်။ သူတို့က သစ်သီးသစ်ဖုကို အနှစ်လုပ်ပြီး chemical မပါဘဲ ပါလည်း နည်းနည်းပေါ့ ဂလစ်ဆရင် သဘာဝ အလှဆီအရည် အကောင်းစား ၄ မျိုး ၅ မျိုး ရောပြီး အဲ့လို ပေါင်းဆေး ဖန်တီးပြီးလုပ်ထားတာလေဗျ ။ အားနည်းချက်က chemical မပါတော့ တာရှည်မခံဘူးဗျာ။ Expiry Date က တစ်ပတ်ကျော်ကျော်ဘဲရတော့ Export လုပ်ဖို့ မကိုက်ဘူးလေ။ သင်္ဘောပေါ်မှာတင် Date က ကုန်သွားမှာကိုး။ ဒါကြောင့် ဒီကို မ၀င်တာလေဗျာ ..။ နိုင်ငံခြား လေယာဉ်နဲ့ ခရီးသွားတဲ့ ဟိုမိုမိတ်ဆွေ ရှိရင်တော့ လက်ဆောင်ဝယ်လာဖို့ မှာလိုက်ပေါ့ ။

ဒါကြောင့် ဘာပေါင်းဆေးဝယ်ဝယ် မိမိလက်ဖျံကို Homo တို့ နည်းနည်းပွတ်ပြီး အရင်စ သုံးကြည့်ပါ ဘော်ဒါတို့။ အနီကွက်တို့ ယားတာ တို့ မဖြစ်မှ ဆက်သုံးပါလို့ ။ ဘယ်အလှကုန်မဆို အီလာဂျီ (Allegic)  ဖြစ်ရင် နီးစပ်ရာ ဆေးရုံ ဆေးခန်းက အရေပြား ဆရာဝန်နဲ့ ဆက်သုံးသင့် မသုံးသင့် တိုင်ပင်ပါ ကုသပါခင်ဗျာ ။

ဒီတော့ လင်းနေ ည အိပ်ခါနီးရင် မြန်မာ့နည်းမြန်မာ့ ဟန်နဲ့ တစ်ပတ်ကို ၄ ရက်ကို လင်းနေ သူ့တင်ပါးကို သနပ်ခါးပါးပါး လူးပြီး သဘာဝနည်းနဲ့ ပေါင်းတင်ပြီး အိပ်တတ် နေပြီလေဗျာ …။  မနက်မိုးလင်း Toilet ၀င်တော့ ရေပြန်ဆေး လိုက်တယ်။ တင်ပါးက တစ်ညလုံးထွက်တဲ့ အဆီတွေ အဆိပ်တွေကို သနပ်ခါးက စုပ်ယူထားလို့ တင်ပါးလေးကို ကြည်လင်ဝင်းပ နေတာဗျ…။ တင်ပါးက အဆီစုတဲ့ နေရာမို့ အခန့်မသင့်လို့ ထွက်နေတဲ့ တင်ပါးပေါ်က ဆားဝက်ခြံဖုလေးတွေပါ လျော့ပါး သွားတာပေါ့..။

ဘေဘီချစ်တဲ့ ဘဲကြီးဦးဦး (Copy plus)Where stories live. Discover now