Part 4
ပုံပြင်တစ်ပုဒ်ပြီး တစ်ပုဒ်ပြောနေပေမဲ့ အခုထိ မအိပ်သေးတဲ့ ပူတူးလေး
" အိပ်သေးဘူးလား ပူတူးလေး ရယ် ကိုကိုမောလှပြီ "
" ကိုကို kit ကိုကို့ကို ပြစရာရှီတယ် "
" ဘာလဲ ပူတူးလေး "
ခေါင်းအုံးအောက်ကနေယူပြီး ကိုကို့ ကိုပြလိုက်သည်
" ကိုကို ဒီနေရာကို kitကို လိုက်ပို့ပါ့လား "
" ဒီနေရာက တကယ်မရှီဘူး ပူတူးလေး အဲ့ဒါပန်းချီကားထဲမှာပဲ ရှီတာ "
" ကိုကို ကလည်း ပန်းချီဆိုမှတော့ တကယ်ရှီလို့ ဆွဲထားတာပေါ့ လိုက်ပို့ပါနော် "
" ပူတူးလေး ဒီနေရာတကယ်မရှီပါဘူးဆို ကိုကို စိတ်တိုလာပြီနော် အိပ်တော့ "
" ကိုကိုကလည်း ရွှေခဲကပြောတယ် အပြင်လောက ရှီတယ်တဲ့ အပြင်လောကမှာ kitလို အကောင်တွေအများကြီးရှီတယ်တဲ့ "
" ပူတူးလေးက ကိုကိုနဲ့နေရတာ မပျော်ဘူးလား "
" ကိုကိုနဲ့နေရတာ ပျော်ပါတယ် ဒါပေမဲ့ တခါတလေ အသစ်အဆန်းလေးတွေလည်း မြင်ဖူးချင်တာပေါ့ ကိုကိုရယ် လိုက်ပို့ပါနော် "
" ပူတူးလေး အိပ်ပါတော့ ကိုကို မှော်ပညာ မသုံးချင်ဘူးနော် အိပ်တော့ "
" ဟုတ်ကဲ့ ကိုကို "
ပူတူးလေးအိပ်ပျော်သွားတာနဲ့ ကျွန်တော် တောထဲထွက်လာသည် ပြီးတော့ ယူနီကောင်းကိုခေါ်လိုက်သည်
" ယူနီကောင်း မနက်အာရုံတက် မိုးသိပ်မလင်းခင်မှာ မင်းအပေါ်ကို ပူတူးလေး လိုက်စီးမယ် "
" ဟုတ်ကဲ့ မှော်ဆရာလေး "
"လူတွေဘက်ကို မပျံသန်းရဘူး အသက်ဆက် မျက်ရည်ကန်ဘက်ကိုလည်း မသွားရဘူး ခုနှစ်ဆင့်ရေတံခွန်ဘက်ကိုပဲ ပျံသန်းရမယ် သိတယ်နော် "
" ဟုတ်ကဲ့ မှော်ဆရာလေး "
ယူနီကောင်း နတ်မြင်းကိုမှာပြီး ကျွန်တော် ပူတူးလေးနား ပြနိအိပ်လိုက်သည် မနက်မိုးသိပ်မလင်းခင်းထလိုက်ပြီး ပူတူးလေး ကိုချီပြီ ယူနီကောင်းနတ်မြင်းပေါ်တင်ပြီး
أنت تقرأ
ပူတူးလေး { ပူတူးေလး }
قصص عامةမှော်ဆရာလေးရဲ့ ပူတူးတူးလေး { Unicode - Zawgyi } Krist ကျွန်တော်နာမည် krist လေးပါဗျ ဒါပေမဲ့ ကျွန်တော်မွေးကတည်းက ဒီတောအုပ်ထဲရောက်နေတာဗျ ကျွန်တော်သိတာကတော့ ကျွန်တော်မွေးကတည်းက ကျွန်တော်ကို စောက်ရှောက်တဲ့ ကိုကိုက အခုနှစ်၂၀ကျော်ထိ အိုမင်းမသွားပဲ နုပြိုန...