part 3

431 26 0
                                    

Sing ဒီမှာ ငါမှာတာမမေ့နဲ့ မေ့လို့ကတော့ သိတယ်မလား

Krist သိတယ်ပြန်တော့မယ်

ပြန်တော့မယ်ဆိုပေမဲ့ အလုပ်က အားရက်နဲ့ကြုံပေမဲ့ ပြန်ရင်လည်းကြီးမေသိမှာဆိုတော့ ဈေးဘက်ကို ထွက်ခဲ့တယ်

ပိုက်ဆံက သိပ်မရှိပေမဲ့ လူတစ်ယောက်က လမ်းမှားကို မရောက်ပေမဲ့ လမ်းမှားကို ရောက်တော့မည်အဖြစ်ကို မလိုလားတာကြောင့် ဈေးဘက်ကို ထွက်ခဲ့ခြင်းဖြစ်တယ် ဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာ သူကိုတိုင်တောင်မသိဘူးဖြစ်နေတယ် ဒါဘယ်လောက်လဲ
အဲဒါဆိုဒါလေးထည့်ပေးပါ

ဝိုး
ဒီ အကျာင်္ီဘယ်လောက်လဲ
ဈေးကြီးတာ
ဒါကရော ဘောင်ဘီရောယူမှာ
ဘောင်ဘီဆိုတော့ သူဘယ်ဆိုဒ် ဝတ်တယ်ဆိုတာမသိတော့ ခက်နေတယ်
သြော်ဒါနဲ့ free size ရှိလား ဘောင်ဘီထဲက
ရှိပါတယ်
ဒီအကျာင်္ီနဲ့ ဘောင်းဘီ ထည့်ပေးပါ

Sing
အရင်က ငါကြမ်းကြမ်းတမ်းတမ်း လူတွေကို လုပ်တာဘဲ ဒေါသတွေဆိုရင် ပြောမနေနဲ့ ငါ့ကိုမေးခွန်းထုတ်တာလောက်မုန်းတာမရှိဘူး အခု ဒိကောင်လေးက ဘာလဲ ငါ့ဒေါသတွေကရောဘယ်ရောက်ကုန်တာလဲ အခုဒီမှာ ငါပုန်းတယ်ဆိုတာ သူဘဲသိတာ တခြားလူဘယ်သူမှသိမှာမဟုတ်ဘူး မှာနေတယ်ဆိုတာ ငါဘာလို့ဖွင့်ပြောမိတာလဲ သူနဲ့မနေ့ကတွေ့ပေမဲ့ ငါ့စိတ်တွေ တားမရအောင် သူနဲ့တွေ့ချင်နေတယ် နောက်ပြီး ငါဘာကြောင့် သူ့ကို လိုလားတောင်းတနေတာလဲ တစ်ညတည်းမတွေ့တာတောင် ငါဒီလောက်ဖြစ်နေရင် မတွေ့ရဖို့ အလားအလာရှိတယ် ဒါပေမဲ့ အဲ့အချိန်တွေကို ငါဘယ်လိုဖြတ်ကျော်ရမလဲ အရင်က ငါ့နာမည်ကို လျှောက်ပြောတာများတယ် အခု အမှန်တိုင်းဖွင့်ပြောနေတာ ငါဘာဖြစ်တာလဲ သူ့အကြောင်းတွေးရင် ငါဘာလို့ရင်ခုန်နေတာလဲ ငါရူးချင်နေပြီ စဉ်းစားရတာ ခက်တာ ငါရင်ခုန်တာ သူ့ကို ချစ်နေတာလား ဘာကြောင့်လဲ သူ့ထက် ချောတဲ့သူလှတဲ့သူရှိပါရဲ့ သူတို့ကို ရင်မခုန်ဘူး စိတ်မဝင်စားဘူး အခုငါက သူ့ကိုရင်ခုန်တယ် စိတ်ဝင်စားတယ်
ဒါပေမဲ့ ငါက လူဆိုးလူမိုက် သူက ဖြူစင် သူတစ်ယောက် ငါဘာလုပ်သင့်သလဲ
Sing ဘာလာလုပ်တာလဲ
Krist ကျွန်တော် စားစရာနဲ့ အဝတ်လာပေးတာ
Sing နောက်တစ်ခါမလာနဲ့ ငါတစ်ခုခုလုပ်မိမှာစိုးလို့
Krist မလုပ်ဘူးဆိုတာသိလို့လာတာ ဘာဖြစ်လဲ
ဒါပေမဲ့ သူ့ရဲ့ခြေလှမ်းတွေက အရှေ့ရောက်လာတော့ ကျွန်တော်ရဲ့ ခြေလှမ်းတွေက နောက်ဆုပ်နေမိတယ်
ကြည့်ရတာ ခုနက အသွင်နဲ့မတူတော့တဲ့ပုံစံဘဲ

Sing မင်းကိုမလာခိုင်းတာ အကြောင်းရှိတယ်
လက်ကတော့ နံရံထောက်ပြီးနေပြီး လူကတော့ ရုန်းမရတော့ဘူးဆိုတာသိတော့ ဒီအတိုင်းငြိမ်နေမိတယ်
ငါ့စိတ်တွေ ဖွင့်မိမှာစိုးလို့မလာခိုင်းတာ ဒါပေမဲ့ မျက်နှာက ပိုနီးလာပြီးပြောနေတော့ ကျွန်တော့်ရင်ထဲမှာ မိုးချိန်းသလိုဘဲ ရင်ခုန်သံက တဒိတ်ဒိတ်နဲ့ ခုန်နေတာ ရင်ပွင့်သွားမတက်ဘဲ

အဲဒါဆိုဖယ်တော့လေ နောက်တစ်ခါမလာတော့ဘူး ကျွန်တော်က အရင်ကလိုပြောတာ နမ်းမိတာဘဲ သူပြောရင် မနမ်းမိဘူး
ဒါပေမဲ့ သူရဲ့လက်က ထောက်ထားတာမဟုတ်ဘဲ ကျွန်တော့် ခါးကိုင်တာသိတော့ ကြပ်သီးမွေးညင်းတွေထတာပြောမနေနဲ့ ကျွန်တော်က ရုန်းလေ သူကို နမ်းမိသလိုဖြစ်နေ ရုန်းလေနမ်းလေဘဲ သူကတော့ ပြုံးနေတာ ကြည့်ရင်သိနိုင်တယ် နောက်ဆုံး ကျွန်တော့ကိုနမ်းတော့ အစကရုန်းနေပေမဲ့ နောက်ပိုင်းမရုန်းနိုင်အောင် သူရဲ့ အနမ်းတွေအောက်မှာ မျှောနေခဲ့တယ် ကိုင်ထားတဲ့ အထုပ်တွေဆိုရင် အလိုလို လွတ်ကျတယ် နောက်ပြီး ကျွန်တော့်ရဲ့ လက်တွေက သူ့ကို အလိုလို သိုင်းဖက်နေမိတယ် နောက်ဆုံး ကျွန်တော်အသိရလာတော့ သူ့ကိုတွန်းလိုက်မိတယ်

Krist ကျွန်တော်ပြန်တော့မယ်
ပြောပြောဆိုဆိုနဲ့ ပြေးလိုက်တာ အိမ်တမ်းရောက်သွားတယ် ရှက်လည်းရှက်မိတယ်

ကျွန်တော် ချစ်သော ကိုလူဆိုးWhere stories live. Discover now