part 2

549 32 0
                                    

ညက ကြီးမေချောင်းဆိုသံကို တစ်ညလုံးကြားပြီး အိပ်မပျော်ပေမဲ့ ၃နာရီလောက်မှ အိပ်ပျော်ခဲ့တယ်

သားရေ ထတော့ အလုပ်သွားရဦးမှာ

ထပါပြီး ကြီးမေ
သားဒီနေ့အလုပ်မသွားဘူး ကြီးမေကို ဆေးရုံလိုက်ပို့မှာ
ရပါတယ်သားရယ် ဆေးရုံ သွားစရာမလိုဘူး ကြီးမေ အခု ဆေးသောက်ထားတယ် အလုပ်သွားဖို့ပြင်တော့

Krist
ဒါပေမဲ့ အလုပ်ကို ထွက်လာပေမဲ့ စိတ်က ကြီးမေဆီ ရောက်နေတော့ ပတ်ဝန်းကျင်ကို သတိမထားမိဘူး ပတ်ဝန်းကျင်ကလည်း သီခြားသီးခြားနေတာဆိုတော့ လမ်းကလည်း အရမ်းကို ရှင်းနေတယ် ဒါပေမဲ့ အတွေးလွန်ပြီး လမ်းလျှောက်လာတာကြောင့် ဘာကိုမှ သတိမထားမိဘူး

တကယ်လည်းသတိထားမိရော အနောက်ကနေသိုင်းဖက်ထားပြီး  လက်တစ်ဖက်က ပါးစပ်ကို ပိတ်ထားတာ နောက်တစ်ဖက်က ဓားနဲ့ လည်ပင်းကို ချိန်ထားတာ

ငါအခုပြောမယ် မင်းပြောလို့ရအောင် ငါ့လက်ဖယ်ပေးမယ် အော်လို့ကတော့ မင်းအသက် ငရဲရောက်ပြီ ဘယ်လိုလဲ

နောက်ကနေသိုင်းဖက်ထားတော့ လူကရုန်းမရ အော်ရင်လည်း သေဦးမှာ အဲဒါကြောင့် သူရဲ့လက်ကတုန်နေပေမယ့် ပါးစပ်ပိတ်ထားတဲ့လက်ကို ကိုင်လိုက်ပြီး ဖယ်လိုက်တယ်

ခင်များ ဘာလိုချင်လို့လဲ အသက်ကိုချမ်းသာပေးပါ 😭😭😭 ငိုနေတဲ့မျက်ရည်က ဓားပေါ်ကျပေမဲ့  သူက ဓားကို ဖယ်မပေးဘဲ နောက်ကနေ မင်းဆီက လိုချင်တာမဟုတ်ဘူး ငါကမင်းကို ပေးစရာရှိတာ အသံမထွက်ဘဲ လိုက်ခဲ့မယ် ဆိုရင် မင်းမသေဘူး အသံထွက်လို့ကတော့ ဓားကသွေးသောက်ချင်နေတာ ဒီအတိုင်းသွားမယ် ဟိုအရှေ့က ခြံပျက်ကိုသွားမှာ သူကတော့ ကျွန်တော်ခါးကို ဖက်ထားပြီး လက်တစ်ဖက်ကတော့ ဓားနဲ့ ချိန်ထားမြဲဘဲ ဒါပေမဲ့ ကျွန်တော့်ရဲ့လက်တွေက သူသိုင်းဖက်ထားတဲ့ လက်ကို ကိုင်မိနေတယ်

ခြံပျက်ထဲရောက်တော့ အိမ်ကဆွေးနေပေမဲ့ အမိုးက ပွင့်တဲ့နေရာကများတော့ လင်းလင်းထင်းထင်းရှိနေတယ် ဒါပေမဲ့ အပြင်ကကြည့်ရင်မမြင်ရဘူး အိမ်အတွင်းက အပြင်ကိုကြည့်ရင်မြင်ရတယ်

ကျွန်တော် ချစ်သော ကိုလူဆိုးWhere stories live. Discover now