"သူက ငါကောင်မလေးလေ "
ထိုစကားသံတွေဟာ ကျနော့်နားထဲမှာ အဆက်မပြတ်ကြားနေရတယ်
ကျနော့်အတွက် ထိန်းချုပ်ရခက်ခဲ့တဲ့အရာတွေထဲမှာ ရင်ခုန်သံတွေအပြင် မျက်ရည်တွေလည်းပါနေတယ်
မကျပါနဲ့တော့လို့ ပြောနေပေမဲ့ မျက်ရည်တွေဟာ ထိန်းလို့မရ စီးဆင်းလာတယ်"ဦးရက်စက်တယ် "
**တီ တီ**
ဟာ ငိုနေပါတယ်ဆိုမှ ဘောင်းဘီအိတ်ထဲမှာ တုန်ခါလာတဲ့ ဖုန်းကြောင့် စိတ်တိုမိပြန်တယ်contact လေးက *ဦး* တဲ့
"ကလေး ဘယ်ရောက်သွားတာလဲ ပွဲစတော့မယ်"
ဖုန်းကိုင်လိုက်တာနဲ့ ကြားလိုက်ရတဲ့ဦးရဲ့စိုးရိမ်သံတွေဟာ ကျတော့်ကို ပိုပြီးဝမ်းနည်းစေပြန်တယ်
"ကလေး ဘယ်မှာလဲ ဦးလာခေါ်မယ် "
"ကလေး!!!!"
"ကျနော်အခုလာပြီ ဟင့်..."
ရှိုက်သံမထွက်အောင်ပြောလိုက်ပေမဲ့ ဟန်ဆောင်ရတာ သိပ်ပင်ပန်းတယ်
ကျနော် အ၀ငိုပြီး ခန်းမ ထဲကိုပြန်ဝင်သွားခဲ့တယ်
*ထိုနေ့ဟာ ကျနော့်ဖေဖေအတွက် ကတော့ကိုယ်ချစ်တဲ့လူကို ပိုင်ဆိုင်ရပေမဲ့ ကျနော့်အတွက်ကတော့ သိပ်ချစ်ရတဲ့လူကို ဆုံးရှုံး လိုက်ရတာပဲ*
.
.
.
.
."သား အိမ်မှာတစ်ယောက်တည်းအဆင်ပြေတာ သေချာရဲ့လား"
"ဟုတ် ပြေပါတယ် ဖေဖေရယ် အရင်ကလည်းတစ်ယောက်တည်းနေဖူးတယ်လေ"
"အင်းပါ အဆင်မပြေရင် ဘုန်းသစ်ကိုခေါ်ထားနော် "
"ဟင့်အင်းရတယ် ကျနော်အဆင်ပြေတယ်"
ချက်ချင်းဆိုသလို ဖေဖေ့စကားကိုငြင်းလိုက်တော့ ဦးမျက်နှာပျက်သွားတာ တွေ့လိုက်ရတယ်
"ဘုန်းသစ် မင်းအားရင် အားသလို ငါ့သားကို သွားကြည့်ပေးနော် မင်းကလည်း ငါတို့ပြန်ရောက်မှအိမ်ပြောင်းတာမဟုတ်ဘူး,"
"မွှေးက ပြောင်းခိုင်းလိုက်တာ အကိုရဲ့"
ဖေဖေ့ရဲ့မေးခွန်းမကျ စကားကို မွှေးဆိုတဲ့ ဦးကောင်မလေးက ၀င်ဖြေတယ်လေ
YOU ARE READING
ဖေဖေ့သူငယ်ချင်း ကျွန်တော့်ချစ်သူ (Z+U)
Romance၀န်ခံပါတယ် ကျွန်တော် သူ့ကိုမြင်မြင်ချင်းချစ်မိခဲ့တယ် #ဈာန်ဘုန်းမာန် မချစ်ပါနဲ့ ကလေး ကိုယ်ကမင်းဖေဖေရဲ့ သူငယ်ချင်းဖြစ်နေတယ်လေ #ဘုန်းသစ်နိုင် (Yaoi)