Ep(2)(Zawgyi+Unicode)

31.7K 2.1K 97
                                    

*၀ါးးးး*

"အိပ်လို့ကောင်းလိုက်တာ "

"ဘယ်ချိန်၇ှိပြီလဲမသိဘူး"

ကုတင်ဘေးမှာတင်ထားတဲ့ နာရီလေးကို ယူကျိလိုက်တော့ ၅နာရီခွဲ

"၅နာရီတောင်ခွဲပြီပဲ "

ကျတော်လည်း ဖေဖေပြန်လာတာနဲ့ ကျောင်းပိတ်ရက်ကို အိမ်မှာ ကပ်နေရတယ် အပြင်လည်းမထွက်ရဘူး
Clubဆိုဝေးသေး အဲ့ဒါကြောင့် လုပ်စရာမ၇ှိတာနဲ့ နေ့လည်ထဲကအိပ်လိုက်တာ အခုမှနိုးတော့တယ်

*ဂြီ*

"ဗိုက္ဆာလိုက္တာ "

ကျတော်လည်း ရေချိုးခန်းထဲဝင်ကာ ရေမိုးချိုးလိုက်ပြီ
စွပ်ကျယ်နဲ့ဘောင်းဘီတို ၀တ်ကာ အောက်ထပ်ကိုဆင်းလာလိုက်တယ်

*****

အောက်ထပ်ဆင်းလာတာနဲ့ တွေ့ရပါပြီ
ဖေဖေနဲ့ဟိုလူကြီးနဲ့ ထမင်းစားခန်းထဲမှာ စကားလက်ဆုံကျနေတာကို

"ဖေဖေ "

"သားငယ်လေး နိုးလာပြီလား"

"ဟုတ်"
ကျတော်လည်းဖေဖေမေးတာဖြေပြီး ဟိုလူကြီးနဲ့ မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တယ်

"ဒါနဲ့ ဒီလူကြီးက ကျတော်တို့နဲ့နေမှာလား"

"ဘာလူကြီးလဲသား ဦးလို့ရိုရိုသေသေခေါ် "

"ဟုတ်ပါပြီ ဖေဖေရယ်"

"သူကဖေဖေတို့နဲ့အတူနေမှာ သူက ဒီမှာရုံးခွဲဖွင့်မှာဆ်ုတော့ "

"အော ဦးဦးနဲ့ ဖေဖေက ငယ်သူငယ်ချင်းတွေလား"

"အင်းဟုတ်တယ် ဖေဖေ koreaမှာ အလုပ်လုပ်တုန်းကလည်း ဘုန်းသစ်နဲ့အတူနေတာ"

"Oh my god!! ဖေဖေနဲ့သူက "

"အယ် မြင့်မြတ်ရေ မင်းသားကတော့လုပ်ပြီ တလွဲထင်ကုန်ပြီ ဦးတို့ကသူငယ်ချင်းတွေလိုနေတာ"

အခုချိန်ထိ တိတ်ဆိတ်နေတဲ့ လူကြီးက ကျတော့်စကားကြောင့် အသည်းအသန် ပြန်၇ှင်းပြနေပြီ

"အော အဲ့လိုလား ဦးထွန်းရေ သားဗိုက်ဆာတယ် တခုခုလုပ်ပေးပါအုန်း"
ကျတော်လည်း ဗိုက်ဆာလာတာနဲ့ မီးဖိုချောင်မှာ ဟင်းချက်နေတဲ့ ဦးထွန်းကို လှမ်းပြောလိုက်တော့တယ်

ဖေဖေ့သူငယ်ချင်း ကျွန်တော့်ချစ်သူ (Z+U)Où les histoires vivent. Découvrez maintenant